မီးမြင့်မိုရ်ပွဲ နှင့် ဘုရားအဖြစ်ဆုပန်သူများနေ့

ကျွန်တော်တို့ဗုဒ္ဓဘာသာဘာဝင်များဖြစ်သော မြန်မာနိုင်ငံသား လူမျိုးအသီးသီးတို့သည် ရောက်လေရာ အရပ်တွင် ချစ်စရာဓလေ့ထုံးတမ်းအဖြစ် ကုသိုလ်အလှူဒါန ပြုကြခြင်းနှင့် ရိုးရာယဉ်ကျေးမှု အထိမ်းမှတ် ပွဲတော်ကို အခွင့်အခါ သင့်တိုင်း ကျင်းပပြုလုပ်ကြလေသည် ယခုကျွန်တော်တို့နေထိုင်သော ထိုင်းနိုင်ငံသည် ရွှေ့ပြောင်း မြန်မာအလုပ်သမား အများဆုံးနေထိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အား လျှော်စွာ မြတ်ဗုဒ္ဓကို သက်ဝင်ယုံကြသည့် နိုင်ငံထဲပါဝင်ကြခြင်းကြောင့် ထိုင်းနိုင်ငံသားများနှင့်ပူးပေါင်းကာ ဘာသာရေး အခမ်းနား ပွဲများ မကြာခဏကျင်းပပြုလုပ်ကြသဖြင့် ကျွန်တော်တို့နေထိုင်ရာ စမွတ်ဆာခွန်ခရိုင် မဟာချိုင် မူစီရပ်ကွပ်တွင်းရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် 2010 ခုနှစ်မှ စတင်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN နှင့် အနှိုင်းမဲ့နာရေးကူညီမှုအသင်းတို့မှ ဦးဆောင်ကာ ရပ်ကွက်နယ်မြေ အသီးသီးရှိ သာရေးနာရေးအသင်းဖွဲ့များတို့ နှစ်စဉ်နှစ်တိုင်း ထိုင်း/ မြန်မာ ရဟန်းတော်များအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲတော်ကျင်းပပြုလုပ်ခဲ့ကြသလိုအခြားသော ဘာသာရေးဆိုင်ရာ ပွဲတော်များလည်း စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြသဖြင့် ဝါဆိုပြီးပြန်တော့ သီတင်းကျွတ်လ အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲတော်အတွက် ထက်မံပြင်ဆင် ကြရင်း လုပ်ဖော်ကိုင်ဖက် ကောင်လေး ကောင်မလေးတွေကသီတင်းကျွတ်လတွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးထွန်းပွဲ ပြုလုပ်ခြင်း နောက်ရဟန်းသံဃာများ ပဝါရဏာပြုလုပ်ကြခြင်း အကြောင်း ကို ရှင်းပြရန် တောင်းဆိုကြသဖြင့် သိသလောက်မှတ်သလောက်လေးကို ရှင်းပြရင်းစာဖတ်မိတ်ဆွေ လူငယ်များအား လည်းပြန်လည် မျှဝေပေးလိုပါတယ် မည်သည့်အကြောင်းကြောင့် မီးထွန်းခြင်းနှင့် မီးပုံးပျံလွှတ်တင်ကြသည် ကိုတော့ အများအားဖြင့် သိကြမည်ဟု ယူဆမိသော်လည်း အနည်းစုအားဖြင့် မသိကြသေးသည့် စာဖတ်လူငယ်များအတွက်ထက်မံမျှဝေပေးလိုက်ပါတယ်….။ “ ကိုနောင်နောင် ကျွန်တော်တို့ကို မီးပုံလွှတ်တဲ့အကြောင်းလေးအရင်းရှင်းပြပါ’’ ဟုကောင်လေးတစ်ယောက်ကဆိုသဖြင့် ကျွန်တော်သည်လည်းပဲ မီးပုံးပျံလွှတ်တင်ခြင်း အကြောင်းကို အခုလိုရှင်းပြပါတယ်..။
“ အေးကွယ့် တို့မြတ်ဗုဒ္ဓဘုရားရှင်သည် တိတ္ထိတို့ကို ရေမီးအစုံစုံဖြင့် တန်းပြာဋိဟာ များပြပြီး ကျွတ်ထိုက်သင့်သူများကို တရားဟောပြီး သံသရာဝဲဂယက်မှ ကျွတ်လွတ်အောင် ကယ်တင် ပေးခဲ့ပြီး နောက် မယ်တော်ဖြစ်ဖူးသော သန္တုဿိတနတ်သားအားကျေးဇူးဆပ်ခြင်းနှင့် နတ်ဗြဟ္မာများအား အဘိဓမ္မာတရားဟောကြားဖို့ရန်အတွက်တာဝတိ ံသာနတ်ပြည်သို့ကြွတော်မူပြီးနောက်မြတ်စွာဘုရားရှင်ဟာ တာဝတိ ံသာနတ်ပြည်မှ နိမ္မိတဆိုသည့် ရုပ်ပွားတော်ကို မိမိကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလ ပတ် လုံး ဟောကြားတော်ခဲ့ပြီး သီတင်းကျွတ် လပြည့်နေ့ ညနေချမ်းကာလမှာ တာဝတိ ံသာနတ်ပြည် ကနေ လူ့ပြည် သင်္ကဿနဂိုရ်ပြည်ကို ဆင်းအလာ လပြည့်ဝန်း နဲ့အတူ ဤတွင်ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး ပူဇော်ကြသဖြင့် ဆီမီးအရောင်ကလည်း စုံလင်ကြ သလို သိကြားမင်းကလည်း ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်းသုံးခုကို ဖန်ဆင်း လှူဒါန်းတယ်ကွယ့် အဲဒီပုံကို မျက်လုံးထဲနေမြင်ကြည့်စမ်းပါ ဘယ်လောက်ကြည်နူးဖွယ်ကောင်းလိုက်မလဲ အဲဒါကို ပန်းချီဆရာများက ပုံစံမျိုးစုံဖြင့်ရေးချယ်ကြတာကိုမြင်ဖူးကြမယ်ထင်တယ်။ “ဟုတ်ကဲ့မြင်ဖူးပါတယ်” ဟု အများစုကဖြေကြလေသည်။ ဘုရားရှင်၏ လက်ယာဘက်၌နတ်တို့ကရွှေစောင်းတန်းဖြင့်၊ လက်ဝဲဘက်၌ ဗြဟ္မာများက ငွေစောင်းတန်း ဖြင့် ခြံရံလျက်အရှင်မြတ်ကဗဟိုပတ္တမြားစောင်းတန်းဖြင့် ကြွဆင်းတော်မူလေသည်။ ပဉ္စသိင်္ခနတ်သားသည် ဗေဠုဝနတ်စောင်းတီးလျက်၊မာတလိနတ်သားကလည်းပန်း၊နံ့သာအမွှေးအကြိုင်တို့ကိုကိုင်စွဲလျက်၊သုယာမနတ်မင်းသည် စာမရီသားမြီး ယပ်တောင်ကိုခတ်လျက်၊ သန္တုဿိတနတ်မင်းသည် ပတ္တမြားယပ်ဝန်းကိုခတ်လျက်၊သိကြားမင်းသည်ဝိဇယုတ္တရခရုသင်းကိုမှုတ်လျက်၊လက်ဝဲဘက်တွင် သဟံပတိဗြဟ္မာကြီးကထီးဖြူဆောင်းမိုးပူဇော်လျက်အသီးသီးပူဇော်ကာသက်ဆင်းလိုက်ပါလာကြတယ် လူ့ပြည်အရောက်စောင်းတန်းဦး၌ လက်ယာခြေတော်မချမီပင် ရှင်သာရိပုတ္တရာမထေရ်သည် ဗုဒ္ဓမြတ်စွာကို ဦးစွာရှိခိုးပူဇော်လေသည်။ ထိုနောက်ပရိသတ်တို့ကမြတ်စွာဘုရားကိုရှိခိုးပူဇော်ဖူးမြော်ကန်တော့ကြလေသည်။စောင်းတန်းဦးခြေတော်ချရာသည်နောင်အခါ “အစလစေတိယဌာန” ဟုအမည်တွင်လေသည်။ အဲဒီအချိန်လေးအတွင်းမှာ မြင်လိုက်ရသည့် မြင်ကွင်းကို ဘယ်လိုမှကို မယုံကြည်နိုင်အောင် မျက်တောင်ပင်မခတ်ကြတော့ပဲ တိတ်ဆိတ်စွာ ငြိမ်သက်နေကြပြီး လူသားအပေါင်းတို့သည် ဘုရားအဖြစ်ကိုရာနှုံးပြည့်လိုချင်ကြတယ်ကွယ့်” “ မီးပုံးပျံလွှတ်ခြင်းအကြောင်းကတော့ တာဝတိ ံသာနတ်ပြည်မှာရှိသည့် ဘုရားအလောင်းတော်ဘဝက ဆံတော်ကိုပယ်ပြီးနောက်ကောင်းကင်သို့လွှတ်တင်စဉ်က သိကြားမင်းရွှေကလာပ်ဖြင့်ဆံတော်ကိုခံယူပြီး စူဠာမဏိစေတီကိုတည်ထားကိုးကွယ်ခဲ့တယ် ထိုစေတီကိုမှန်းမျှော်ပြီးနောက် မီးပုံးများဖြင့် ပူဇော်သည် ဟုလည်း ပြောကြတယ်ကွယ့်..။ဟုပြောပြသဖြင့် ကောင်မလေးတစ်ဦးက “အဲဒါဆို ကျွန်မတို့လုပ်နေတဲ့အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကရော ရှင်းပြလို့ရမလား ” ဟုဆိုသဖြင့် ဆက်လက်ပြီး ဆရာကြီးအဌာပုံစံနဲ့ “ အဟမ်း အဲဒါကလည်း အစောကပြောပြသလိုပဲ ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသည့်နတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားဟောနေသည့် ဝါတွင်းကာလ အတွင်း လူသားတစ်ဦးဖြစ်သည့်အတွက် အနားယူဖို့လိုအပ်သလို အစာအဟာရဖြည့်ဆည်း ဖို့လည်းလိုအပ်တယ်လေ” ဟင်ဘာဆိုင်လို့လဲ ဟု ကောင်လေးတစ်ယောက်က အတွန့်တက်လာသဖြင့် ကျွန်တော်ကပဲ နေပါဦးလေ မပြီးသေးဘူး ကွယ့် ’’ အဲဒီတော့ နတ်ပြည်ကို နိမ္မိတ ရုပ်ပွားတော်ထားခဲ့ပြီး တရားကိုဆက်လက်ဟောကြားစေခဲ့ပြီးဘုရားရှင်ကိုယ်တော်တိုင်ကတော့ နတ်ပြည်တွင်ဟောတော်မူပြီး သော တရားတော်တို့ကို လူ့ပြည်သို့ ဆင်းတော်မူပြီး ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ကိုယ်တော်
မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြား သင်ပြတော်မူရင်း ဆွမ်းဘုန်းပေးခြင်း အနားယူ ရေသပ္ပယ်ခြင်းပြုလုပ်တယ်ကွယ့် ဒီလိုနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ လူ့ ပြည်ကို ပြန်လည်းဆင်းသက် ကြွမြန်းခဲ့တဲ့ အထိမ်းအမှတ် အဖြစ်နဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါတယ်။ ဒါနဲ့ ဘုရားက ဘာဖြစ်လို့ အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာမဟောပဲ နတ်ပြည်မှာဟောတာလဲ ဟု ဂျစ်ကန်ကန်နှင့် ဘေးကနေ နားထောင်ပြီး စကားဝိုင်ထဲ ဝင်မလာသည့် ကောင်လေးတစ်ယောက်၏ အမေးကြောင့် အနီးနားရှိ လူတွေ ရဲ့ မျက်ဝန်းအစုံက ထိုကောင်လေးစီ တန်းစီနေကြသည်။ ကျွန်တော်ကတော့ထိုသူကိုတစ်ချက်ကြည့်ပြီး “ ဟုတ်ကဲ့ စိတ်ဝင်စားရင်လာလေ ပြောပြပေးမယ်” ဟုဖိတ်ခေါ်လိုက်သဖြင့်ထိုသူလည်းအလိုက်သိသိ အနားတိုးလာကာ ဝင်ထိုင်လိုက်သည်။ ကျွန်တော်ကဆက်လက်ပြီး စကားဝိုင်းကိုဆက်ပါတယ် …အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ဝါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟောကြားမှ ပြီးပြည့်စုံ အောင် ဟောကြားနိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင်တည်း တနေရာ တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာဟောကြားတာဖြစ်တယ် ဘုရားရှင်ကိုယ်တော်တိုင် လူသားစစ်စစ်ဖြစ်နေခြင်းကြောင့် နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ်လေးပါး ညီညွတ် မျှတအောင် တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော်တာကွယ့်’’ “ အဲ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကလည်း သူ၏တည့် ရဟန်း ငါးရာကို တစ်ခါပြန်လည်ပြီး မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ် သင်ကြားပေးတဲ့ အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့လို့ခေါ် ရ ဆိုခြင်း ဖြစ်ပါတယ်” “ ဒါနဲ့ အရှင်သာရိပုတ္တရာက တပည့်ငါးရာတည်းကိုပဲ ဒီအဘိဓမ္မာတရားဟောတာလား ဟုတ်တယ်ဆိုရင် ဘာဖြစ်လို့ လဲ အခြားသူကိုရော ဘာဖြစ်လို့မဟောတာလဲ” ဟု အတွန့်တက်တဲ့သည့်ကောင်လေးကပဲ ထက်မံမေးပါတယ်..ကျွန်တော်ကလည်းသက်ပြင်းတစ်ချက် မသိမသာချပြီး ထပ်မံပြီးရှင်းပြရပြန်တာပေါ့..။ “ အော်ဘုရားရှင်တို့လက်ထက်ကလူတွေထက် တို့တွေက ကုသိုလ်ကံကောင်းပါတယ်ကွယ် အဘိဓမ္မာတရားကို တို့တွေနားလည်နိုင်သည့်ဘာသာဖြင့် ဟောကြားတဲ့ ဆရာကောင်းသမားတွေ လည်းရှိတယ် နားလည်းနိုင်သည့် အသိဉာဏ်တွေလည်းရှိကြတယ် အခုလည်း တို့တွေ ဒီအဘိဓမ္မာပွဲအတွက် တက်နိုင်သည့်ဘက်က ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်လေ..၊
ဒီတော့ အရှင်သာရိပုတ္တရာ၏တပည့်တွေက ဆုတောင်းကောင်းခဲ့ကြသလို အဘိဓမ္မာတရားကိုလည်း နာထိုက်သူများလည်းဖြစ်ကြတယ်ကွယ့်” “ အဲဒီတပည့်ငါးရာက ဟိုးလွန်ခဲ့သော ကဿပဘုရားရှင်လက်ထက်မှာ ဂူတစ်ဂူထဲမှ ကိန်းအောင်နေသော လင်းနို့ သားငါးရာဖြစ်ခဲ့ကြတယ်ကွယ့် သူတို့တွေက ရဟန်းတစ်ပါးဟောကြားသည့်တရားကို နားထောင်မိကြပြီး တရားဟူသောအသိမရှိပေမယ့် နားထောင်ကောင်းလိုက်တာဟူသောအသိက အားလုံးနီးပါးရှိကြသည့်အတွက် အနှောက်ယှက်ပေးခြင်း ဆူညံခြင်းမရှိခဲ့ကြပါ ထိုကုသိုလ်ကံ ဘုရားရှင်လက်ထက်မှ ရှင်သာရိပုတ္တရာ၏တပည့် ငါးရာဖြစ်ခဲ့ကြပြီး အဘိဓမ္မာတရားကို အခြားရဟန်းတွေထက် ဦးစွာ နာကြားခွင့်ရကြတယ်” “ ဟုတ်ပါပြီ အဲဒီအဘိဓမ္မာက ကျွန်တော်တို့ဒီပွဲမှာကျင်းပပြုလုပ်ကြတာတစ်ရက်တည်းနဲ့ပြီးတာကို ဘုရားက ဘာဖြစ်လို့ ဝါတွင်းသုံးလလုံးလုံး ဟောကြားရတာလဲ နောက်ပြီး အဲဒီအဘိဓမ္မာ ကဘာတွေလဲ သိရင် ထက်မံပြီးရှင်းပြပေးဖို့ တောင်းဆိုတယ်” ဟု အမှန်တကယ်သိလိုမှုဖြင့် မေးလာသည့် စကားကြောင့် ကျွန်တော်ကလည်း “ ကောင်းပြီလေ ကျွန်တော်သိတာ ကို တော့သိသလောက်ရှင်းပြမယ် မသိတာကို တော့ သိချင်တာကိုမှတ်ထားပြီး နောက်နောင်ကြုံရင်လည်း ပြန်လည်ရှင်းပြတာပေါ့ ကျွန်တော်လည်းသိရတာပေါ့ ဟုတ်ပြီလား ” ဟုဆိုပြီး အဘိဓမ္မာမှာ (၇)ကျမ်းရှိတယ် ၁။ ဓမ္မသင်္ဂဏီကျမ်း(၁၂) ရက်၊ ၂။ ဝိဘင်းကျမ်း(၁၂) ရက်၊ ၃။ ဓာတုကထာကျမ်း(၆) ရက်၊ ၄။ ပုဂ္ဂလပညတ်ကျမ်း(၇) ရက်၊ ၅။ ကထာဝတ္ထုကျမ်း(၈) ရက်၊ ၆။ ယမိုက်ကျမ်း(၂ဝ) ရက်၊ ၇။ ပဋ္ဌာန်းကျမ်း_ (၂၅) ရက်_ ပေါင်းရက်(၉ဝ) ကြာ ဟောတော် မူခဲ့ပါသည် ဟု သေချာစဉ်းစားပြီးတော့ မိမိ အဘိဓမ္မာသင်ကြားခဲ့စဉ်က မှတ်ထားသမျှလေးကိုရှင်းပြလိုက်သည်။ အေးဗျာ့ ကျေးဇူးပဲဗျာ ကျွန်တော်က အဘိဓမ္မာရွတ်ဖတ်ကြသည့်လူငယ်အဖွဲ့များဖြစ်ပြီး ဒီလိုအသိတွေ များစွာသိဖို့လိုအပ်တယ် ’’ ဟုပြောဆိုသလို ကျွန်တော်ကလည်း ထိုသူကို ပြန်လည်ပြီး “ အေးကွယ် ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ် ဒီလိုမမေးရင်လည်း ကျွန်တော်အထိုက်သင့်လောက်ပဲ ပြောမိမယ် အခုတော့ အကြောင်းရာစုံသွားတော့ ကျွန်တော်သည်လည်း အသိပိုကြွယ်သွားတာပေါ့ဟုပြောဆိုကာ စကားဝိုင်းကိုရုတ်သိမ်းပြီး အလုပ်ကိုယ်စိလုပ်ကိုင်ကြဖို့ လူစုခွဲကြလေသည်။

နောင်နောင် တောင်ပေါ်သား

Leave a comment