၂၀၂၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့
မဲဆောက်မြို့တွင်းထဲ ရေမီတာများ မကြာခဏ ပျောက်ရှနေသည်ဟု တိုင်ကြားမှုကိုလက်ခံရရှိသည့် မဲဆောက်မြို့မ ရဲစခန်မှ ရဲမှူးကြီး Monsak Kaew-on သည် မဲဆောက်မြို့မ ရဲစခန်းမှ ဦးဆောင်သော ရာဇဝတ်မှု နှိမ်နင်းရေး တပ်ဖွဲ့ဝင်များနှင့် အတူ မဲဆောက်မြို့မ ရဲစခန်းမှ ဒုရဲမှူးကြီး နှင့် လှည့်ကင်း ရဲအရာရှိ ၂ ဦး တို့ သည်
မဲဆောက်မြို့တွင်းသို့ ကင်းလှည့် စစ်ဆေးမှုပြုလုပ်နေစဉ် မသင်္ကာဖွယ် လူတစ်ဦးအား ဖမ်းဆီးရမိသည်၊၊
နိုင်လင်းအောင် မျိုးရိုးအမည်မရှိ အသက် ၃၈ နှစ် မြန်မာနိုင်ငံသားသည် ထိုင်း နိုင်ငံအတွင်းတရားမဝင်နေထိုင်သူဖြစ်သည်နှင့်အညီ ယာဉ်အသုံးပြု၍ ညဘက်တွင် ဖောက်ထွင်းမှုပြုလုပ်နေလျှက်ရှိသည် (ရေပိုက်မီတာ)၊ ပြစ်မှုကျူးလွန်ရန် သို့မဟုတ် ပစ္စည်းကိုခိုးယူရန် သို့မဟုတ် ခိုးယူခံရသည့် ပစ္စည်းများကို လွယ်ကူစွာသယ်ဆောင်နိုင်ရေးအတွက် တွန်းလှည်းယာဉ်ကို အသုံးပြု၍ ရေမီတာများကို လိုက်လံ ဖြုတ်ယူလျှက်ရှိသည်ကိုဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ကင်းလှည့်နေစဉ် အမည်မသိ ဖုန်းတစ်လုံးမှ အိမ်ရေတွင် ရေမီတာကို ခိုးယူသွားသည်ဟု ဆက်သွယ်တိုင်ကြားလာသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ လိုက်ပါသွားခဲ့ရာတွင် မိုးကာအင်္ကျီ ဝတ်ဆင်ထားသည့် လူတစ်ဦးမှ ရေမီတာကို ဖြုတ်ယူရန် ကြိုးပမ်းနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည် ဆက်စပ်သည့်ပစ္စည်းများကို စစ်ဆေးရာတွင်လည်း ဖြုတ်လာသည့် ရေမီတာနှစ်လုံး နှင့် အသုံးပြုသည့် ကိရိယာတန်ဆာပလာများကို တွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သူ အများတိုင်ကြားထားသည့် တရားခံနှင့် အတူတူပင်ဖြစ်နိုင်ကြောင်း နှင့် ဖမ်းဆီးလိုက်ရသည်။
CCTV ကင်မရာမှ တဆင့် စစ်ဆေးကြည့်ရာတွင် ရေမီတာလိုက်လံ ဖြုတ်ယူနေသူသည် တစ်ပုံစံတည်းဖြစ်သည့်အတွက် စစ်ဆေးမေးမြန်းရာမှ တရားခံက ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရေမီတာတစ်လုံး ခိုးယူခဲ့ကြောင်းလည်းဝန်ခံခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူသည် CCTV ကင်မရာကို တံမြက်စည်းဖြင့် တွန်းထိုးကာ မြင်ကွင်းနေရာကို ရွှေ့လိုက်ပြီးနောက် ရေမီတာကိုဖြတ်ယူကာ ပြန်လည်ရောင်းချနေသည်ဟုလည်း သိရသဖြင့် မဲပါ့ရပ်ကွက် အမှတ် ၁ တွင် Ali Baba လို့အမည်ပေးထားတဲ့ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင်ကို ရဲတပ်ဖွဲ့က ရှာဖွေမှုပြုလုပ်ကာ ပြစ်မှုကျူးလွန်ထားသည့် ဤနိုင်ငံခြားသားသည် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် ရေမီတာ
ခေါင်းများစွာကို လည်း စစ်ဆေးတွေ့ရှိခဲ့သလို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများသည်လည်းများစွာ စစ်ဆေးတွေ့ရှိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူအား ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



