ယနေ့ကိုဗစ် စံချိန်တင် ကူးစက်ခံရမှု သောင်းဂဏန်းဖြစ်လာ။


ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၀,၀၈၂ ဦး၊ သေဆုံးသူ ၁၄၁ ဦး နှင့် ၆,၃၂၇ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကို‌နေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။

– ရောဂါကူးစက်ခံရသူပေါင်း ၁၀,၀၈၂ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၉,၉၅၅ ခု၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၁၂၇ ဦးတို့ကူးစက်ခံရသည်။

– စုစုပေါင်းလူနာ ၃၆၃,၁၂၆ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)

၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၃၉၁,၉၈၉ ဦးထိရှိသည်။

– နောက်ထပ်သေဆုံးမှု ၁၄၁ ဦး


– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၃,၁၄၆ ဦးထိရှိခဲ့သည်

– စုစုပေါင်း ၂၀၂၀ ခုနှစ်‌‌နှင့်‌ပေါင်းပါကသေဆုံးသူ ၃,၂၄၀ ဦး ထိရှိခဲ့သည်

– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၆,၃၂၇ ဦး အိမ်သို့ပြန်လာခဲ့သည်

– စုစုပေါင်း ၂၅၀,၇၅၈ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်

– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၂၇၈,၁၈၇ ဦးတို့ဖြစ်သည်။

Leave a comment