နှစ်လကျော်ကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပြန်ဖွင့်

မနက်၆နာရီကတည်းက လူတန်းရှည်နဲ့ တန်းစီနေ

ရန်ကုန်၊ မန္တလေးအပါအဝင်နယ်မြို့တစ်ချို့မှာ ရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေကို ဒီကနေ့စက်တင်ဘာ ၁၃ ရက်မှာစတင်ဖွင့်လှစ်လိုက်ပြီလို့ ပတ်စပို့စ်ရရှိရေးဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတွေကပြောပါတယ်။

” နေပြည်တော်ကနေ စာထုတ်တယ်လို့ကြားပြီးကတည်းက ဖွင့်မယ်ဆိုပြီးရုံးထဲကသတင်းရတာပါ။ မနက်၆နာရီကတည်းက လူတန်းရှည်ကြီးစရှိနေတာ၊ အခုမနက်ခင်းမှာတင်တန်းစီနေတဲ့လူက ၆၀၀ ကျော်လောက်ရှိနေပြီ” ပတ်စပို့စ်ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတစ်ခုကဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင်နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေကို နှစ်လကျော်ကြာပိတ်ထားတဲ့အတွက်ရုံးပိုင်းဆိုင်ရာအပြောင်းအလဲ၊ ငွေကြေးအပြောင်းအလဲ နဲ့တခြားအခက်အခဲတွေအပြောင်းအလဲတွေကိုတော့မသိရသေးဘူးလို့ ပတ်စပို့အတွက် ဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတွေကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းမပေါ်ရှိတဲ့ ပတ်စပို့စ်ရုံးမှာ လူရာချီတန်းစီနေပြီး လုံခြုံရေးတပ်ဖွဲ့တွေအများအပြားက စောင့်ကြည့်လုံခြုံရေးယူနေတာကိုတွေ့ရတယ်လို့ရုံးအနီးအနားရှိနေသူတွေကပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – CJ
ဒီသတင်းနဲ့အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-58396049

Leave a comment