၃၁.၃.၂၀၂၂ သက်တမ်းကုန်စာအုပ် အုပ်စုများအတွက် သက်တမ်းတိုးရမည့် ပုံစံများ ။

၃၁.၃.၂၀၂၂ သက်တမ်းကုန်စာအုပ် အုပ်စုများအတွက် သက်တမ်းတိုးရမည့် ပုံစံများ ။

👁️‍🗨️ မြန်မာဘက်စာအုပ်သက်တမ်းနှင့် ဗီဇာ သက်တမ်းကုန်နေ
သောစာအုပ်များအနေဖြင့် ဝေါ့ပါမစ် တမျိူးထဲ သက်တမ်းတိုး
ထားရမည် ။ စာအုပ်နှင့် ဗီဇာသက်တမ်း ကုန်နေသော်လည်း ဝေါ့ပါမစ်ရှိပါက ၁.၈.၂၀၂၂ အထိတရားဝင်နေခွင့်ပေးထားပါ
သည် ။ ဝေါ့ပါမစ်အား ၁၃.၂.၂၀၂၃ အထိ သက်တမ်းတိုးပြီးမှ စာအုပ်အသစ်လဲပြီးဗီဇာထုပါက ၁၃.၂.၂၀၂၃ အထိ ဗီဇာ ထုပေးမည်ဖြစ်ပါသည် ။

မှတ်ချက် ။
👉မြန်မာဘက်သက်တမ်းကုန်နေသောစာအုပ်များ ဗီဇာထုရန်
မလိုအပ်ပါ ။ ဗီဇာ အတု များ ၊ ခေါမူ မရှိသည်များ နှင့် ကြုံရတတ်ပါသည် ။

👁️‍🗨️ ၁.၁.၂၀၂၁ မှစပြီး ဝေါ့ပါမစ်သက်တမ်းကုန်နေသူများ ၊ သူဌေးနာမည်မတူသူများ ၊ ဘိုင်ကျဲ့အော့သက်တမ်းကုန်နေသူများ ၊ သူဌေးဟောင်းမှ လာအော့ ၊ ကလပ်ဘန်း ၊ ယိုင်းငန် ရေးလိုက်
သောကြောင့် သူဌေးပြောင်းမရသူများ အနေဖြင့်သူဌေးအသစ်နှင့် ဝေါ့ပါမစ်ကို ၁၃.၂.၂၀၂၃ အထိ သက်တမ်းတိုးထားရမည် ။

မှတ်ချက် ။
👉 ဝေါ့ပါမစ်သက်တမ်းမကုန်သေးသူများ ၊ သူဌေးအဟောင်းမှ ကျဲ့အော့ထုတ်ထားဖို့လိုပါသည် ။ ကျဲ့အော့မထုတ်ထားပါက အသစ်ထပ်လုပ်၍မရပါ ။ မိမိအားကျဲ့အော့စာရွက် ပေးသည်
ဖြစ်စေ မပေးသည်ဖြစ်စေ သူဌေးမှကျဟာငန်ရုံးတွင် ထုတ်
ထားရမည်ဖြစ်ပါသည် ။
👉 ၃၁.၁၂.၂၀၂၁ မတိုင်ခင်တွင်သူဌေးအသစ်နှင့်ဝေါ့ပါမစ်အပြီး
လုပ်ထားရမည်ဖြစ်ပါသည် ။

👁️‍🗨️ စီအိုင်စာအုပ် ကို အနီလဲပေးသော ရုံးမှာ မဟာချိုင် ထလေထိုင်းစီအိုင်ရုံးတွင်ဖြစ်ပါသည် ။ ရုံးမဖွင့်သေးပါသဖြင့်စာအုပ်လဲမရသေး ၊ ထုတ်မရသေးပါ ။ ဗီဇာကုန် သက်တမ်းကုန်စာအုပ်များစိတ်ပူစရာမလိုပါ ။ ဝေါပါမစ်ကိုသာ သက်တမ်းတိုးထားရန်လိုအပ်ပါသည် ။ ၁.၈.၂၀၂၂ အထိ စာအုပ်သက်တမ်းကုန် ဗီဇာသက်တမ်းကုန် များအား အဖမ်းအဆီးမရှိနေခွင့်ပေးထားပါသည် ။

👁️‍🗨️ စီအိုင် မှ စီအိုင် လဲရန် ရုံးများမှာ မဟာချိုင် စမုပရာကန် ချွန်ဘူရီ ချင်းရိုင်းနှင့်ရနောင်း တို့တွင်ဖွင့်မည်ဟုကြားထား
ရသော်လည်း မဖွင့်သေးပါ ။

👁️‍🗨️ အမ်အိုယူ သက်တမ်းကုန်စာအုပ်များ လုံးဝ စာအုပ်အသစ်
လဲမရသေးပါ ။

👁️‍🗨️ စာအုပ်အနီများ မြန်မာသံရုံးတွင် တရက် လူ ၁၀၀ ခန့် နေ့စဉ်လဲပေးနေပါသည် ။ နောက်ပိုင်းတွင် ပတ်စပို့ရုံးဖွင့်ပြီး
အသစ် လဲပေးမည်ဟုသတင်းကြားထားရသောကြောင့် စျေးကြီးပေးပြီး သွားလဲရန်မလိုအပ်ပါ ။ ၁.၈.၂၀၂၂ အထိ ထိုင်းဘက်မှ နေခွင့်ပေးထားသည့်အတွက် ပတ်စပို့ရုံးဖွင့်သည့်
အချိန်အထိ စောင့်ရန်အချိန်ရှိပါသည် ။

မှတ်ချက်။
👉 လက်ရှိတွင် မြန်မာသံရုံးမှဝန်ထမ်းများသည် ခယူရောင်းစား
နေသောသူများနှင့်ပေါင်းပြီးလုပ်စားနေသောကြောင့် ၈၀၀ ဘတ်
တန် စာအုပ်အခွံတအုပ်ရရန် ၂၅၀၀ မှ ၃၅၀၀ ခန့်အထိ ပေး
ထုတ်နေကြရပါသည် ။

👁️‍🗨️ ၂၀၂၁ မတိုင်ခင်ကထဲက ဝေါ့ပါမစ်သက်တမ်းကုန်နေသူများ ၊ ကျဲ့အော့သက်တမ်းကုန်နေသူများ ၊ အထောက်အထားမရှိသော လူသစ်များ ဘတ်ရိုက်ပေးပါသည် ။

မှတ်ချက် ။
👉 လူသစ်များသိထားသင့်သည်မှာ အလုပ်ကိုအရင် ရအောင်
ရှာပြီး အလုပ်ရှင် သူဌေးနှင့်သာဘတ်ရိုက်သင့်ပါသည် ။ သူဌေးငှါးပြီးဘတ်ရိုက်ပါက ဘတ်ပန်းရောင်ကတ်မရမချင်း
အလုပ် ဝင်မရသလိုသူဌေးပြောင်း၍လဲ မရသဖြင့်ဘတ်ကတ်
ရချိန်အထိ အခန်းတွင် အလုပ်မလုပ်ရဘဲထိုင်စောင့်နေရမည်
ဖြစ်ပါသည် ။ ဘတ်ကတ် ရမည့်အချိန် မသေချာပါ ။

👁️‍🗨️ စာအုပ်သက်တမ်းကုန်နေသူများအနေဖြင့်စာအုပ်အသစ်
လဲရန်အတွက် စိတ်ပူပင်စရာ မလို ဘဲ ဝေါ့ပါမစ်ကိုသာ
သက်တမ်း တိုးထားကြစေချင်ပါသည် ။ ယခုအချိန်တွင် အလောတကြီး စာအုပ်အသစ်လဲကြပါက စစ်ကောင်စီအား စာအုပ်ဖိုးငွေဖြင့်ထောက်ပံ့ပေးရာရောက်ပါသည် ။ စာအုပ်သက်တမ်းကုန် ဗီဇာ သက်တမ်းကုန် စာအုပ်များအား ထိုင်းအစိုးရမှ ၈ လ ပိုင်းအထိ တရားဝင်ပေးနေထားသည့်
အတွက် စိတ်အေးအေးဖြင့် အခြေအနေကိုစောင့်ကြည့်ပြီးမှ
သာ စာအုပ်အသစ်လဲကြစေချင်ပါသည် ။

👁️‍🗨️ စကစ အား စာအုပ်ဖိုးပိုက်ဆံ မပေးချင်သူများအနေဖြင့် စိတ်ပူပင် တတ်ပါက ဘတ်သစ်ဝင်ရိုက်ထား၍ရပါသည် ။ မိုးခိုင်#

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s