ရွှေဆိုင်လုယက်ပြီးရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာထိုင်းရဲဖြစ်နေ


.
၂၀၂၁ စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီခွဲခန့်က ထိုင်းနိုင်ငံ နခွန်ရတ်ချစီမာခရိုင်၊ ပါ့ချောင့်မြို့ရှိ ပါ့ချောင့် BigC အတွင်း ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်အား Foodpanda Rider ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ဦးက သေနတ်ပြပြီး ဝင်ရောက်လုယက်မှု ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
.
အဲဒီဖြစ်စဉ်မှာ ရွှေဆိုင်ပိုင်ရှင် အသက် ၃၉ နှစ် မစ္စတာ Ditthawat Reangtham က သေနတ်သမားအလစ်မှာ ဝင်ရောက် လုံးထွေးသတ်ပုတ်ခဲ့ရာက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်း နီးစပ်ရာ ပြည်သူ တွေက ဆေးရုံသို့ အမီပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ‌ရွှေဆိုင်ပိုင်ရှင်ဟာ အသက်ရှင်ခဲ့ရတယ်လို့သိရပါတယ်။
.
“ကာဖျူးအမိန့် ဖြေလျော့တဲ့နေ့မှာပဲ အခြားဆိုင်တွေနည်းတူ ကျွန်မတို့ရွှေဆိုင်လည်းဖွင့်ခဲ့တာပါ…ဆိုင်က ည ၈ နာရီမှပိတ် မှာဆိုတော့ လုယက်မှုအဖြစ်ခင်ထိ လူအရမ်းပါးတာကြောင့် ဆိုင်ကဝန်ထမ်းတွေနဲ့ စကားပြောဆိုနေရင်း Foodpanda Rider ဝတ်စုံဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ ဆိုင်ကယ်အနောက်က အစားအသောက်ထည့်တဲ့ အိတ်ကိုကိုင်ဆောင်ကာ ကျွန်မတို့ရွှေဆိုင်ကိုဦးတည်ဝင်လာတာပါ။ ရောက်ရောက်ချင်း ကျွန်မတို့ကို သေနတ်နဲ့ချိန်ပြီး ရွှေတွေကို အိတ်ထဲထည့် ခိုင်းပါတယ်။ တစ်ချိန်တည်းမှာ အငွေ့ဖြစ်စေတဲ့ ဓာတုတစ်မျိုးထည့်ထားတဲ့ ကော်ဗူးတစ်ဗူးကို သေနတ်သမားက မှန်ပေါ်တင်ပြီး မီးရှို့ခဲ့ပါတယ်” လို့ လုယက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဆိုင်ဝမ်းထမ်း အမျိုးသမီးတစ်ဦးက မီဒီယာကို အခုလိုပြောပြပါတယ်။
.
အဲဒီနောက် ရွှေဆိုင်ပိုင်ရှင်ဟာ သေနတ်သမားအလစ်မှာ အနောက်ကနေ ဝင်ရောက် လုံးထွေး သတ်ပုတ်ခဲ့ရာက သေနတ်သမားပစ် လွှတ်လိုက်တဲ့ ကျဉ်ထိပြီးရွှေဆိုင်ရှေ့မှာပဲ လဲကျသွားခဲ့တာပါ။ ရွှေဆိုင်ပိုင်ရှင်လဲကျသွားတာနှင့် တစ်ပြိုင်နက် သေနတ်သမားဟာ ရွှေထည့်ထားတဲ့အိတ်ကို သယ်ဆောင်ပြီး Honda Wave အဖြူရောင်ဆိုင်ကယ်မောင်းနှင်ကာ တိမ်းရှောင်သွားခဲ့ပါတယ်။
.
ဒီတစ်ခေါက်လုယက်မှုမှာ ရွေတစ်ကျပ်သားနှင့် ၁ မတ်သား၊ ၂ မတ်သားထည့်ထားတဲ့ ရွှေဗန်း ၆ ခုထဲကရွှေတွေပါသွားခဲ့ တယ်လို့သိရပါတယ်။
.
လုယက်မှုဖြစ်ပွားပြီးနောက်နေ့ ၂၀၂၁ စက်တင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ခန့်မှာ သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့တယ် လို့ သတင်းတွေမှာ ရေးသားဖေါ်ပြခဲ့ပါတယ်။
.
သေနတ်သမားကို CCTV မှတ်တမ်းဖြင့် နယ်မြေခံရဲတပ်ဖွဲ့က ခြေရာခံဖမ်းဆီးခဲ့တာဖြစ်ပြီး အခုထိတော့ ဘာကြောင့် လုယက်မှု ကျူးလွန်ခဲ့ရတာလဲဆိုတာကို သေနတ်သမားက ဝန်ခံပြောဆိုခြင်းမရှိသေးပါဘူး။
.
ဒီနေ့ နေ့လည်ပိုင်းမှာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
.
ဝင်းထက် – MML
Ref : เรื่องเล่าเช้านี้/thairath
.
#Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife

Leave a comment