စက်ရုံပိတ်ပေးဖို့ ဆန္ဒပြရာမှ အလုပ်သမား ၁ ဦးဒဏ်ရာရ

-သြဂုတ် ၉ ရက်နေ့ ၂၀၂၁.
စက်ရုံပိတ်ပေးဖို့ ဆန္ဒပြတဲ့နေရာက အလုပ်သမား ၁ ဉီးဒဏ်ရာသွားပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းက စက်ရုံတစ်ခုမှာ အလုပ်သမားတွေ ရုတ် ရုတ်သဲသဲ လူစုဆန္ဒပြတဲ့ CCTV တစ်ခုကိုတွေ့လိုက်ရပါတယ်။ ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းတော့ အခင်းဖြစ်ပွားတဲ့နေရာက မူ ၁၀ နောင်ချိန်ရွန်ကျေးရွာအုပ်စု၊ ဘန်ဘူမြို့နယ် (Ban Bueng)ချွန်ဘူရီခရိုင် ( ထိုင်း) တွင်းရှိစက်ရုံထဲက အလုပ်သမားတွေဟာ စက်ရုံရဲ့အလုပ်မှုဆောင် လာရောက်ရှင်းလင်းရန် စောင့်ဆိုင်းနေစဉ် စက်ရုံရဲ့ လုံခြုံရေးက ကိုဗစ်ကာလဖြစ်နေတာမို့ တယောက်ကိုတယောက်ခပ်ခွာခွာနေပေးရန် လေသံမာမာနဲ့ အမိန့်ပေးလိုက်ကြောင့် ဒေါသတွေဖြစ်ကြပြီး လုံခြုံရေးသမားတွေကို ထိုးဖို့ကြိတ်ဖို့ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တာပါ။

ထိုအချိန်မှာ စက်ရုံစောင့် လုံခြုံရေးသမားတွေလဲ ကိုယ်လွတ်ရုန်း ထွက်ပြေးလိုက်ရပါတယ်။.ကင်မရာထဲမှာဆိုရင် အလုပ်သမားတစ်ဦီးက မှန်တံခါးကို ခြေထောက်နဲ့ကန်လိုက်ချိန် ကျွံဝင်သွားတော့ ခြေထောက်မှာဒဏ်ရာရသွားပြီး ဆေးရုံကို ပို့လိုက်ရတယ်။ဟု ဖော်ပြသိရှိပါတယ်။.ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လုံခြုံရေးနေရာယူထားတဲ့ ထိုင်းရဲနဲ့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်တားဆီးမှုတွေ လုပ်ခဲ့ရပါတယ်။

Royal Finishing Co.,LTD မှာ လုပ်ကိုင်နေကြတာက မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်ကြပါတယ်။ စက်ရုံကို ယာယီပိတ်ထားပေးဖို့တောင်းဆိုကြတာပါ။ ပြီးတော့ စက်ရုံထဲက အလုပ်သမားတွေကိုလဲ ကိုဗစ်စစ်ဆေးပေးပါ၊ ဆေးရုံကိုပို့ပေးပါ။ ကိုဗစ်ကူးစက်တဲ့သူတွေကိုလဲ စက်ရုံထဲမှာ “Q” မဝင်ဘဲ စက်ရုံရဲ့အပြင်မှာ “Q” ဝင်ခိုင်းဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

.ထိုနောက် ရောက်လာတဲ့သူတွေက အလုပ်သမားတွေကို နားလည်အောင်ရှင်းပြပေးခဲ့ပါတယ်။ ဉပမာ ကိုဗစ်ကူးစက်သူနဲ့ အနီးကပ်နေခဲ့ဖူးသူကို ခွဲထားဖို့၊ ကူးစက်အတည်ပြုသူတွေကို Qဝင်ခိုင်းဖို့ စက်ရုံထဲက အလုပ်သမားတွေလဲ ရောဂါလက္ခဏာ စောင့်ကြည့်ကြဖို့နဲ့ ကိုဗစ်ကူးစက်ခံရပြီဖြစ်တဲ့ အလုပ်သမားတွေကို စက်ရုံထဲမှာနေခိုင်းရခြင်းဟာ အပြင်မှာ ပိုးတွေပြန့်နှံ့သွားမှာကို စိုးရိမ်ရတဲ့အတွက် စက်ရုံအထဲမှာ နေခိုင်းရခြင်း စသည်များဖြင့် ရှင်းပြပေးခဲ့ပါတယ်။.

ဘန်ဘူမြို့နယ် (Ban Bueng) အုပ်ချုပ်ရေးမှူးက အလုပ်သမားခေါင်းဆောင််တွေနဲ့တိုင်ပင်ပြီး စက်ရုံပိတ်ပေးဖို့ကိစ္စကိုတော့ ခရိုင်မှူးထံတင်ပြပေးမည်ဟု သဘောတူခဲ့ကြပါတယ်။ ၃ ရက်လောက်တော့ ယာယီပိတ်ထားခိုင်းမယ်ဟု သိရပါတယ်။.စက်ရုံထဲမှာ လုပ်ကိုင်နေကြတဲ့ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံသားတွေ စုစုပေါင်း ၁၇၀၀ ဉီးလောက်ရှိပါတယ်။ စက်ရုံထဲမှာတော့ အစုအပြုံလိုက် ကူးစက်ခံနေရတာတော့ မတွေ့ရသေးပါဘူး။ ကြိုတင်တဲ့အနေနဲ့ ကန့်သတ်ခံရတဲ့ နေရာအဖြစ်လုပ်ထားဖို့တော့လိုမယ် ဒီ့ထက်ပို၍ မဆိုးရွားလာအောင် ဖြစ်ပါတယ်။.
ကိုချစ် ဇွဲကပင်မြေRef:
เรื่องเล่าเช้านี้. #MingalaparTH#Myanmar#Thailand#Journal#freecopy#mahachai
#Samutsakhonakorn#betterlife#PostbyKoChit#BKK#covid19thailand

Photo MGA ONLINE

12125 Comments1 ShareLikeCommentShare

Leave a comment