ဇန်နဝါရီ ၁၉ ရက်၊
ထိုင်းနိုင်ငံကို တရားမဝင်ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပန်းရောင်ကဒ်(ဘတ်ကဒ်)ကတစ်ဆင့် CI စာအုပ်ပြုလုပ်ဖို့ နောက်ဆုံးရက်ကို မေလ ၁၅ ရက်အထိ သက်တမ်းတိုးတယ်လို့ ထိုင်းအစိုးရက ဇန်နဝါရီ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
ယခင်က CI ပြုလုပ်ဖို့ကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ နောက်ဆုံးထားပြုလုပ်ရမယ်လို့ သတ်မှတ်ထားပေမယ့် CI စခန်းတွေပိတ်ထားတာကြောင့် သတ်မှတ်ရက်မှာ အလုပ်သမားတွေ ပြီးဆုံးအောင်လုပ်နိုင်ဖို့ မသေချာတာကြောင့် အခုလိုမျိုး သက်တမ်းတိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
“ အစက ဖေဖော်ဝါရီမှာ မလုပ်လိုက်နိုင်မှာ စိုးရိမ်နေတာ အဲ့ဒါကြောင့် ပွဲစားတွေဆီ စုံစမ်းကြည့်တော့လည်း တောင်းတဲ့ငွေတွေက ဘတ် သောင်းဂဏာန်းဆိုတော့ အဆင်မပြေဘူးဖြစ်နေတာ။ ဒီသတင်းကြားတော့ ဝမ်းသာတယ် ” လို့ မဟာချိုင်မှာနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မခင်ကျော်က ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကဒ်(ဘတ်ကဒ်)နဲ့ CI ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ နေထိုင်သွားလာခွင့် အထောက်အထား စတာတွေကို ပြုလုပ်ထားကြဖို့ ထိုင်းနိုင်ငံ အစိုးရက ကြေညာထားပါတယ်။
Migrant Times
Source – https://www.facebook.com/permalink.php?story_fbid=pfbid0oquY3E8NozdzQkYQLSbtb1hJxYVuVKofhkWCftpsUZEJB9Ve2cp4hvgUbmCXdS3pl&id=108460187306739

