
ယနေ့နောက်ဆုံးရရှိသည့် အချက်အလက်များအရ ၈၄၀ ဦးကို စစ်ဆေးခဲ့ရာတွင် (၄၅၂) ဦးကို ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်။
မြန်မာအလုပ်သမား ၉၀ ရာခိုင်နှုန်းရှိသည့် ရှိသည့် မဲဆောက်မြို့က အလုပ်ရုံ (၂) တွင် အလုပ်သမား (၄၀၀) ကျော်ထံမှ COVID – 19 ကူးစက်ရောဂါပိုးတွေ့ရှိ မဲဆောက်အထက်တန်းကျောင်းအပါအဝင် ကျောင်းများပိတ်လိုက်ရ
ဇွန် – ၂၇ – ၂၀၂၁
မဲဆောက်မြို့ မဲ့တောင်းဖက်စီရင်စု ရပ်ကွက်(၂) ရှိ အလုပ်ရုံ (၂) ခုမှ မြန်မာအလုပ်သမားများကို ကျန်းမာရေးစစ်ဆေးရာတွင် အလုပ်သမား (၄၀၀) ကျော်ကို COVID – 19 ကူးစက်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယနေ့နောက်ဆုံးရရှိသည့် အချက်အလက်များအရ ၈၄၀ ဦးကို စစ်ဆေးခဲ့ရာတွင် (၄၅၂) ဦးကို ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်။
မဲဆောက်တွင် ရောဂါပိုးတွေ့ရှိသည့် အဆမတန်များသောကြောင့် ထိုင်းအာဏာပိုင်များက မဲဆောက်အထက်တန်းကျောင်း အပါအဝင် ကျောင်များကိုပိတ်ခိုင်ထားပြီး အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားကြရန် အကြောင်းကြားထားသည်ဟု ထိုင်းသတင်းတရပ်က ဆိုသည်။
ရောဂါပိုးကူးစက်ခံရသူ များပြားသောကြောင့် ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူရန် အခက်အခဲရှိသည့်အတွက် အဆိုပါအလုပ်သမားများကို စက်ရုံထဲတွင်သည့် ကူးစက်ရောဂါကြောင့် ရောဂါခြေချုပ်ဖြင့်ထားရှိကာ ဆေးဝါးကုသပေးသွားမည်ဟု သိရှိရသည်။
ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ယခုကဲ့သို့ မြန်မာအလုပ်သမား အမြားအပြား COVID – 19 ရာဂါကူးစက်ခံရမှုစည့် ေးသအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
အဆိုပါစက်ရုံ (၂) ရုံကိုမူ ထိုင်းအာဏာပိုင်များက လော့ဒေါင်းချထားကာ အချိန်ပြည့် စောင့်ကြည့်လျှက်ရှိသည်။
မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူများက ကိုယ်ဖြစ်ကိုယ်ခံမဟုတ်သော ကိုဗစ် – ၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အညီ အထူးသတိထား သွားလာနေထိုင်ဆင်ခြင်ကြရန် မြန်မာအလုပ်သမားများကို နိုးဆော်ထားသည်။
ပုံစာ – ယနေ့နံနက်ကမြင်တွေ့ရသည့် လော့ဒေါင်းချထားသည့် စက်ရုံ (၂) ရုံ အဝင်လမ်း။ ၏
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသားမီးဒီယာ မှ ကူယူဖေါ်ပြပါသည်
မန္မာအလုပ္သမား ၉၀ ရာခိုင္ႏႈန္းရွိသည့္ ရွိသည့္ မဲေဆာက္ၿမိဳ႕က အလုပ္႐ုံ (၂) တြင္ အလုပ္သမား (၄၀၀) ေက်ာ္ထံမွ COVID – 19 ကူးစက္ေရာဂါပိုးေတြ႕ရွိ မဲေဆာက္အထက္တန္းေက်ာင္းအပါအဝင္ ေက်ာင္းမ်ားပိတ္လိုက္ရ
ဇြန္ – ၂၇ – ၂၀၂၁
မဲေဆာက္ၿမိဳ႕ မဲ့ေတာင္းဖက္စီရင္စု ရပ္ကြက္(၂) ရွိ အလုပ္႐ုံ (၂) ခုမွ ျမန္မာအလုပ္သမားမ်ားကို က်န္းမာေရးစစ္ေဆးရာတြင္ အလုပ္သမား (၄၀၀) ေက်ာ္ကို COVID – 19 ကူးစက္ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
ယေန႔ေနာက္ဆုံးရရွိသည့္ အခ်က္အလက္မ်ားအရ ၈၄၀ ဦးကို စစ္ေဆးခဲ့ရာတြင္ (၄၅၂) ဦးကို ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အမ်ားစုမွာ ျမန္မာအလုပ္သမားမ်ားျဖစ္သည္။
မဲေဆာက္တြင္ ေရာဂါပိုးေတြ႕ရွိသည့္ အဆမတန္မ်ားေသာေၾကာင့္ ထိုင္းအာဏာပိုင္မ်ားက မဲေဆာက္အထက္တန္းေက်ာင္း အပါအဝင္ ေက်ာင္မ်ားကိုပိတ္ခိုင္ထားၿပီး အြန္လိုင္းစနစ္ျဖင့္သာ သင္ၾကားၾကရန္ အေၾကာင္းၾကားထားသည္ဟု ထိုင္းသတင္းတရပ္က ဆိုသည္။
ေရာဂါပိုးကူးစက္ခံရသူ မ်ားျပားေသာေၾကာင့္ ေဆး႐ုံႀကီးတြင္ ေဆးဝါးကုသမႈခံယူရန္ အခက္အခဲရွိသည့္အတြက္ အဆိုပါအလုပ္သမားမ်ားကို စက္႐ုံထဲတြင္သည့္ ကူးစက္ေရာဂါေၾကာင့္ ေရာဂါေျခခ်ဳပ္ျဖင့္ထားရွိကာ ေဆးဝါးကုသေပးသြားမည္ဟု သိရွိရသည္။
ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕တြင္ ယခုကဲ့သို႔ ျမန္မာအလုပ္သမား အျမားအျပား COVID – 19 ရာဂါကူးစက္ခံရမႈစည့္ ေးသအတြင္း ပထမဆုံးအႀကိမ္ျဖစ္သည္။
အဆိုပါစက္႐ုံ (၂) ႐ုံကိုမူ ထိုင္းအာဏာပိုင္မ်ားက ေလာ့ေဒါင္းခ်ထားကာ အခ်ိန္ျပည့္ ေစာင့္ၾကည့္လွ်က္ရွိသည္။
ျမန္မာအလုပ္သမားမ်ားအေရး ေဆာင္႐ြက္ေနသူမ်ားက ကိုယ္ျဖစ္ကိုယ္ခံမဟုတ္ေသာ ကိုဗစ္ – ၁၉ ကူးစက္ေရာဂါႏွင့္ပတ္သက္၍ က်န္းမာေရးႏွင့္အညီ အထူးသတိထား သြားလာေနထိုင္ဆင္ျခင္ၾကရန္ ျမန္မာအလုပ္သမားမ်ားကို ႏိုးေဆာ္ထားသည္။
ပုံစာ – ယေန႔နံနက္ကျမင္ေတြ႕ရသည့္ ေလာ့ေဒါင္းခ်ထားသည့္ စက္႐ုံ (၂) ႐ုံ အဝင္လမ္း။ ၏
သတင္းႏွင့္ဓာတ္ပုံ – ကရင္အမ်ိဳးသားမီးဒီယာ မွ ကူယူေဖၚျပပါသည္