ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့အမှု အမိန့်မချဖြစ်ဘဲ လာမယ့်အပတ်ကို ရွှေ့ဆိုင်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ နိုဝင်ဘာ၃၀ရက်မှာ နေပြည်တော်အထူးတရားရုံးအပြီးသတ်အမိန့်ချဖို့ရှိပေမယ့် အမိန့်မချဖြစ်ဘဲ လာမယ့် အပတ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
အဲဒီအမှု ၂မှုကို ဒီဇင်ဘာ ၆ ရက်ကိုပြန်လည်ရွှေ့ဆိုင်းခဲ့သလို နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ အမှုကိုစစ်ဆေးခဲ့ပါတယ်။ အဲဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ အမှုဖြစ်ပြီး စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခံပြသက်သေအဖြစ်တင်ထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ဆေးဖို့နဲ့ပတ်သက်ပြီး ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးကောင်းမွန်တယ်လို့ ဥပဒေအကြံပေးရဲ့ အကြောင်းကြားချက်ရှိလို့ မန္တလေးအိုဘိုထောင်ကနေ နေပြည်တော်ကိုလာရောက်သက်သေထွက်ဆိုဖို့ ဆင့်ခေါ်စာ အသစ်ထုတ်ပြီးစစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဆင့်ခေါ်စာအသစ်လျှောက်ထားမှုနဲ့ပတ်သက်ပြီးတော့လည်းလာမယ့် ဒီဇင်ဘာ ၆ရက်မှာအမိန့်ချဖို့ ဆုံးဖြတ်ထားပါတယ်။
ဓာတ်ပုံ- Getty Images
ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59386969

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s