မဲဆောက်မြို့ကိုသော့ခတ်ပိတ် လော့ဒေါင်းချ

COVID-19 ကူးစက်ပြန့်ပွားမှုကိုကာကွယ်တားဆီးနိုင်ရန်အတွက်တာခ်ခရိုင် မဲဆောက်မြို့အား အရေးတကြီးလိုအပ်သော အကြောင်းပြချက် မရှိပါက မလိုဘဲ အပြင်မထွက်ရန် Lock down လော့ဒေါင်းချမှတ်ရန် ခရိုင်အုပ်ချုပ်ရေးမှူးမှအမိန့်ထုတ်ပြန်။
တာ့ခ်ခရိုင်ကူးစက်ရောဂါကာကွယ်တားဆီး‌ရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ် တာ့ခရိုင်၊ အရေးပေါ်အခြေအနေများဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးကြီးကြပ်ရေးမှူးလည်းဖြစ်သည့် တာ့ခရိုင်အုပ်ချုပ်ရေးမှူး Mr.Pongrat Piromrat သည် ၂၅၈၂/၂၀၂၁ အမိန့်တစ်ခုထုတ်ပြန်ခဲ့သည်။


ကြိုတင်ကာကွယ်မှုအစီအစဉ်အဖြစ် တာ့ခ်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (Covid-19)ထိန်းချုပ်နိုင်‌ရေးအတွက်မဲဆောက်မြို့အတွင်းပြန့်ပွားမည့်အန္တရာယ်က‌နေ အများပြည်သူ လူထုအကြားရောဂါပိုးကူးစက်မှုရှိမရှိကြိုတင်စစ်ဆေးခြင်းများပြုလုပ်သွားရန်ဖြစ်သည်။

မဲဆောက်မြို့တွင် ထိုင်း နဲ့ မြန်မာအလုပ်သမားတွေအများကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အခြေအနေကိုစစ်ချက်အရ ကူးစက်ခံရသူအများအပြားဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၀၂၁ ခုနှစ်ဇူလိုင်လ ၃၁ ရက်တွင် ကူးစက်ခံရသူ ၁၇၆ ဦးနှင့် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ်ဧပြီလ ၃၀ ရက်အထိကူးစက်ခံရသူစုစုပေါင်း ၃၂၈၁ ဦးရှိခဲ့ပါသည်။

ထိုထုတ်ပြန်ချက်အမိန့်၌ မဲဆောက်မြို့အတွင်းရှိပြည်သူများအ‌နေဖြင့်ပူးပေါင်းဆောင်ရွက်ကြပါရန် ထုတ်ပြန်ချက်များကိုဆန့်ကျင်ခြင်း သို့မဟုတ် မလိုအပ်ဘဲအိမ်ပြင်ထွက်သွားလာခြင်းများရှောင်ကြဉ်ကြပါရန်။ မဖြစ်မနေလိုအပ်ချက် အရထွက်ခြင်း မရှိမဖြစ်လိုအပ်သောအရာ၊ အစားအစာ၊ ဆေးဝါးသို့မဟုတ်ဆေးဝါးကုသမှုခံယူရန်သွားခြင်း၊ကာကွယ်ဆေးထိုးခြင်းအိမ်တွင်အလုပ် လုပ်က်ုင်မရ၍အပြင်ထွက်လုပ်ကိုင်နေသူ မှအပ (Work from home) လုပ်ကိုင်ကြပါရန် အပြင်ထွက်လုပ်ကိုင်သွားလာသူများအနေဖြင့်လည်း ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ကြရန်
ကြိုတင်ကာကွယ်မှုအစီအမံများနှင့်အညီ ချမှတ်ထားသည့် စည်းကမ်းများအတိုင်းလိုက်နာ‌ဆောင်ရွက်ရန် အစိုးရကတင်းတင်းကျပ်ကျပ် သတ်မှတ်ထားသည်။

ထို့ပြင်ကူးစက်တတ်သောရောဂါထိန်းချုပ်ရေး တာ၀န်ရှိသူ
များလည်း အန္တရာယ်ရှိသောနေရာ (သို့) လုပ်ငန်းတစ်ခုကိုပိတ်ရန် သို့မဟုတ်မလိုအပ်ဘဲနေစရာမလိုဘဲအပြင်ထွက်သွားလာခြင်းမပြုရန်ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုခြင်းကိုလက်ခံပေးကြပါရန်နယ်မြေပိတ် ထိန်းချုပ်ခြင်းအမိန့်အားဖြင့် ၂၀၂၁ ခုနှစ်ဇူလိုင်လ (၃၁) ရက်မှစတင်အကျုံး၀င်သက်ရောက်သည်။

မည်သို့ပင်ရှိစေကာ ယခင်ကလည်းတာ့ခ်ခရိုင် မဲဆောက်မြို့
အများပြည်သူလူထုအား ပူးပေါင်းပါ၀င်သောအားဖြင့် ည ၂၃ : ၀၀ မှ ၀၄ : ၀၀ နာရီအကြား အပြင်ထွက်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ည ၂၀ :၀၀ မှ ၀၄ : ၀၀ အတွင်းအိမ်အပြင်ထွက်ခြင်းကို တစ်ကြိမ်ထုတ်ပြန်ကျင့်သုံးခဲ့ပြီးဖြစ်သည်။

သတင်းကိုးကား ข่าวเสียงชสวตาก Facebook

Leave a comment