အသက် ၂ နှစ်အရွယ်ထိုင်းကလေးငယ်ကို လိုဏ်ဂူဝတွင်ပစ်ထားခဲ့ဟု မြန်မာအမျိုးသားထွက်ဆို

အသက် ၂ နှစ်အရွယ်ထိုင်းကလေးငယ်ကို လိုဏ်ဂူဝတွင်ပစ်ထားခဲ့ဟု မြန်မာအမျိုးသားထွက်ဆို

စက်တင်ဘာ ၈ ရက်၊ ၂၀၂၁

အသက် ၂ နှစ်အရွယ်ထိုင်းကလေးငယ်ကို တောစောင့်နတ်တောင်စောင့်နတ်ထံ ယဇ်ပူဇော်ရန် ရွာနှင့် ၃ ကီလိုမီတာခန့်ကွာဝေးသည့် လိုဏ်ဂူဝတွင်ပစ်ထားခဲ့သည်ဟု မြန်မာအမျိုးသားထွက်ဆို။

အသက် ၁ နှစ် ၁၁ လသာရှိသေးသည့် ထိုင်းကလေးမ “နောင်းကျီနာ့” ကို တောစောင့်နတ်တောင်
စောင့်နတ်ထံယဇ်ပူဇော်ရန် ခိုးယူပြီး ရွာနှင့် ၃ ကီလိုမီတာခန့်ကွာဝေးသည့် လိုဏ်ဂူဝတွင် ပစ်ထားခဲ့သည်
ဟု အသက် ၄၄ နှစ်အရွယ်မြန်မာအမျိုးသားက ထွက်ဆိုသည်။

ကလေးငယ်ကိုလိုဏ်ဂူစောင့်နတ်ထံယဇ်ပူဇော်ရန် တောစောင့်နတ်တောင်စောင့်နတ်ကပြောလာသည့်
အသံကိုကြားရ၍ ချင်းမိုင်ခရိုင်၊ မယ်တဲမြို့နယ်၊ အင်ထခင်းကျေးရွာအုပ်စု၊ မူ-၁၆ နှင့် ၃ ကီလိုမီတာခန့် ကွာဝေးသည့်လိုဏ်ဂူဝသို့ခေါ်ဆောင်သွားပြီး ပစ်ထားခဲ့သည်ဟု ဆိုသည်။

အဆိုပါထိုင်းကလေးမသည်ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ ညနေစောင်းအချိန်တွင် အိမ်မှပျောက်ဆုံး
သွားခဲ့ပြီး ရဲနှင့်သစ်တောပူးပေါင်းတပ်ဖွဲ့မှ ရဟတ်ယာဉ်ဖြင့် ၃ ရက်ကြာလိုက်လံရှာဖွေခဲ့ရသည်ဟု သိရှိရ
သည်။

ထို့နောက် အိမ်အဝင်အထွက်ရှိသည့် ကလေးမဖခင်နှင့်ရင်းနှီးသူ မြန်မာအမျိုးသားကို ခေါ်ယူစစ်ဆေးရာ
မှ ကလေးမကိုယဇ်ပူဇော်ရန်ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့သည်။

Ref: เดลีนิวส์
Photo : เดลีนิวส์

#Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Englishpremierleague #Postbykyawkyawoo

အထူးသတိပေးချက်။။ ။
မိမိတို့ရဲ့အရွယ်မရောက်သေးတဲ့သားသမီးငယ်များကို မျက်စေ့အောက်ကအပျောက်မခံကြပါနဲ့ ၊ မည်မျှပင်ရင်းနှီးကျွမ်းဝင်နေပါစေ အိမ်ကိုဝင်ထွက်သွားလာသူတွေနဲ့စိတ်ချပြီးမထည့်လိုက်ကြဘို့သတိထားပြုဆင်ခြင်ကြသေချင်ပါတယ် ။
..

Photo #Credit

#SiThuMaung #น้องจีน่า #เจอแล้ว

Leave a comment