စကစက စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ ပုံ သက်သေပါပဲ ဖမ်းထားတဲ့သူအပေါ် ဒီလို လုပ်လို့မရပါဘူး၊ ICJ ကို တိုင်ကြားနိုင်တဲ့ သက်သေ ဓါတ်ပုံပါ။
လိုင်းပေါ် ပြန့်နှံ့လာတဲ့ ဒီပုံထဲက ကလေးတွေဟာ ဒီမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကလေး (၂)ယောက်ပါ။ အားလုံးပြောနေကြသလို PDF တွေ မဟုတ်ပဲ တိုက်ပွဲကြောင့် စစ်ရှောင်နေကြတဲ့ ကလေး (၂)ဦးသာ ဖြစ်ပါတယ်။
ဒေသခံတွေ၊ ဆွေးမျိူးနီးစပ်သူတွေနဲ့ ရွာရဲ့အကြီးအကဲတွေ အတည်ပြုချက်အရ ဒီကလေး (၂) ယောက်ဟာ စံပြ (၆)မိုင်ကျေးရွာကဖြစ်ပြီး စက်တင်ဘာလ (၈) ရက်နေ့မှာ ရွာ ကိုခန ပြန်ရင်း စစ်တပ်က ဖမ်းဆီးတာကို ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရပါတယ်။ ခုချိန်မှာ ဖမ်းဆီးခံထားရတဲ့ အဆိုပါ ကလေး (၂)ဦးဟာ အသက်ရှင်နေသေးလား သေဆုံးသွားပြီလားဆိုတာကိုတော့ အတည်ပြုလို့ မရကြသေးပါဘူး။ ပြီးတော့ ဒီပုံဟာ ဘယ်ကနေဘယ်လို ပြန့်နှံ့လာလဲဆိုတာလည်း မသိရပါဘူး။ ဒီကလေးတွေက PDF တွေ မဟုတ်ပဲ စစ်ရှောင်နေကြတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေသာ ဖြစ်ပါတယ်။
ဒါဟာစကစတွေက ဖမ်းထားတဲ့သူအပေါ်စစ်ရာဇဝတ်မှုကို ကျူးနေတဲ့ပုံသက်သေ ဖြစ်ပါတယ်။
DVB မှာလည်း ဒီလိုဖော်ပြထားပါတယ်
လက်သုံးချောင်းထောင်လူငယ် ၂ ဦးပုံ ငွေတောင် ခလရ ၁၀၂ ဝင်းထဲ ဖြစ်ခဲ့ဟုဆို
DVB
အာဏာရှင်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ပြီး နှိပ်စက်ခံဒဏ်ရာတွေနဲ့ ဒူးထောက်ကာ ကြိုးတုပ်ဖမ်းဆီးထားတဲ့ ကရင်နီလူငယ် ၂ ယောက်ပုံကို စတင်ဖြန့်ဝေခဲ့တာက ဒီးမော့ဆိုမြို့နယ် ငွေတောင်မှာရှိတဲ့ ခလရ ၁၀၂ တပ်ဝင်းထဲမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီငွေတောင် ခလရ ၁၀၂ ဝင်းထဲမှာ အခြေပြုပြီး ကွပ်ကဲညွှန်ကြားသူက တပ်မ ၆၆ တပ်မမှူးဖြစ်ပြီး အခုဖြစ်စဉ်ကို တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၄ က စစ်သည်အရာရှိတွေက အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
