ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံ၊ လယောင်ခရိုင်၊ ပလွှက်ဒန်င်မြို့နယ်ရှိ စက်ရုံသုံးရုံ၌ အလုပ်လုပ် ကိုင်နေသည့် အထောက်အထားစာရွက်စာတမ်းမှန်ကန်မှုမရှိသော မြန်မာနိုင်ငံ သား (၃၀)ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထောက်အထားမှန်ကန်မှုမရှိသော မြန်မာနိုင်ငံသား (၃၀) ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
ပလွှက်ဒန်င်မြို့နယ်၊မာ့ယန်ဖော်ကျေးရွာရှိ စက်ရုံ ၃ ရုံ၌ တရားမဝင်နိုင်ငံခြား သားများ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြောင်း သတင်းအရ ထိုင်းနိုင်ငံ၊ တာ ဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အလုပ်သမားများ၏ အထောက်အထားများကို စစ်ဆေးရာ အလုပ် ရှင်အဟောင်းမှ အလုပ်ရှင်အသစ်ထံ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြောင်း စာ ရင်းမရှိသည့် မြန်မာနိုင်ငံသား (၂၅) ဦးနှင့်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိ သည့် မြန်မာအလုပ်သမား (၅) ဦး၊ စုစုပေါင်း (၃၀) ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန် ပလွှက်ဒန်င်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
https://thainews.prd.go.th/th/news/detail/TCATG230208151616242
ขอบคุณภาพ-ข่าวระยอง



