သြဂုတ်လ ၂၀ ရက်နေ့ ၂၀၂၁
.
တရုတ်နိုင်ငံမှာရောက်နေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကိုရဲကဖမ်းပြီး ပင်လယ်စာစက်ရုံတစ်ခုတွင် လုပ်အားခမရဘဲ ညှင်ပန်းနှိပ်စက် လုပ်ခိုင်းနေတယ်ဟု TachileikNewsAgency ကဖော်ပြထားပါတယ်။
.
တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်အတွင်းမှာရောက်နေတဲ့ မြန်မာလုပ်သားတွေ ပြောတာကတော့ “ကျွန်တော်တို့ လက်ရှိ တရုတ်ပြည်ကြီးထဲမှာ တရားမဝင်အလုပ်သမားတွေပါ။ အယောက် (၁၀၀) ကျော်လောက်ရှိတယ်။ ရဲတွေနဲ့ တရုတ်သူဌေးတွေနဲ့ပေါင်းပြီး ရဲ ဖမ်းတဲ့ ပုံစံလုပ်ပြီး ပိုက်ဆံမရှင်းပေးဘဲ အလုပ် လုပ်ခိုင်းနေတာပါ။
.
ကျွန်တော်ကတော့ အဲဒီကနေ ထွက်ပြေးလာနိုင်တာပါ။ ဒါပေမဲ့လည်း အခုထိ ရဲတွေက လိုက်ရှာနေတုန်းပါပဲ။ ကုမ္ပဏီက သူဌေးတွေက ရဲပိုင်တော့ တရုတ်ပြည် ဆန်းတုန်းဘက်က မြန်မာတွေကို လှည့်ပတ်ဖမ်းပြီးမှ ပိုက်ဆံမပေးဘဲ အလုပ်ခိုင်းထားတာ (၃) လကျော်ပြီ။ အဲဒီကုမ္ပဏီက ရေထွက်ပစ္စည်းတွေ ဂျပန်ကိုပို့တဲ့ ကုမ္ပဏီပါ။”ဟု အဆိုပါစက်ရုံမှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးထံက သိရပါတယ်။
.
နန်းရှီးပင်လယ်စာစက်ရုံတွင် အလုပ် လုပ်နေရသည့် ရာနှင့်ချီသော မြန်မာလုပ်သားများသည် ဆန်းတုန်းပြည်နယ်ဘက်တွင် တရားမဝင်ရောက်လာကာ အလုပ် လုပ်ရန်ကြိုးစားစဉ် ရဲကဖမ်းဆီးပြီး ပို့ဆောင်ခံရသူများဖြစ်ကြောင်း သိရပါတယ်။
.
စက်ရုံအတွင်းမှာလဲ နေမကောင်းဖြစ်သူတချို့နဲ့အစာအိမ် ရောဂါဖြစ်ပြီး အရိုးပေါ်အရေပြားတင်ပိန်တဲ့သူတွေလဲ မနားရဘဲအလုပ်လုပ်နေကြရပါတယ်။ အတင်းအကျပ်အလုပ်ခိုင်းတယ်။
.
စက်ရုံထဲမှာ အလုပ်သမားခေါင်းဆောင်မြန်မာကအလုပ်မလုပ်ရင် ကျင်စက်နဲ့တို့တယ်။ သူတို့က လစာထုတ်တဲ့အချိန်ကျတော့ မြန်မာပြည်ပြန်ရင် ပေးမယ်၊ ပေးမယ် အဲဒီလိုပဲပြောပြီးတော့မှ တစ်ချို့လူတွေဆို ကားပေါ်ပဲ ဒီတိုင်းတင်ပေးလိုက်ပြီးတော့မှ ပိုက်ဆံက တစ်ပြားမှ ရှင်းမပေးဘူး။ “ဟု မြန်မာရွှေ့ပြောင်းလုပ်သားက ဆိုသည်။
.
အဲဒီနေရာကတော့ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆန်းတုန်းပြည်နယ်မှာ ကိုရီးယား (၂) နှစ်နိုင်နှင့် ဂျပန်နိုင်ငံနယ်စပ်တို့တွင်ရှိသည့် ဒေသဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများသည် မိုးကုတ်မြို့မှ အလုပ်ခေါ်ပေးသည့်ပွဲစားအချိတ်အဆက်ဖြင့် ချင်းရွှေဟော်မှတစ်ဆင့်ဝင်လာကာ ဆန်းတုန်းဘက်သို့ ရောက်သွားကြခြင်း သိရပါတယ်။
.
ကိုချစ် ဇွဲကပင်မြေ
Ref: TachileikNewsAgency
.
#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #Samutsakhonakorn #betterlife #PostbyKoChit #BKK #covid19thailand #ထိုင်းရောက်မြန်မာများအတွက်သတင်းထူး
