တရားမဝင်များကို တရားဝင်ပြုလုပ်ပေးမည့် ပန်းရောင်ကဒ်ပြုလုပ်ရန် အမည်စာရင်းတင်သွင်းရန် အစိုးရထုတ်ပြန်ကြေညာထား

မတိခေါရောမော ဆိုတာဘာလဲ ဘာအတွက်ပြဌာန်း ဘာကြောင့်ပြဌာန်း ဘာလုပ်ခိုင်းတာလဲ

#ဘာလုပ်ခိုင်းတာလဲ? #

#ဘယ်လိုလုပ်ရမလဲ?

#ဘယ်သူ‌တွေကစာရင်းသွင်းလို့ရလဲ?

#လုပ်ဆောင်ရမည့်ဆင့်ဆင့်က ဘာတွေလဲ?

ဘယ်သူတွေ တင်သွင်းခွင့်ရပြီး ဘယ်အုပ်စုရှိလဲ အကြမ်းအားဖြင့်သုံးအုပ်စုရှိမယ်

#အုပ်စု ၁.

၁. တရားမဝင် နိုင်ငံထဲ ဝင်ရောက်လာသူ နှင့် မှီခို ကလေးများ(နိုင်ကူးမရှိ)

၂. တရားမဝင် နိုင်ငံထဲ ဝင်ရောက်လာသည့် (နိုင်ကူးရှိ) စာရွက်စာတမ်းပြုလုပ်ပြီး ပြည်ဝင်ခွင့်မတောင်းခဲ့သူ

ဘယ်နိုင်ငံသားတွေက စာရင်းတင်လို့ရလဲ

ထိုင်းနိုင်ငံသားမဟုတ်သည့် နိူင်ငံခြားသား လာအို ကမ် မြန်မာတို့ဖြစ်ကြပါတယ်

#အုပ်စု

၁. (အလည်) ဗီဇာဖြင့် ဝင်လာပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၍ နေထိုင်ခွင့်ဗီဇာသည်လည်း 5 ဇူလိုင်မတိုင်ခင် ကုန်ဆုံးသူ

၂. အလုပ်သမားဗီဇာရှိ အဲမ်အိုယူ သက်တမ်းက 5 ဇူလိုင်မတိုင်မီကုန်ဆုံးသူ

၃. အလုပ်သမားဗီဇာရှိ ပါမစ်ရှိသက်တမ်းက 5 ဇူလိုင်မတိုင်မီကုန်ဆုံးသူ

အုပ်စု ၃.

၁.ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသည့် ကက်ဘိနက်ပြဌာန်းချက်ဖြင့်၂၉ ဒီဇင်ဘာ ၂၀၂၀ ခုနှစ် ၂၈ စက်တင်ဘာ ၂၀၂၁ ခုနှစ် ၅ ဇူလိုင် ၂၀၂၂ ခုနှစ် သက်တမ်းကုန်ဆုံး၍ မဆက်ထားသူ

၂. ဗီဇာရ ပါမစ်ကုန် သို့ ကျဲ့အောက်သေ နေသူများနှင့် ၅ ဇူလိုင် ၂၀၂၃ ခုမတိုင်မီ ပြီးစီးအောင် မဆောင်ရွက်သူ

#စာရင်းသွင်းလို့မရသူတွေရှိလား ဘယ်သူတွေလဲ?

၁ .အလည်ဗီဇာဖြင့် 5 ဇူလိုင်မတိုင်မီ ဝင်လာပြီး အလုပ်လုပ်ရန်ဆန္ဒရှိ နေထိုင်ခွင့်ဗီဇာသည်က 5 ဇူလိုင်နှောင်းပိုင်း ကုန်ဆုံးသူ(မရ)

၂. အလုပ်သမားဗီဇာရှိ သက်တမ်းက 5 ဇူလိုင် နှောင်းပိုင်း ကုန်ဆုံးသူ(မရ)

၃. ဗီဇာနှင့်ပါမစ် 13 ဖေဖော်ဝါရီ မတိုင်ခင်ရပြီး 67/68 တွင်သက်တမ်းကုန်မည့်သူ (မရ)

#အဆင့်ဆင့်များ

1) အလုပ်ရှင်မှ အွန်လိုင်းစနစ်ဖြင့် အလုပ်သမားအမည်စာရင်းတင်သွင်းရန် (https://shorturl.asia/ZHft9) သို့မဟုတ် ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အတွင်း အလုပ်အကိုင်ရှာဖွေရန်ခန့်ထား‌ရေးဌာနထံသို့ တင်သွင်းရန်။

2) ဇူလိုင်လ ၃၁ ရက် ၂၀၂၃ ခုနှစ် အထိ အလုပ် လုပ်ကိုင်ခွင့်ပြုထားသည်။

၃) ပြင်ဆင်ရမည့် စာရွက်စာတမ်းများ

၃.၁) အလုပ်ရှင်၏နိုင်ငံသား မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မိတ္တူ အစရှိသည့် အလုပ်ရှင်သက်သေခံစာရွက်စာတမ်းများ။

၃.၂) အဖြူရောင်နောက်ခံရှိသော အလုပ်သမားဓာတ်ပုံ ဦးထုပ်မဆောင်းထားသည့် မျက်နှာတည့်တည့်နှင့်ယဉ်ကျေးသောအဝတ်အစားကို ၀တ်ဆင်ထားပြီး ရှင်းရှင်းလင်းလင်းမြင်နေရသည့်ဓာတ်ပုံတစ်ပုံဖြစ်ရပါမည်။

၃.၃) ရွှေ့ပြောင်းအလုပ်သမားများ၏ နေ့၊ လ၊ မွေးသက္ကရာဇ်၊ နိုင်ငံသား

၃.၄) ရွှေ့ပြောင်းအလုပ်သမားများ၏ အမည်နှင့် မျိုးရိုးအမည်၊ ထိုင်းနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့်

၃.၅) အခြားလူများကို ကိုယ်စားလွှဲပြောင်းဆောင်ရွက်စေပါက တာဝန်ပေးအပ်ခြင်းဆိုင်ရာ အာဏာလွှဲပြောင်းစာ ပူးတွဲတင်ပြရမည်ဖြစ်သည်။

Leave a comment