ထိုင်းနိုင်ငံသူ ထိုင်းနိုင်ငံထဲသို့ ပြန်လည်ခိုး၀င်

တရားအ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာသူ အမျိုးသမီး၇ဦးဖမ်းဆီးထိန်းသိမ်း။
တာ့ခ်ခရိုင် မဲဆောက်မြို့ ထိုင်း မြန်မာ နယ်စပ်လုံခြုံရေး
ကင်းလှည် စစ်ဆေးမှုဆောင်ရွက်နေသော တပ်ရင်းအမှတ်၄ နှင့် နယ်မြေခံ တာ၀န်ရှိ ရဲများက တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်လာသောအမျိုးသမီး ၇ ဦး ကိုဖမ်းဆီးခဲ့ပြီး၎င်းတို့ကိုဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ ၁၄ ရက်ကွာရတင်း၀င်စေပြီး ဥပဒေအရအရေးယူသွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့တွင်မဲဆောက်မြို့အမှတ် (၄) ခြေမြန်အထူးတပ်ဖွဲ့၊ နှင့် အမှတ် ၂ တပ်ခွဲ (၁) တို့ကင်းလှည့်စစ်ဆေးနေစဉ် ထိုင်း = မြန်မာနယ်စပ်သောင်ရင်းမြစ်
(MU.550361) အနီးရှိလမ်းတစ်လျှောက်ရှိတောစပ်အစွန်း၊ မဲကုကျေးရွာ မူ ၄ ရပ်ကွက်တွင် အထုပ်အပိုးများနှင့်အတူထိုင်းနိုင်ငံသား အမျိုးသမီး ၇ ဦး ကိုတွေ့ရှိခဲ့သည်။

ထိုအမျိုးသမီးတို့သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်သို့ တရားမ၀င်သောနည်းလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများဖြစ်သည်။
၎င်းတို့အား Covid-19 ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနိုင်ရန်အတွက် မဲဆောက်စည်ပင်သာယာရေးရုံးအနီးရှိ အားကစားကွင်းယာယီဆေးရုံတွင် ၁၄ ရက် ကွာရတင်း၀င်ရောက်စေပြီး ‌၎င်းနောက်မှာတော့ ထိုအမျိုးသမီးအားလုံးကိုဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဆက်လက်အရေးယူသွားမည်ဖြစ်သည်။

သတင်းကိုးကား ဓါတ်ပုံ AEC Newsမှ ပြန်လည်မျှဝေအသုံးပြုသည်။

Leave a comment