ထိုင်းနိုင်ငံ ခရီလာတ်ကျေးရွာရှိ ရေတွင်းပိုက်လိုင်းထဲ ပြုတ်ကျသွားသည့် မြန်မာကလေးငယ်အား လူမှုကူညီရေးအသင်းများက ကယ်ဆယ်မှုများပြုလုပ်နေ


မဲဆောက်၊ ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ခရီလာတ်ကျေးရွာ၌ ပြီးခဲ့သည့် ဖေ ဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီဝင်ကျင်ခန့်က မြန်မာကလေးငယ်တစ်ဦး ရေ တွင်းပိုက်လိုင်းအထဲသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ရေတွင်ပိုက်လိုင်းအတွင်း ပြုတ်ကျခဲ့သည့် ကလေးငယ်မှာ အသက် ၁ နှစ်၊ ၇ လ အရွယ်ရှိ မသဇင်မွှေးဆိုသူဖြစ်ပြီး ဖိုးဖမြို့နယ်၊ ခရီလာတ်ကျေးရွာတွင် မိ ဘများနှင့် အတူနေထိုင်သူဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးခြံလုပ်ငန်းတွင် အသုံးပြုရန် တူးဖော်နေဆဲဖြစ်သည့် ‌အကျယ် ၁၀ စင်တီမီတာ၊ အနက် ၄၀ မီတာခန့်ရှိ ရေတွင်းပိုက်လိုင်းအထဲသို့ ပြုတ်ကျသွားသည့် မသဇင်မွှေးအား လူမှုကူညီရေးအသင်းများက ကယ်ဆယ်မှုများပြုလုပ် နေကြောင်း သိရသည်။

” ကလေးအော်ငိုနေတဲ့အသံ ကြားရတယ် မကြာခင်မှာပဲ ကလေးအပြင်ကို ကယ်ထုတ်နိုင်တော့မှာပါ ” ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ရေတွင်းပိုက်လိုင်းအတွင်း ပြုတ်ကျခဲ့သူ မသဇင်မွှေးအား လူမှုကူညီရေးအသင်းများက ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်၊ညနေပိုင်းမှစတင်ကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ ရေးပိုက်လိုင်းအထဲမှ အပြင်သို့ကယ်ထုတ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

#မြဝတီမဲဆောက်မီဒီယာ

ဓါတ်ပုံ- CJ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s