KNU ရှိသည့် ရုံးခန်းတစ်ခုသို့ စစ်ကောင်စီတပ်ရောက်စီးနင်း KNU တပ်သားအချို့ဖမ်းဆီးခံရ။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲအိမ်ကျေးရွာနှင့် ကတိုက်ကျေးရွာလမ်းဆုံရှိ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ မြို့နယ်ရုံးကို အကြမ်း ဖက်စစ်ကောင်စီမှ သြဂုတ်လ ၁၁ ရက် ညနေပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး KNU တပ်သား စောမျိုးစံနှင့် ရဲမေ ခင်သိမ့်သိမ့် တို့ ၂ ဦးနှင့် အနီး အနားကျေးရွာရှိ ရွာသား ၁၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားသည့် တပ်မဟာ ၁ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောပလေ့ စျာပနကို အဆိုပါရုံးမှ KNU တပ်ဖွဲ့ဝင်များ သွားရောက်နေစဉ် အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး KNU မှ ၃ ဦး ထွက်ပြေးလွတ်မြောက်ကာ ၂ ဦး ဖမ်းခံခဲ့ရသည်ဟု တပ်မဟာ ၁ တပ်မှူး ၁ ဦးကို ကိုးကားပြီး Salween Press တွင် ဖော်ပြသည်။

“စစ်ကောင်စီက အဲဒီနေရာမှာ အခြေချဖို့ အစီအစဉ်ရှိလို့ အခုလို လုပ်တာဖြစ်တယ်၊ တပ်မဟာဖက်ကတော့ အရင်လို ပြန်လည်တိုက်ခိုက်သွားဖို့ ရှိပါတယ်၊ အခြေအနေက ကိုယ့်ဖက်က ပြင်ဆင်ရမယ့် အပိုင်းတော့ လုပ်ရမယ်” ဟု တပ်မဟာ ၁ တပ်မှူးမှ Salween Press သို့ ပြောသည်။

ဖမ်းဆီးခံရသည့် KNU တပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် ၁၄ ဦးကို မုတ္တမရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ပေါင်မြို့နယ်ဒေသသတင်းရင် းမြစ်ထံမှ သိရသည်။စစ်ကောင်စီမှ အဆိုပါ ရုံးသို့ဝင်ရောက်စီးနင်းပြီး AK သေနတ် ၁ လက်၊ M-16 ၂ လက်၊ 34 ၁ ကလ၊ 9MM ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၁၈၀၊ ဆိုင်ကယ် ၂ စီး၊ ကား ၂ စီးနှင့် ငွေကျပ် ၁၄ သိန်း ကို သိမ်းယူသွားခဲ့ကြောင်း သတင်းရရှိသည်။

SAVE OUR COUNTRY | SAVE MYANMAR | RESPECT OUR VOTES | HONOR ELEC

http://1221cd.org

khit thit

Leave a comment