တရုတ်ထုတ် “ဆိုင်နိုဖမ်” ကိုဗစ်ကာကွယ်ဆေးဘယ်လောက်စိတ်ချရသလဲ

(အသေးစိတ်) .“ဆိုင်နိုဖမ်” ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရေးပေါ်လိုအပ်ချက်မှာ သုံးဖို့အတွက် မေလ ၇ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဆိုင်နိုဖမ် ကာကွယ်ဆေးဟာ တရုတ်ကာကွယ်ဆေးတွေထဲမှာ ပထမဆုံး WHO ထောက်ခံချက်ရထားတဲ့ ကာကွယ်ဆေးလည်းဖြစ်ပါတယ်။ ဆိုင်နိုဖမ် ကာကွယ်ဆေးကို တရုတ်ပြည်နဲ့ပြည်ပနိုင်ငံပေါင်း ၄၁ နိုင်ငံမှာ လူသန်းပေါင်း ၆၅ သန်းကျော် ထိုးနှံခဲ့ပြီးပြီဖြစ်တယ်လို့ hdmall ဝဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ .လက်ရှိမှာ ဆိုင်နိုဖမ်ကာကွယ်ဆေးကို ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ချူလာဘွန်တော်ဝင်ဆေးသိပ္ပံ ကတစ်ဆင့် FDA ထောက်ခံချက်ရယူရန်မှတ်ပုံတင်ခဲ့ပြီး ယခုကိုဗစ်တတိယလှိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးနေတဲ့ကာကွယ်ဆေး လည်းဖြစ်ပါတယ်။ .ဆိုင်နိုဖမ် ကာကွယ်ဆေးကို ထိုင်း FDA က မေလ ၂၈ ရက်နေ့က အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ရာ “ဆိုင်နိုဖမ်ကာကွယ် ဆေးဟာ” အက်ထရာဇီနီကာ၊ ဆိုင်နိုဗက်၊ Johnson & Johnson ၏ Janssen ကာကွယ်ဆေးနှင့် မိုဒန်နာကာကွယ်ဆေးများပြီးရင် ထိုင်းနိုင်ငံတွင်း အရေးပေါ်အသုံးပြုခွင့်ရရှိထားတဲ့ ပဥ္စမမြောက် COVID-19 ကာကွယ်ဆေးဖြစ်ပါတယ်။ .ချူလာဘွန်တော်ဝင်ဆေးသိပ္ပံက ဇွန်လ ၁၄ ရက်ကစတင်ပြီးတော့ အဖွဲ့အစည်းတွေကို “ဆိုင်နိုဖမ်”ကာကွယ်ဆေး ထိုးနှံရန် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အဲဒီ ၁ ရက်အတွင်းမှာပဲ အဖွဲ့အစည်းပေါင်း ၁ သောင်းကျော်က ဝန်ထမ်း ၃ သိန်းကျော်အတွက် မှတ်ပုံတင်ထားရှိ ခဲ့တယ်လို့သိရပါတယ်။ .Thestandard ဝဘ်ဆိုဒ်မှာတော့ ဆိုင်နိုဖမ် ကာကွယ်ဆေးကို အက်ထရာဇီနီကာ၊ ဆိုင်နိုဗက်တို့နှင့် အခုလိုနှိုင်းယှဉ်ဖေါ် ပြထားပါတယ်။ (နှိုင်းယှဉ်ချက် ၆ ချက်) ၁. ထိုးနှံခွင့်ရှိတဲ့အသက်အရွယ် – ဆိုင်နိုဗက် – ကာကွယ်ဆေးကို အသက် ၁၈ – ၅၉ နှစ်အသက်အရွယ်ပိုင်းတွေထိုးနှံနိုင်ပါတယ်။ – အက်ထရာဇီနီကာ – ကာကွယ်ဆေးကိုတော့ အသက် ၁၈ နှစ်အထက်ကစလို့ အသက် ၆၀ အထက်အသက်ကြီးပိုင်း အထိနှံနိုင်ပါတယ်။- ဆိုင်နိုဖမ် – ကာကွယ်ဆေးကိုတော့ အသက် ၁၈ နှစ်အထက်ကစလို့ အသက် ၆၀ အထက်အသက်ကြီးပိုင်း အထိနှံနိုင်ပါတယ်။၂. ကိုဗစ်ကူးစက်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ရာခိုင်နှုန်း – ဆိုင်နိုဗက် – ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်ခံရနိုင်ခြေ ၆၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ – အက်ထရာဇီနီကာ – ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်ခံရနိုင်ခြေ ၇၈.၁ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။- ဆိုင်နိုဖမ် – ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်ခံရနိုင်ခြေ ၃၁.၁ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ် လူသူထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်မယ် လက်ကိုအမြဲဟန်းဂျယ်နဲ့သန့်စင်မယ်ဆိုရင် ၇၈ ရာခိုင်နှုန်းထိကာကွယ်ဆေးနိုင်မှာဖြစ်ကြောင်း ဖေါ်ပြထးပါတယ်။ ၃. ကာကွယ်ဆေးထိုးပြီးအသက် သေဆုံးမှု – ဆိုင်နိုဗက် – အသက်သေဆုံးမှု ၈၀-၈၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ – အက်ထရာဇီနီကာ – အသက်သေဆုံးမှု ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။-ဆိုင်နိုဖမ် – အသက်သေဆုံးမှု ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။စာကြွင်း – ဒီနေရာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်ခံရတဲ့အခါ အသက်သေဆုံးမှုကို ကာကွယ်ပေး နိုင်ကြောင်းဖေါ်ပြထားတာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသားသူဟာ ကိုဗစ်ကူးစက်ခံရတဲ့အခါ ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေထက် ပိုပြီး ခုခံအားကောင်းနေတာကို တွေ့ရလေ့ရှိပါတယ်။ .၄. နှိုင်းယှဉ်ပြထားတဲ့ ဆေး ၃ မျိုးလုံးကို WHO က ထောက်ခံချက်ပေးထားပါတယ်။ ၅. ကာကွယ်ဆေးထိုးပြီးအကျိုးသက်ရောက်မှု – ဆိုင်နိုဗက် – ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက်အနည်းငယ်နာကျင်ပါမယ်၊ ခေါင်းကိုက်ပြီး ပင်ပန်းနွမ်းနယ်မယ်၊ ကိုယ်လက်ခန္ဓာတွေကိုက်ခဲမယ်။ – အက်ထရာဇီနီကာ – ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက်အနည်းငယ်နာကျင်ပါမယ်၊ ခေါင်းကိုက်ပြီး အော့အန်ချင်သလိုဖြစ်မယ်။ – ဆိုင်နိုဖမ် – ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက်အနည်းငယ်နာကျင်ပါမယ်၊ ငှက်ဖျားဖြစ်သလိုကိုယ်အပူချိန် သာမန်ထက်အနည်းငယ်မြင့်တက်လာနိုင်တယ်။ ၆. အခြားအနည်းအကျဉ်းတွေ့ရလေ့ရှိတဲ့ လက္ခဏာ- ဆိုင်နိုဗက် – အားအင်ကုန်ခမ်းသလိုခံစားရမယ်။- အက်ထရာဇီနီကာ – (မှတ်တမ်းမရှိပါ)- ဆိုင်နိုဖမ် – အင်္ဂလန်နိုင်ငံမှာတွေ့ရှိချက်အရ ကာကွယ်ဆေး ၅ သောင်းမှာ ၁ ဒို့စ်ဟာ အသက် ၄၀ အထက်ပိုင်း သွေးခဲလေ့ရှိတယ်လို့ဖေါ်ပြထားပါတယ်။ .ဝင်းထက် – MML Ref : REUTERS / bbc burmese / hdmall / thestandard.#Myanmarlive#Myanmar#Thailand#Journal#freecopy#mahachai#samutsakorn#betterlife

မူရင်းမပျက် ပြန်လည်မျှဝေသည်

Leave a comment