၂၈ဖေဖော်ဝါရီ၂၀၂၃ MWRN ဟတ်ယိုင်
ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီခရိုင် ပင်လယ်ငါးဖမ်းလှေတစ်ခုတွင် ပြီးခဲ့သည့် ၃၁၊၃၊၂၀ဝ၂ ခုနှစ်က နာလပ်ပရာဆက် ငါးဖမ်းစက်လှေပေါ်မှ ငါးသိုလှောင်ခန်းတွင်း ရက်အတော်ကြာ ပိတ်ခံထားရသည့်မြန်မာနိုင်ငံသား ၃ ဦး အောက်ဆီဂျင်ပြတ်ပြီး အသက်ရှုကြပ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားခဲ့သည့်အမှုကို ရွှေ့အလုပ်သမားအခွင့်အရေးကွန်ရက်
MWRN(ဟတ်ယိုင်)ရုံး နှင့် Raks ThaiFoundation (ပါတနီ) တို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီးသေဆုံးခဲ့
သည့်အလုပ်သမား၃ဦးအတွက် ထိုက်သင့်သည့် လျော်ကြေးရရှိစေရန် ပါတနီမြို့ ပကန်ဆာခူမ်ရုံးတွင် ကျန်ရစ်သူမိသားစုတို့နှင့်တကွအမှုဖွင့်တိုင်ကြားထားခဲ့သည်။
လူမှုဖူလုံရေးဌာနမှ စာရွက်စာတမ်းတွေ စီစဉ်ပြီးသည့်နောက်
ယနေ့ ၂၈/၂/၂၀၂၃ခုနှစ်ပါတနီမြို့ ပါကန်ဆာခူမ်ရုံးတွင် ပါတနီခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး (ဖိုးဝ) ကိုယ်တိုင်ရောက်လာပြီး သေဆုံးသူတို့အတွက် လျော်ကြေးငွေတစ်ဦးလျင် ၇၈၈,၇၆၀ ဘတ်နှုန်းဖြင့်သေဆုံးသူ ၃ ဦးအတွက်စုစုပေါင်း ၂၃၆၄,၄၈၀ ဘတ် ပေးအပ်သည်။
ထိုလျော်ကြေးကို အမွေစားအမွေခံအဖြစ် တင်ပြထားသည်မှာ
၁။ အမွေဆက်ခံသူ မစ္စတာ ငယ်ပြည့်ချေ
၂။ အမွေဆက်ခံသူ မစ္စတာရီ
၃။ အမွေဆက်ခံသူ မစ္စတာကျော်၀င်းမောင် တို့ဖြစ်ကြသည်။
ဤလျော်ကြေးပေးအပ်သည့်အစီစဉ်တွင် လူမှုဖူလုံရေးအရာရှိ မစ္စ ကန်ချနတ်ဆစ်သီချိုင်း၊ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေးမှူး၊Raks ThaiFoundationမှ ၀န်ထမ်းနှင့်၊ မြန်မာစကားပြန် ပါတနီခရိုင် လူမှုဖူလုံရေးရုံးမှ ဝန်ထမ်းများ၊ တို့မှ သက်သေအဖြစ်ပါ၀င်ခဲ့ကြပြီး ပါတနီခရိုင် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ
တွင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Southhotnews.com



