ထိုင်းတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူက ကိုယ့်ကိုယ်ကိုသတ်သေ



Dawei Watch | March 7, 2023

ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင် ဘန့်စောင်ထုံးဒေသတွင် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူ လာအိုနိုင်ငံသားမှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် နေထိုင်ရာအခန်းတွင်း ဆွဲကြိုးချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆုံးစီရင်ခဲ့သော အသက် ၄၈ နှစ်အရွယ် လာအိုအမျိုးသားသည် မုဒိန်းမှုနှစ်ခုအတွက် ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ရဲတပ်ဖွဲ့မှ လိုက်လံ ရှာဖွေဖမ်းဆီးနေသူဖြစ်ကြောင်း ဖော်ပြထားသည်။

ပထမအမှုမှာ မတ်လ ၅ ရက်နေ့က ဇနီးဟောင်းကို မုဒိမ်းကျင့်၍ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

လာအိုအမျိုးသားမှာ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ၏ အခန်းထဲတွင်ပုန်းနေခဲ့ပြီး ညဘက်တွင် ၎င်းနေထိုင်ရာ အခန်းအနီးရှိ အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာကလေးငယ်သည် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ကလေးမိဘများက အဓမ္မပြုကျင့်ခံရမှုအတွက် ဘန်စူရဲစခန်းဆီသို့ တိုင်ကြားထားကြောင်း၊ ရဲတပ်ဖွဲ့ကလည်း သက်သေအထောက်အထားများ စုစည်းကာ ဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းအမျိုးသားကို နေထိုင်ရာအခန်းအတွင်း၌ ဆွဲကြိုးချ သတ်သေလျက်အနေအထားဖြင့် ထိုင်းအမျိုးသမီးတစ်ဦးမှ တွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူသည် ဇနီးဟောင်းဖြစ်သူနှင့် အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုများအတွက် အမှုကြီးသဖြင့် ဖမ်းဆီးခံရမည်ကို ကြောက်ရွံခဲ့ရာမှ လွတ်မြောက်ဖို့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့များမှ ကနဦး ကောက်ချက်ချထားသည်။

ရဲတပ်ဖွဲ့များမှ သက်သေအထောက်အထားများကို သိမ်းဆည်းခဲ့ပြီး သေဆုံးသူ၏ အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် လူမှုကူညီရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thairath Online, Nation TV, FM 91, The Thaiger

http://www.daweiwatch.com/2023/03/07/news/56251/?fbclid=IwAR1OggAKODx2WppZWNWXrM-cl7ZyFMw_UrJWakRGrHgfpnemZiN4M7iaerQ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s