မိုးအဆက်မပျက်ရွားသွန်းမှုကြောင့် ရေကြီးမှုရင်ဆိုင်ရဖွယ်ရှိနေ

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသောမုန်တိုင်းကြောင့် အိမ်နီးနားခြင်းနိုင်ငံများတွင်လည်း မိုးရွာသွန်းမှုများ
ဖြစ်ပေါ်နေလျှက်ရှိပြီးအချို့သောနေရာများတွင်မုတ်သုံလေအားအရှိန်အဟုန်ပြင်းထန်တဲ့အရှေ့ မြောက်ဒေသတွင် သုံးလေးရက်ခန့် မိုးသည်းထန်စွာရွာသွန်းနေဦးမည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကမ်းနားနေထိုင်သူ ပြည်သူများအနေဖြင့်- ရေကြီးမှု ဒဏ်မလွဲမသွေ ခံရမည်ဖြစ်သည့်အတွက် ပစ္စည်းများကို အထက်မြှင့်တွင်တင်ထားခြင်း အဆိပ်ပြင်းသော ထွားတွားသွား သတ္တဝါများ၏ အန္တရာယ်များကိုသတိထားကြရန် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၁၊ ဇူလိုင် ၂၇ ရက်နေ့တွင်မိုးလေဝသဌာနသည်ရာသီဥတုကို ၂၄ နာရီကြိုတင်ခန့်မှန်း ထားချက်အရ  မြန်မာနိုင်ငံတစ်လွှားမုတ်သုံလေသည်ကျ၍ လာအိုနှင့်ဗီယက်နမ်အထက်ပိုင်း နေရာတို့တွင်အားကြီးသောအနောက်တောင်မုတ်သုန်လေဖိအားရပ်ဝန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည် မြန်မာ့ကပ္ပလီပင်လယ်၊နှင့် ထိုင်းပင်လယ်ကွေ့တို့တွင်တိမ် ထူထပ်နေပြီး လေဖိအားရပ်ဝန်းမှတဆင့်မုန်တိုင်းအဖြစ်ပြောင်းလဲဖွယ်ရှိသည်။
ထိုင်းတောင်ပိုင်းနှင့် သံလွင်မြစ်ကျောတစ်လျှောက် ရေကြီးနိုင်သဖြင့် အထူးသတိထားကြပါရန် အသိပေးတင်ပြအပ်ပါသည်။

ဓါတ်ပုံ Google

Leave a comment