(၂ ရက်၊ သြဂုတ်လ ၂၀၂၂ ခုနှစ်)
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မဟာချိုင်ရုံး
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဝန်ထမ်းများနှင့် ရှေ့နေ တို့သည် မြန်မာနိုင်ငံသား မအေး (အမည်လွဲ) ၏အမျိုးနှင့်အတူ ဤအမှုတွင် ဘာသာပြန်ဆိုပေးသူ မစ္စတာ ပဋိဖတ် ဖွန်ဖာနိစ် တို့နှင့်အတူ ရာဇဝတ်မှု ရေးရာမှုခင်းတရားရုံးတွင် အမှုအမှတ် အ.၁၄၁၇/၂၅၆၅ တရားစီရင်ချက်ချသည်ကို တက်ရောက် ကြားနာ ခဲ့ကြသည်။
ဤအမှုတွင် အရွယ်မရောက်သေးသူအား မတော်မတရားပြုကျင့်မှုနှင့်ပတ်သက်၍ ရာဇဝတ်မှုအရ မစ္စတာ အဓိရဲက် ချန်ပေ့ အား အစိုးရရှေ့နေမှ တရားလိုအဖြစ် တရားစွဲဆိုပေးခဲ့သည်။
မစ္စတာ အဓိရဲက် ချန်ပေ့ သည် တက္ကစီကား မောင်းနှင်သူတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်သား မအေး (အမည်လွဲ) အား အလုပ်သွားလျှောက်ပေးမည်ဟုလိမ်လည်လှည့်ဖြားကာ မတော်မတရားအဓမ္မပြုကျင့်ပြီး နောက် ခြိမ်းခြောက်၍ ရဲစခန်းသို့ခေါ်ဆောင်သွားပြီး နိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်လာသည်ဟုဆိုပြီး ဖမ်းဆီးစေခဲ့သည်။
တရားခံသည် လက်နက်အသုံးပြု၍ အရွယ်မရောက်သေးသူ တစ်ဦးတစ်ယောက်ထံ လုယက်ခြင်း ခြိမ်းခြောက်ခြင်း အဓမ္မပြုကျင့်ခြင်း အစရှိသည့်ပြစ်မှုများကျူးလွန်သည်မှာထင်ရှားသဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
လက်နက်အသုံးပြု၍ အရွယ်မရောက်သေးသူ အသက် ၁၅ နှစ်အထက် ရှိသော လူတစ်ဦးအပေါ် မဖွယ်မရာ ပြုခြင်း ခြိမ်းခြောက်ခြင်း၊ တစ်ပါးသူကို ချုပ်နှောင်ခြင်း ညစ်ညမ်းရုပ်ပုံစာပေ လက်ဝယ်ပိုင်ဆိုင်ခြင်းအစရှိသည့် ဥပဒေ ချိုးဖောက်အဖြစ် ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသလို လက်နက်အသုံးပြု၍ အဓမ္မပြုကျင့်ခြင်း သည်လည်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၅ နှစ် နှင့် ခွင့်ပြုချက်မရှိဘဲ ရေဒီယို ဆက်သွယ်ရေး ကိရိယာ (ဝေါ်ကီတော်ကီ) အသုံးပြုမှုကြောင့် ဒဏ်ငွေ ၄,၀၀၀ ဘတ် ချမှတ်လိုက်သည်။
တရားခံသည် ကျူးလွန်ထားသည့်အမှုအားလုံးကို ဝန်ခံသဖြင့် ထောင်ဒဏ် ၁၂ နှင့် ၂၁ လ ဒဏ်ငွေ ၂၀၀၀ ဘတ် ချမှတ်လိုက်သလို နစ်နာဆုံးရှုံးသူထံမှ မတရားလုယက်ရယူထားသည့် ဖုန်း ၃,၀၀၀ တန် နှင့် ငွေ ၅၀၀ဘတ် အပါအဝင် နစ်နာဆုံးရှုံးသူအတွက် လျှော်ကြေးအဖြစ် ၃၅၁,၇၆၀ ဘတ် နှင့် ၃၁ ရက် မတ်လ ၂၅၅၆ ခုနှစ်မှစ၍ နှစ်စဉ်အတိုးကြေး တစ်ရာလျှင် ၅ ဘတ်နှုံးဖြင့်ပေးချေရမည်ဖြစ်ကြောင်း စီရင်ချက်အမိန့်ချမှတ်လိုက်သည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း သည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေရေးရာ အကူအညီများပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်အဖွဲ့ဖြင့် ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့သည် ထို့အပြင် ဖောင်ဒေးရှင်းသည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ တရားဥပဒေဆိုင်ရာ အခွင့်အရေးများကို မြှင့်တင်ရာတွင်လည်း အခန်းကဏ္ဍအလိုက် တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးလျှက်ရှိသည်၊၊
Video https://www.youtube.com/watch?v=WQMdgB_I2CE
