တရားမဝင် အလုပ်သမား ၅၂ ဦးကို ဟင်းသီး ဟင်းရွက် ကုန်တင်ကားပေါ် တင်ဆောင်လာမှု ဖမ်းဆီးရမိ

2023 ခုနှစ် သြဂုတ်လ 4 ရက်နေ့

မဲဆောက် အမှတ် ၁ လုံခြုံရေးနှင့် စစ်သားနှင့်- လူဝင်မှုကြီးကြပ်ရေးဂိတ် – နယ်ခြားစောင့်တပ် – အုပ်ချုပ်ရေး တရားမဝင် အလုပ်သမား ၅၂ ဦးကို ဟင်းသီးဟင်းရွက် ကုန်တင်ကားပေါ် တင်ဆောင်လာသည့် ကားတစ်စီးကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိသည်။
ထိုတရားမဝင်လုပ်သား ၅၂ ဦးကို မဲဆောက်မှတဆင့် ဘန်ကောက် သို့ ပို့ဆောင်ပေးဖို့ရန်အတွက်တစ်ဦးလျှင် ဘတ် 20,000 အထိဖြစ်ပေးချေရတာဖြစ်ပြီး အချို့သောသူများက အစုအလိုက် လာကြသဖြင့် ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ဘတ် 1,00,000 အထိပေးချေရတာလည်းဖြစ်သည်၊၊

တာ့ခရိုင် မဲဆောက်မြို့မှ သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များတို့သည့် မဲဆောက်မှ ထွက်ခွါလာသည့် ၆ ဘီးထရပ်ကား အဖြူရောင် ဟီးနိုးတံဆိပ် မှတ်ပုံတင်နံပါတ် …… Nakhon Pathom သည် မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိသည်ဟု အကြောင်းကြားခဲ့သည်။
ဘန်ဟွာဖန်သစ်တောအစွန်းမှာ တရားမဝင် နိုင်ငံခြားအလုပ်သမားတွေကို ကားနဲ့ သယ်သွားသည့်ကားသည်ဖဒေဲတ် ဖာဒန် နယ်မြေ မဲဆောက်မြို့နယ် တာခ်ခရိုင်မှ စတင်ထွက်ခွါလာတာဖြစ်ပြီး Ban Huai Hin Fon ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အရောက်တွင် ယာဉ်မောင်းနှင့် Mr.Rin…….တို့ကို စစ်ဆေးရာတွင် တရုတ်ဂေါ်ဖီထုပ်တွေ ပြည့်နေသည့် ကားနောက်ခန်းကို စစ်ဆေးနေစဉ် တစ်စုံတစ်ယောက် ချောင်းဆိုးသံကို ကြားလိုက်ရသည်။

ထို့နောက် တာဝန်ရှိ စစ်ဆေးရေးအရာရှိများက ဂေါ်ဖီနှင့် ဆလတ်ထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်ရာ အတွင်းပိုင်းထဲ ပုံးအောင်းလိုက်ပါလာသည့် တရားမဝင် နိုင်ငံခြားသားများ စုပေါင်း ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည့်အတွက် ထိုသူများသည် ဘယ်သူဘယ်ဝါဖြစ်ကြပြီး ဘယ်ကိုသွားကြမည်ကို စစ်ဆေးရန် ခေါ်ထုတ်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ဖမ်းဆီးရမိသည့် နိုင်ငံခြားသား တို့သည် မြန်မာနိုင်ငံမှ အသီးသီးလာကြသူများဖြစ်ကြပြီး အမျိုးသား ၃၂ ဦး၊ တရားဝင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် လာကြပြီး အမျိုးသမီး ၂၀ ဦးမှာတော့ မည်သည့် အထောက်ထားမျှမပါရှိကြပါ။

ထို့ကြောင့် Mr Rin ကို ဖမ်းဆီးကာ စစ်ချက်ရယူရာတွင် ကနဦးထွက်ဆိုချက်မှာ ကန်ထရိုက်တာတစ်ဦးက ပို့ဆောင်ခိုင်းတာဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားပို့ဆောင်ခကို တစ်ဦးလျှင် ဘတ်ငွေ ၁၀,၀၀၀ နှုန်းဖြင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် လက်ခံခဲ့သည်ဟု ထွက်ဆိုပါသည်၊၊

ကားပေါ်ပါလာသည့် အလုပ်သမားများကို မေးမြန်းရာမှာတော့ အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ ၂၀,၀၀၀ ပေးကြောင်း ထွက်ဆိုခဲ့ကြသည်။ နယ်စပ်ကူးစာရွက် စာရွက်စာတမ်းများ နှင့် COVID စစ်ဆေးမှု သက်သေအထောက်အထားများအား Mr.Rin ထံတင်ပြရသည်ဟု လည်းထွက်ဆိုကြပါသည်။

တရားမဝင်နိုင်ငံခြားသားများကို သယ်ဆောင်မှုဖြင့် ဆက်လက်အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မ ရဲစခန်းမှ စုံစမ်းရေးမှူးများထံ ပေးပို့ကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်း နှင့်ဓါတ်ပုံ AEC อาเซียน News

Leave a comment