VOABurmese သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အမှုတချို့ လွတ်ငြိမ်း သက်သာခွင့်ပြု
နေပြည်တော် အကျင်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ပြစ်ဒဏ်တချို့ကနေ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီ သတင်းတွေမှာ ကြေညာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၁၉ မှုထဲက အမှု ၅ မှုအတွက် ပြစ်ဒဏ်တွေကို လွတ်ငြိမ်း သက်သက်ခွင့် ပြုလိုက်တာ ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့် အပေါ် စွပ်စွဲထားတဲ့ အမှု ၈ မှုထဲက ၂ မှုကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
အလားတူ သမ္မတ ဦးဝင်းမြင့်ကိုတော့
ရာဇဝတ်မှုကြီး ၃၅/၂၀၂၁ ၅၀၅(ခ)၊ ရာဇဝတ်မှုကြီး ၃၇/၂၀၂၁ – သဘာဝဘေး ဥပဒေတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အထဲက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ဖော်ပြပါတယ်။
ဝက်ဘ်ဆိုက်တွင် ကြည့်ရှုရန် – https://burmese.voanews.com/a/7206238.html?nocache=1
