မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေ

မယ်လဒုက္ခသည်စခန်းတွင် ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေ

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည် စခန်းတွင် ယနေ့ ညနေ ၅နာရီခန့်မှစကာ ယခုညနေ ၇ နာရီခွဲကျော်အချိန်ထိ ဆန္ဒပြမှုဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။

စခန်းရှိ ထိုင်းအာဏာပိုင်ဖြစ်သူ (ပလာ) က နှာခေါင်းစည်း (မာ့ခ်) မတပ်ထားသည့် ဆိုင်ကယ်စီးနင်းလာသည့် စခန်းသားနှစ်ဦးအား ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ဆိုင်ကယ် သိမ်းဆည်းမှု ဖြစ်စဉ်ဖြစ်ပွားရာမှ ယခုလို ထောင်နှင့်ချီသည့် ပြည်သူများ ဆန္ဒပြမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ဆန္ဒပြမှုအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက” အဲလို ဖြစ်စဉ်အပြီး ဆိုင်ကယ် သိမ်းလိုက်တယ်။ ပြည်သူက မကျေနပ်ကြတော့ လူစုပြီး ဆန္ဒပြတာ၊ သူ့ရုံး(ပလာ)ရှေ့မှာ သွားဆန္ဒပြကြတာ အခုထိ အသံကြားနေရတုန်းပါပဲ။ “ဟု ကေအိုင်စီသို့ ပြောသည်။

နောက်ဆုံးရရှိသည့်သတင်းအရ စခန်းရှိ ထိုင်းလုံခြုံရေးဂိတ်များကို ဆန္ဒပြ ပြည်သူ များက လိုက်လံ ဖြိုဖျက်မှုများ လုပ်ဆောင်နေကြ၍ ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ဘက်ကလည်း သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ကြသည်ဟု သိရသည်။

” စခန်းသူစခန်းသားတွေကတော့ ဒေါသ အထွဋ်အထိပ်ရောက်နေတဲ့ အနေအထားရောက်နေကြပြီ။ မွန်းကြပ်နေတဲ့စိတ်တွေ ပေါက်ကွဲလာတဲ့ သဘောမျိုးဖြစ်တယ်။ ထိုင်းဘက်ကလည်း အဆက်မပြတ် သေနတ်ဖောက်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ရှိတယ်။ အတိအကျတော့မသိရဘူး။”ဟု မယ်လစခန်း ဇုံ A၊ ရပ်ကွက် ၁တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာအဝေးရှိ မယ်လဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် ၄သောင်းခန့် ခိုလှုံလျက်ရှိသည်။
Photo_KIC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s