Chanthaburi ခရိုင်တွင် Coronavirus 2019 (Covid-19) ၏ကူးစက်ရောဂါအခြေအနေသည်ပိုမိုပြင်းထန်လာလျှက်ရှိသည်။
အထူးသဖြင့် Rayong ခရိုင်နှင့်နီးကပ်လျှက်ရှိနေသလို Rayong ခရိုင် ရယောင်မြို့ရှိ Charoen Pokphand Foods Public Company Limited မှာ လူပေါင်း ၁,၅၀၀ ဦးခန့်သည်လည်း ကိုဗစ်ရောဂါကူးစက်ခံရသည်ဟုသိရှိရသည်။
ထိုစက်ရုံသည်ခန့်မှန်းခြေအားဖြင့်ထိုင်းနိုင်ငံသား ၁၀၄၀၀ ခန့်၊ ရွှေ့ပြောင်းအလုပ်သမား ၅၀၀ ခန့်၊ နေထိုင်လုပ်ကိုင်ကြပြီး အချို့ သောထိုင်းလူမျိုးများမှာ Chanthaburi ခရိုင်တွင်နေထိုင်ကြပြီး အလုပ်လာရောက်လုပ်ကိုင်ကြသူများလည်းဖြစ်သည်။
အလုပ်အကိုင်နှင့် ကျန်းမာရေးအခြေနေကြောင့် ကမ္ဘောဒီးယားနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားအချို့တို့သည်လည်း နေရပ်ပြန်လိုသဖြင့် Chanthaburi တွင်ရောက်ရှိလာပြီးနောက် အခြေနေအကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်သို့မပြန်နိုင် သေးပဲ
ထိုဒေသတွင် ပိတ်မိ၍နေထိုင်လျှက်ရှိသည်။
ထို့ကြောင့် Chanthaburi ခရိုင်မှ Rayong ခရိုင်သို့ အသွားအပြန် အ၀င်အထွက် သွားလာသည့်ပြည်သူများကိုစောင့်ကြည့်စစ်ဆေးရန်အတွက် ဗဟိုကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်တားဆီးရေးဌာနမှ ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျေးရွာအကြီးအကဲများအားအထူးအသိပေးတောင်းဆိုထားသည်။
သံသယ လူနာအဖြစ် သို့မဟုတ် အထက်တွင်ဖော်ပြခဲ့သောစက်ရုံနှင့်ဆက်စပ်မှုရှိသူတို့အားတွေ့ရှိရပါက ၎င်းဒေသရှိခရိုင်ကျန်းမာရေးမြှင့်တင်ရေး ကူးစက်ရောဂါကာကွယ်တားဆီးရေးဌာနကိုအကြောင်းကြားပါရန်။
အထက်ပါစက်ရုံသည် စားသောက်ကုန် ဖြစ်သည့်အသားများ ကြက်သားများ ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပသို့တင်ပို့ရောင်းချသည့်စက်ရုံဖြစ်သည်နှင့်အညီ အခြားသောပြည်တွင်းပြည်ပသို့ ကိုဗစ်ရောဂါပြန့်ပွားခြင်း ကိုဗစ်ပိုးတွယ်ကပ်၍ပါခြင်းများမဖြစ်ရန်အလွန်အရေးကြီးသည်။
လက်ရှိအချိန်တွင်အလုပ်သမား 266 ဦး ကိုဗစ်ကူးစက်နေပြီးATK. ဖြင့်ကိုဗစ်ဆေးစစ်ယူထားသည့်ရလာဒ်ကို နေ့စဉ်ထုတ်ပြန်ကြေညာသည့် ကိုဗစ်ကူးစက်ခံရမှုစာရင်းတွင် ထည့်သွင်းခြင်းမရှိသဖြင့် မည်မျှပြန့်ပွားနေသည်ကိုလည်း မသိနိုင်ပါ။
လက်ရှိ ထိုင်းအစိုးရကတော့ ဆေးရုံနှင့် ယာယီဆေးရုံများ ကုသရေးစင်တာများမလုံေလာက်ခြင်း မလိုအပ်သော ကူးစက်မှု မဖြစ်ပွားရလေအောင် သက်ဆိုင်ရာ စက်ရုံအလုပ်ရုံမှာပင် Factory Quarantine ထိန်းချုပ်ရေးသို့ ယာယီဆေးရုံအဖြစ် ထားရှိနေပါသည်။
၎င်းစက်ရုံနှင့်အနီးနားတဝိုက် ရှိ သစ်စက်ရုံ ပရိဘောကစက်ရုံ တွေပါမကျန် ကိုဗစ်ကူးစက်သည်ဟု သိရှိရသဖြင့် မဖြစ်မနေ အထူးသတိထားဆောင်ရွက်ရန် အသိပေးထုတ်ပြန်လိုက်ရခြင်းဖြစ်သည်။
#၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွက်စောင့်ကြည့်ခြင်းအစီအမံများ#
