ထိုင်း နိုင်ငံရေးတက်ကြွသူတို့၏ ကိုဗစ်ကြားက အာဏာယစ်သူကို တွန်းလှန်ကြဆဲ

ထိုင်းနိုင်ငံရေးအင်အားစု အစုအဖွဲ့တို့သည် ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် စုဝေးဆန္ဒထုတ်ဖော်လျှက်ရှိနေသည်။
၇ ဩဂုတ် ၂၀၂၁ ခုနှစ် မွန်းလွဲ ၂ နာရီ
နိုင်ငံရေးတက် ကြွလှုပ်ရှားသူတိုသည် အာဏာရှင်စစ်အစိုးရကို မနှစ်သက်၍ဆန္ဒပြသူများသည်ကား စက်ဘီး ဆိုင်ကယ် ခြေကျင် အစရှိသည့် ပုံစံတို့ဖြင့်ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ရှေ့သို့ချီတက်ခဲ့ကြသည်။


အစိုးရ၏ ကိုဗစ်ကာကွယ်ဆေး ၀ယ်ယူ၍ ပြည်သူတွေထိုးပေးနေမီုမထိရောက်ခြင်းနဲ့ ပြည်သူ့အခွန်ငွေအလဟဿဖြုန်းတီးနေသည်ဟုဆိုခြင်းနှင့် နိုင်ငံစီးပွားရေး ကျန်းမာရေး အစရှိသည်တို့၏ ဆောင်ရွက်မှုအပေါ် မနှစ်လိုသဖြင့် Nakhon Sawan လမ်း၊ Phetchaburi လမ်းမှ Phayathai လမ်းသို့လမ်းကြောင်း အသီးသီးမှ စုပေါင်းကာ ချီတက်လာကြသည်။


ယာဉ်များကလည်း တစ်လျှောက်အခါအားလျော်စွာဟွန်းတီးခြင်း လက်သုံးချောင်းထိုး ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ကြသည်။
ရဲနှင့် စစ်တပ်က တပ်သားများသည်လည်း ဆူပူအကြမ်းမှုမဖြစ်ရလေအောင် အတက်နိုင်ဆုံးချုပ်နေဆဲဖြစ်ပေမယ့် မကျရည်ယိုဗုံး အသံဗုံးအသုံးပြု၍ လူစုခွဲစေခဲ့သည်။

Leave a comment