နေရပ်ပြန်လိုသူများအနေဖြင့် အလုပ်သမားသံရုံး အသိပေ

မဲဆောက်မြို့သို့ပြန်မလာကြရန် အလုပ်သမားသံရုံး အသိပေး နေရပ်ပြန်များတစ်ရက်ခြားပြန်လည်လက်ခံ.လတ်တလောတွင် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက တာ့ခ်ခရိုင်ပြင်ပမှပြန်လာမည့်ရွှေ့ပြောင်း လုပ်သားများကို ခရိုင်ဖြတ်သန်းခွင့်ပိတ်ထားဆဲဖြစ်၍ ပြန်လာခြင်းမပြုကြရန် ဗန်ကောက်အခြေစိုက်မြန်မာအလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်စာမျက်မှာတွင် အသိပေးဖော်ပြထားသည်။
“တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက COVID -19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၉-၁၂-၂၀၂၀ ရက်နေ့မှစ၍ တာ့ခ်ခရိုင်ပြင်ပမှ ဝင်ရောက်လာမည့်ရွှေ့ပြောင်းအလုပ်သမားများအား ခရိုင်အတွင်းဖြတ်သန်းခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်ရာ အခြားခရိုင်များမှ ပြန်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လတ်တလောတွင် ထိုင်းနိုင်ငံ၌ ပျံ့နှံ့ဖြစ်ပွားနေသော COVID-19 ရောဂါကူးဆက်မှုကို ထိန်းချုပ်ကန့်သတ်သည့်အခြေအနေများကြောင့် ခရိုင်ဖြတ်သန်းသွာလာခွင့် ခွင့်ပြုချက်မရှိဘဲ မဲဆောက်မြို့သို့ ပြန်မလာကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်” ဟု ဖော်ပြထားသည်။.

တဆက်တည်းတွင် ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့မှစ၍ နေရပ်ပြန်များကို မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားအမှတ်(၂) မှ တစ်ရက်ခြားပြန်လည်လက်ခံပေးလျက်ရှိပြီး ယနေ့မနက်အထိ နေရပ်ပြန်စုစုပေါင်း ၆၁၂ ဦးကို ပြည်ဝင်နိုင်ရန်ဆောင်ရွက်ပေးခဲ့သည်ဟု ဖော်ပြထားသည်။.


“နေရပ်ပြန်များအတွက် မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားအမှတ်( ၂ )မှာ ၁-၈-၂၀၂၁ ရက်နေ့ကစ၍ တစ်ရက်ခြားပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ၁-၈-၂၀၂၁ ရက်နေ့တွင် ကျား (၁၁၆) ဦး၊မ (၈၆) ဦး၊ ပေါင်း (၂၀၂)ဦး၊ ၃-၈-၂၀၂၁ ရက်နေ့တွင် ကျား (၁၂၈) ဦး၊မ (၇၈) ဦး၊ ပေါင်း (၂၀၆)ဦး၊ ၅-၈-၂၀၂၁ ရက်နေ့တွင် ကျား (၁၂၆) ဦး၊မ (၇၈) ဦး၊ ပေါင်း (၂၀၄)ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် မဲဆောက် အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။

.Photo : အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office.
#Myanmarworkinthailand#Myanmar
#Thailand#Journal#freecopy#mahachai#samutsakorn#betterlife
#Englishpremierleague#Postbykyawkyawoo
#Myanmar Live

Leave a comment