လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးဖောင်ဒေးရှင်းသည်အရေးပေါ်သားဖွားရန်အတွက်ကူညီပေးခဲ့

ဇူလိုင်လ ၃၀ ရက် ၂၅၆၄
‌ရွှေ့ပြောင်းအလုပ်သမတစ်ဦးသည် စမွတ်ပရာကန်ခရိုင် ရှိဆေးရုံတစ်ခုတွင်လူမှုဖူလုံရေး ပကန်ဆာခူမ်ပေးသွင်းထားသည့််အတွက်ကိုယ်ဝန် ၉ လရှိနေပြီး၊ ဗိုက်အရမ်းနာနေတယ် ၊ ရေမြွှာ‌ပေါက်၍ မွေးတော့မယ်ဟု ယူဆထားသဖြင့် မွေးဖွားဖို့ဆေးရုံကိုသွားရောက်ခဲ့သည်။
ဆေးရုံတွင် COVID-19 စမ်းသပ်စစ်ဆေးရာတွင် ကိုဗစ် positive ဖြစ်သဖြင့်ထိုအလုပ်သမကို ကိုဗစ်ကူးစက်ခံရသည်ဟုယူဆခဲ့ကြသည့်အတွက် မွေးဖွားပေးရန်၏ ငြင်းဆန်ခြင်းခံခဲ့ရသည်။
ထိုအလုပ်သမအ‌နေဖြင့် ဆေးရုံတွင်ကလေးမွေးဖွားမည်ဆိုပါက ဆေးဘက်ဆိုင်ရာအကာအကွယ်ပစ္စည်းအတွက်ဘတ်ငွေ ၂၀၀၀၀ ကျော်ပေးရမည်ဟိုသည်။ ငွေမပေးနိုင်ပါက မွေးဖွားရန်အတွက်အခြားဆေးရုံတစ်ခုသို့သွားသင့်သည်ဟုလည်းဆရာ၀န်များကဆိုပါသည်။

ကိုဗစ်ကာလမှာ အလုပ်သမားတွေအ‌နေနဲ့ဆေးရုံမှာလူမှုဖူလုံရေးပကန်ဆာခူမ်ပြုလုပ်ထားသည့်တိုင်‌အောင် ဆေးကုသရေး မီးဖွားနိုင်ရေး တို့အတွက် မလွယ်ကူတော့ဟု သုံးသပ်မိပါသည်။
ယခုအလုပ်သမသည်လည်း မီးဖွားနိုင်ရန်အတွက် စပေါ်ငွေဘတ် ၃၀၀၀၊ မီးဖွားစာရိတ် ၉၅၀၀ ဘတ် နှင့်ဆေးရုံအတွက် အကာအကွယ်ပစ္စည်းများအတွက်ဘတ် ၂၀၀၀၀ ကျော်ပေးခဲ့ရသည်။
ဤအမှုကိစ္စကို လူ့အခွင့်အရေးနီင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း HRDF မှ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်ညှိနှိုင်းမှုပြုလုပ်ပေးခဲ့ကာ အလုပ်သမနှင့်မကြာမီ ‌မွေးဖွားလာမည့် ကလေးအားကူညီခြင်းနှင့်လုံခြုံမှုရှိစေခြင်းကိုအရေးပေါ်ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။

အနှစ်ချုပ်အားဖြင့်၊ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF သည်အထက်ပါအ‌ကြောင်းအရာကိစ္စရပ်များကိုထပ်မံမဖြစ်ပွားစေဖို့ရန်နှင့် Covid-19 အကျပ်အတည်းကာလအတွင်းဆေးကုသခွင့်ရရှိရေးအတွက်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ပြဿနာကိုထင်ဟပ်မြင်သာစေသောစေရန် သက်ဆိုင်ရာအစိုးရအဖွဲ့များမြင်သိပါ‌ ကြားစေချင်ပါသည်ဟုလည်း‌ရေးသားတင်ပြထားသည်။
“ လူမျိုးခွဲခြားမှုမရှိစေဘဲ လူသားဘဝတစ်ခုတိုင်းကိုတန်ဖိုးရှိသည်ဟုသိမြင်စေရန် မည်သည့်နိုင်ငံသား မည်သည့်လူမျိုး မည်သည့် ဘာသာအယူဝါဒ ရှိစေကာမူ ထိုသူတို့သည်လူ့အခွင့်အရေးကိုရယူပိုင်ခွင့်ရှိသင့်ဟု တင်ပြရင်း အားလုံးအန္တရာယ်ကင်းကြပါစေ။

Leave a comment