Aerosoft ဖိနပ်စက်ရုံမီးလောင်ပြီး မီးထိန်းလို့ မရသေး

မြန်မာ အလုပ်သမားအများစု အလုပ်လုပ်နေတဲ့ Aerosoft ဖိနပ်စက်ရုံမီးလောင်ပြီး မီးထိန်းလို့ မရသေး
.
ထိုင်းနိုင်ငံ ဘန်ချလုံဈေးနားမှာ ရှိတဲ့ Aerosoft ဖိနပ်စက်ရုံ
ညနေ 5 နာရီ 25 မိနစ်လောက်က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ နာရီဝက်လောက်ကအထိ မီးထိန်းလို့မရသေးဘူးလို့သိရပါတယ်။

ဒီ စက်ရုံမှာ မြန်မာ အလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ပိတ်မိနေတဲ့သူ ထိခိုက်ဒဏ်ရာရသူ အရေအတွက်လည်း မသိရသေးပါဖူး ။

ပိတ်မိနေတဲ့သူတွေ အကုန် အမြန်ဆုံးလွတ်ကင်းကြပြီး ထိခိုက်ဒဏ်ရာမရပါစေနဲ့လို့ ဆုတောင်းပါတယ်။

Aerosoft ကို မှီခိုနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်တော့ အလုပ်အကိုင် အခွင့်အလမ်း၊ စားဝတ်နေရေး အခက်အခဲတွေအတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။
Copy..ကိုစိုင်း..cri…

#updatenews
#Aerosoft
#ThailandAnywhere

Leave a comment