ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပြည်တော်ပြန်နိုင်ရန်သတင်းကောင်း


1.8.2021 ရက်နေ့မှ စ၍ မြဝတီ ၊ မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့်
ထိုင်းနိုင်ငံ ရှိ မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်တော်ပြန်ခွင့်ရရှိမည်ဟုသိရပြီး
တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် တစ်ရက်ခြားတခါ စတင်၍ လက်ခံသွားမည်ဖြစ်ကြောင်း မဲဆောက်အလုပ်သမား သံအရာရှိနှင့် စေတနာ့ဝန်ထမ်း များမှတဆင့် ကြားသိရပါသည်။
ပြည်တော်ပြန်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှသတ် မှတ်ထားသည့် COVID-19 စည်းကမ်းများနှင့်အညီ လွယ်ကူလျှောမွေ့စွာနေရပ်ပြန်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလုပ်မားသံအရာရှိရုံးများသို့ ဆက်သွယ်မေးမြန်းပြီးမှ ပြန်ကြပါရန် အသိပေးအကြံပြုအပ်ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ Facebook မှတဆင့်ပြန်လည်မျှဝေသည်။

Leave a comment