ထိုင်းနိုင်ငံ မဟာချိုင်မြို့မှ မြန်မာလုပ်သားများက NUG နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖေါ်
https://t.me/TachileikNewsAgency/12367
*****
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့မှ မြန်မာလုပ်သားများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
(၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်စာရင်းတင်သွင်းထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အာဏာသိမ်းအဖွဲ့က တင်သွင်းထားသည့် ကိုယ်စားလှယ်တို့အား Credentials Committee ဖြင့် ရွေးချယ်မည်ဖြစ်သည်။
Facebook: https://bit.ly/2XfnIzS
Instagram: https://bit.ly/2YQvKzO
Youtube: https://bit.ly/3hnyXgs
Telegram: https://bit.ly/3z3UYXY
#TachileikNewsAgency






