လူကြီးမင်းသည်ယခင် covid -19 ကူးစက်မှု ကြောင့် တာ၀န်ထမ်းဆောင်ရန်မနိုင်မှာ စိုးရိမ်ခြင်းကြောင့်ဟုဆိုပါသည်။
၂၀၂၁ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင် Weerasak Wichitsaengsri Samut Sakhon အုပ်ချုပ်ရေးမှူးကသူသည် Samut Sakhon ၏ရာထူးမှနုတ်ထွက်စာတင်ရန်ပြင်ဆင်ထားကြောင်းဆုံးဖြတ်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်တနင်္လာနေ့တွင် နုတ်ထွက်စာတင်ရန်ပြင်ဆင်လိုက်သည်။
စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှု Weerasak Wichitsaengsri သည်သူ၏ကိုယ်ပိုင်Facebook စာမျက်နှာတွင် ပြီးခဲ့သည့်ကာလတွင်ကျန်းမာရေးပြသနာတွေနဲ့ရင်ဆိုင်ရသဖြင့် အလုပ်အပေါ်ထိခိုက်မီုဖြစ်မည်ကို စိုးရိမ်သဖြင့်
ဟုဆိုကာရာထူးမှ နုတ်ထွက်ရန်ပြင်ဆင်ထားကြောင်း ဟုစာတစ်စောင်တင်ခဲ့သည်။
Weerasak ကို မေးမြန်းကြရာတွင် ၎င်းက နေရာပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခြင်းထက် အနားယူတာက ပိုသင့်တော်မယ်
ကျန်းမာရေးကသိပ်မကောင်းဘူး အပြင်ထွက်သွားလာလို့အဆင်မပြေသလို သာမာန်နာမကျန်းဖြစ်ခြင်းထက် Covid-19 ကူးစက်ခံထားရမှုကြောင့် မောပန်းတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာ၊ အသက်ရှူမဝတာတို့ဖြစ်လွယ်တယ်။
ဆရာဝန်ကလည်း စိတ်ဖိစီးမှုအရမ်းများနေတယ်၊
အနားယူတာနည်းတယ်၊ ပိုမိုပိုဂရုစိုက်ဖို့လိုအပ်ကြောင်းလည်းပြောထားသည်။
အသေးစိပ်ဖြတ်ရန် https://www.facebook.com/131732549847/posts/10162065137209848/
