MOU ၄နှစ် သက်တမ်းပြည့်အလုပ်သမားကိစ္စအစည်းအဝေးကျင်းပပြုလုပ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅

ယနေ့ နံနက် ( ၉ ) နာရီတွင် အလုပ်သမား၀န်ကြီးဌာနအလုပ်သမား ၀န်ကြီး မစ္စတာဆုချာတ် ချွမ်ကလင်သည် ( ၁/၂၀၂၃ ) နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှု ဆိုင်ရာ ကော်မတီအစည်းဝေးတရပ်အား ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာတွင် အစည်းဝေပွဲ သို့ အလုပ်သမား၀န်ကြီးဌာနမှ အရာရှိများ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် အေဂျင်စီများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးပွဲတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နောက်ပိုင်းဆောင်ရွက်မည့် နိုင်ငံခြားသားအလုပ်သမားများဆိုင်ရာလုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံအတွင်းလက်ရှိဆောင်ရွက်လျှက်ရှိသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေ ခံလက်မှတ် (Ci) ထုတ်ပေး သည့် ကာလကို ဆက်လက်သက်တမ်းတိုးမြှင့်ရန် ထည့်သွင်း စဉ်းစားခြင်းအပါ၀င် MOUစနစ်ဖြင့် ထိုင်းနိုင်ငံထဲရောက်ရှိလာပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၄နှစ်သက်တမ်း ပြည့်မည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ ( ၃) နိုင်ငံအလုပ် သမားများဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အောက်ပါအချက်သုံးချက်ဆောင် ရွက်ရန်လက်ခံသုံးသပ်အတည်ပြုခဲ့ကြသည်။

၁။ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှု၏လမ်းစဉ်နှင့်အညီ ၁၃ဖေဖော်ဝါရီ ၂၅၆၆ ခုနှစ်အတွင်းနှင့်နှောင်းပိုင်း နေထိုင် အလုပ် လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံး မည့်အလုပ် သမားများကိုအထူး အစီစဉ် အဖြစ် နိုင်ငံတော်တွင်းဆက်လက်နေထိုင် လုပ်ကိုင်ခွင့်၊ ခွင့်ပြုလိုက်ပြီး အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသားအလုပ်သမား၏ အလုပ် လုပ်ခွင့်ကို အီလက်ထရွန်းနစ်စနစ်ဖြင့် ၁၃ဖေဖော်ဝါရီ၂၅၆၆ ခုနှစ်ထက်နောက်မကျဘဲ လျှောက်ရ မည်ဖြစ်သည်၊ထိုသို့ သတ်မှတ်ရက်ကာလအတွင်း လျှောက်ပြီးသည့် နိုင်ငံခြားသား အလုပ်သမားအနေဖြင့် နိုင်ငံတော်အတွင်းယာယီနေထိုင် အလုပ် လုပ်ကိုင်ခွင့်ကို ၁၅ မေ ၂၅၆၆ ခုနှစ်အထိ ရရှိသွားမည်ဖြစ်သည်။

ထိုကာလအတွင်း နိုင်ငံကူးလက်မှတ်ဆောင်ရွက် နေသည့်ကာလအတွင်း တရား၀င်နေထိုင်ခွင့်စာရွက်စာတမ်းအဖြစ် အလုပ် လုပ်ခွင့်လက် မှတ်လျှောက်ထားကြောင်း အမည်စာရင်းနှင့် ငွေကြေဘောင်ချာဖြင့် သက်ဆိုင်သည့် အာဏာပိုင်အစိုးရကို တရား၀င်အဖြစ် နေထိုင် လုပ်ကိုင်ကြောင်းပြသနိုင်သည်။ နိုင်ငံခြားသားအလုပ်သမားအနေဖြင့် တရား၀င်အဖြစ်ဆောင်ရွက်ထားပြီးစီးပါက တရား ၀င်နေထိုင် အလုပ် လုပ်ကိုင်ခွင့်ကို ၁၃ ဖေဖော်ဝါရီ ၂၅၆၇ ခုနှစ် သို့မဟုတ် ၁၃ ဖေဖော်ဝါရီ ၂၅၆၈ ခုနှစ်အထိ ရရှိသွားမည်ဖြစ်သည်။

၂။ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity:CI) လျှောက်ထား ခြင်းကိစ္စရပ်အား မြန်မာဘက်ခြမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် CI စာအုပ်လျှောက် ထားခြင်း၏ အချိန်ကာလကို တိုးမြှင့်ပေးလိုက်ပြီး ခရိုင်၄ ခုတွင် ဖြစ်သော စမွတ်ဆာခွန် စမွတ်ပရာကန် ရနောင်းနှင့် ချွန်ဘူရီတို့ဖြစ်ပြီး ၁၃ မေ ၂၅၆၆ ခုနှစ် (၉၀)ရက်အတွင်း ပြီးစီး အောင်ဆောင်ရွက်ရမည်ဖြစ်သည်။

၃။ MOU သက်တမ်း ၄နှစ်ပြည့်ပြီးသည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် နိုင်ငံ တော်အတွင်းအထူးအစီစဉ်အဖြစ် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့််အတွက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၄နှစ် ပြည့်ခဲ့ သော MOUလုပ်သားလူဦးရေ ၆၀,၀၀၀ ခန့်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့ အထိ ၄ နှစ်သက်တမ်း ပြည့်သည့် MOU လုပ်သားဦးရေ ၅၀,၀၀၀၊ တို့ကို အထူး အစီစဉ် အဖြစ် နိုင်ငံတော်တွင်းဆက်လက် နေထိုင် ခွင့်ကို မူလပါမစ်သက်တမ်းကုန်ဆုံး သည့်နေ့မှစ၍ ၆ လထက်မပိုသော ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုပေးလိုက် သည်။ MOU လုပ်သားအနေဖြင့်နေရပ်နိုင်ငံသို့ ပြန်ရန် မလိုဘဲ အလုပ်ရှင်များအ‌နေဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူခွင့် အလုပ်လုပ် ကိုင်ခွင့်လျှောက်ထားခြင်းကို ဆောင်ရွက်ထားနိုင်ပြီး သို့မဟုတ် ထွက်ခွါလာသည့်နိုင်ငံပေါ်မူတည်၍ ခရီးတိုအဖြစ် အ၀င်အထွက်ပြသခြင်းဖြင့်လည်းဆောင်ရွက်နိုင်သည်။

“ထိုင်းနိုင်ငံဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးပလယွတ်ကျန်းအိုးချားမှ ကိုဗစ်ကပ်ရောဂါကာလ အခြေအနေကျော်လွန်ပြီးနောက် ထိုင်းနိုင်ငံစီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက်အလုပ်သမားဝန်ကြီးဌာနအားအခြားသက်ဆိုင်ရာအဖွဲ့အစည်းအေဂျင်စီများနှင့် ပေါင်းစည်းပြီး အလုပ်သမားရှားပါးပြတ်လှပ်မှုပြဿနာများကိုကာကွယ်ရန်အတွက် လမ်းညွှန်ချက်များချမှတ်သည်။ အထူးသဖြင့် ထိုင်းလူမျိုးများမလုပ်ကိုင်လိုသည့်အလုပ် အကိုင်များတွင် ရွှေ့ပြောင်းအလုပ်သမားများ မရှိမဖြစ်လိုအပ်နေဆဲဖြစ်သည်။ လုပ်ငန်း ရှင်များသည်၎င်းတို့၏လုပ်ငန်းကိုလည်ပတ်စေရန်လုပ်သားအင်အားရှိရန်လိုအပ်သည်။ ထို့ကြောင့်ယနေ့အဆိုပြုချက် (၃) ရပ်စလုံးအတွက်ထည့်သွင်းစဉ်းစားရခြင်းဖြစ်သည်။

မကြာသေးမီကပင်အလုပ်ဦးစီးဌာနမှမူလနိုင်ငံ၏သဘောထားအမြင်များမေးမြန်းရန် စာတစ်စောင်ပေးပို့ခဲ့သည်။ ပြန်ကြားလာမည့်စာကိုစောင့်နေစဉ်ကာလကြားထဲတွင် သက်ဆိုင်ရာအဖွဲ့အစည်းအေဂျင်စီအားလုံးသူတို့တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်း ကိုပြင်ဆင်ပြီးအစိုးရဝန်ကြီးချုပ်အဖွဲ့အစည်းအဝေးထဲတွင်တင်ပြမည်ဟု”အလုပ်သမား ဝန်ကြီးဌာနမှပြောကြားသည်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နိုင်းဖိုင်လို့ ချို့စထီယန်မှပြော ကြားသည်မှာမြန်မာနိုင်ငံအာဏာပိုင်များကမြန်မာအလုပ်သမားများအတွက်သက်တမ်း တိုးပေးရန်အတွက်စဉ်းစားပေးရန်ထိုင်းနိုင်ငံသို့ တရားဝင်စာ ၂ စောင်ပေးပို့ထားသည်။ MOU အရ အလုပ်အကိုင် သက်တမ်း ၄ နှစ် ပြီးဆုံးသွားသော နိုင်ငံခြားသားအလုပ်သမား တို့အား 2023 ခုနှစ် သြဂုတ်လအထိနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရန်နှင့် ပတ်စပို့ သက်တမ်းကုန်ဆုံးသွားသောနိုင်ငံကူးလက်မှတ်အသစ်ပြင်ဆင်မှုများလုပ်ဆောင်နေပါ သည်။

အထောက်အထားစာရွက်စာတမ်းများထုတ်ပေးခြင်းလုပ်ငန်းစဉ်ကိုနောက်ထပ် ၆ လ သက်တမ်းတိုးရန်အတွက်စဉ်းစားပေးရန်တောင်းဆိုခဲ့သည်။ထို့အပြင် အလုပ် အကိုင်ရှာဖွေရေးဦးစီးဌာနကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး သံရုံးမှ အချိန်မီနိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးနိုင်ခြင်းမရှိသည့် ပြဿနာနှင့် ပတ်သက်၍ သြဂုတ် ၁ ရက်၊ ၂၀၂၃ ခုနှစ်အထိအချိန်တိုးမြှင့်ပေးရန် မြန်မာအာဏာပိုင်များနှင့် ပုဂ္ဂလိ ကကဏ္ဍတို့မှ အဆိုပြုချက်တို့ကြောင့် နိုင်ငံကူးလက်မှတ်အသစ် (သို့) သက်သေခံစာရွက် စာတမ်းအသစ်ထုတ်ပေးသည့်လုပ်ငန်းစဉ်အတွင်း လုပ်ကိုင်ဆောင်ရွက်သည့်ကာလအ တွင်းအထူးကိစ္စရပ်အဖြစ် နိုင်ငံတော်တွင် နေထိုင်နိုင်စေရန် သက်ဆိုင်ရာအပိုင်းတွင် စီမံ ခန့်ခွဲခြင်းဆိုင်ရာလမ်းညွှန်ချက်များရှိရန်လိုအပ်လျှက်ရှိပြီးသက်သေခံစာရွက်စာတမ်းများထုတ်ပေးခြင်းတို့ကိုအပြီးသတ်ဆောင်ရွက်နိုင်ရန် CI Center ၏လုပ်ငန်းစဉ်ကာလကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s