အတူတကွပူးပေါင်း၍ကူညီကြမည်

Coronavirus 2019 (သို့မဟုတ်) COVID-19 ရိုက်ခတ်မှုဒဏ်ခံစားခဲ့ရသူများကိုနိုင်သည့်ဖက်ကကူညီနေသည်။


ရွှေ့ပြောင်းအလုပ်သမားများအတွက် စျေးဝယ် အခြေခံစားသောက်ကုန်များနှင့် အရေးကြီးအသုံးအ‌ဆောင်များ
အတူတကွစုပေါင်း၀ယ်ယူကာ အလုပ်သမားများ၏နေအိမ်တန်းလျားအခန်းတံခါးအ‌ရှေ့ချထားပြီးနောက် နယ်မြေတွင်းကိုဗစ်ဖြသ်ပွားမှုကြောင့် quarantined ၀င်နေသူ အလုပ်သမားများကိုကူညီပေးလျှက်ရှိနေ အခြားသူများလည်းကူညီပေးဖို့ပန်ကြားလို။

ရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သောအရာတို့ကိုကူညီသည်ဆိုပေမယ့် တစ် ဦး နှင့်တစ် ဦး တွေ့ဆုံနိုင်ခြင်းမရှိပဲစက်ရုံရှေ့၊ အိမ်တန်းလျားရှေ့ ခြံရှေ့များတွင် ပစ္စည်းများကိုချထားကာဓာတ်ပုံရိုက်ပြီး လိုအပ်သူအလုပ်သမားသူများထံပေးပို့၍ ထွက်လာယူပြီး အတူတကွမျှဝေရန်၊ဖုန်းဖြင့်သာဆက်သွယ်ပြောကြားပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၅ ရက်အထိ OIA YCOWA BLC တို့မှ မဲဆောက်မြို့နယ် တာခ်ခရိုင် မဲကု မဲတောင်ဖဲ့ မဲတောင်မိုင် ထာ့ဆိုင်လုတ် အစရှိသော ရပ်ကွက်နယ်မြေနေရာကအလုပ်သမားများအတွက် နိုင်သည့်ဖက်မှကူညီပေးခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ရွှေ့ပြောင်းအလုပ်သမားများသည်
အစိုးရ၏ ကိုဗစ်ကာလအတွင်းအခက်အခဲအကြပ်အတည်းရင်ဆိုင်နေရသူတို့အား ကုစားခြင်း ထောက်ပံ့ပေးခြင်းကို တစ်ကြိမ်တစ်ခါမှမရရှိခဲ့ပါ လူမှုဖူလုံရေးပကန်ဆာခူမ် ပုဒ်မ ၃၃ အဖွဲ့၀င်ဖြစ်သည် မဖြစ်သည်အကုန် မည်သူမှမရရှိခဲ့ကြပါ။

ထို့ကြောင့် ထိုင်းအစိုးရ၏ကူညီထောက်ပံ့ပေးမှုက ကျနော်တို့အလုပ်မားဆီ မရောက်နိုင်ခဲ့ပါ သို့သော်လည်း ကျ‌နော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမ အလုပ်သမားများကိုတတ်နိုင်သလောက်အတတ်နိုင်ဆုံးကူညီရမည်။
ရပ်ကွက်ထဲ ထိုင်းလူမျိုးနှင့် ရွှေ့ပြောင်းအလုပ်သမားတို့ ကိုဗစ် ကူးစက်ခံရသည်ဆိုရင်တောင် ဆက်ဆံမှုက ကွာခြားသည် ရွှေ့ပြောင်းက ကူးရင် ဝိုင်းအပြစ်တင်၍ ထိုင်းက ကူးရင် သိုသိုသိပ်သိပ် ဆောင်ရွက်ကြတယ် ရပ်ကွပ်လူကြီး နယ်မြေခံ ကျန်းမာရေးနှင် လုံခြုံရေးတွေလည်း ရွှေ့ပြောင်အလုပ်သမား တွေကိုအိမ်ပြင်မထွက်ဖို့ အလုပ်အကိုင်တွေလည်းပိတ်ထားသည့်အချိန် ကိုဗစ်မဟုတ်သည့် အထွေထွေဖျားနာမှုဖြစ်ရင်‌သည့်တိုင် ဆရာ၀န်ပြသဖ်ို့‌ဆေးရုံးဆေးခန်းမသွားရဘူး ဆေးကုသခွင့်မရလို့ နောက်ဆုံးအသက်သေဆုံးသည််အထိဖြစ်ပွားခဲ့သည်။

ထို့ကြောင့်ကျ‌နော်တို့အသက်ရှူလို့ရနိုင်‌သေးတယ် ဒါပေမယ့် ကျနော်တို့ အလုပ်သမားညီအစ်ကိုတွေ ဘယ်သူမှမကူညီဘူးဆိုရင် စိတ်ဖိစီးမှုများပြီး မလိုလားအပ်သည့် အခက်အခဲပြဿနာ‌တွေ အလုပ်သမားများအ‌ပေါ်ထပ်မံမကျရောက်အောင်ကူညီရမယ်အားပေးရမယ် ဤကူးစက်တက်သော ကပ်ရောဂါကနေအတူတကွကျော်လွှားနိုင်ဖို့ရင် ကျနော်တို့ အတူတူရှိကြမယ် ကျနော်တို့အချင်းချင်းကူညီကြမယ် လူမျိုး၊ ဘာသာမခွဲခြားဘဲလူသားတိုင်းကိုချစ်ဖို့လိုတယ်၊ ဘာကြောင့်လဲဆိုတော့ဒီအကျပ်အတည်းကိုအတူတကွရင်ဆိုင်ကြရလို့ဖြစ်တယ်။

သတင်းနှင့် ဓါတ်ပုံ Sunrise (OIA)

Leave a comment