၂၉ ဇူလိုင် ၂၅၆၅
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် တာ့ခ်ခရိုင် ကူးစက်ရောဂါကော်မတီ၏ ကြေညာချက်အမှတ် ၁/၂၅၆၅ ကို ပရုပ်သိမ်းကြောင်းထုတ်ပြန်ကြေညာခြင်း။
နိုင်ငံတော်ဝန်ကြီးချုပ်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှစတင်၍ နိုင်ငံတော်တဝှမ်းရှိ နေရာဒေသအားလုံးကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီးသည့် နောက် အရေးပေါ်အခြေအနေကြေငြာချက်ကို ကျင့်သုံးမည့်ကာလကိုလည်း လိုအပ်သလို သက်တမ်းတိုးခဲ့သည်မှာနောက်ဆုံးရက်အဖြစ် ၂၅၆၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။
ထိုသို့အချိန်ကာလအတိုင်းအတာတစ်ခုအထိသက်တမ်းတိုးမြှင့်ခြင်းကြောင့် တာခ်ခရိုင် ကူးစက်ရောဂါကာကွယ်တားဆီးရေးကော်မတီက ဖေဖော်ဝါရီ ၁ ရက်၊ ၂၅၆၅ ခုနှစ် ကြေညာချက်အမှတ် ၁/၂၅၆၅ခုနှစ် ကို ထုတ်ပြန်ခဲ့ရခြင်းလည်းဖြစ်သည်။
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် စီးပွားကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ လုပ်ငန်းနှင့် အလုပ်အကိုင် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို နှစ်နိုင်ငံအစိုးရတို့၏အပြန်အလှန်နားလည်မှု စာချွန်လွှာအရ (MOU) အလုပ်သမားတင်သွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်၂ ကိုလည်း ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉) စီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာအမှတ် ၁၁/၂၅၆၅ ဖြင့် သဘာ၀ဘေးအန္တရာယ်နှင့်ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာစီစဉ်ဆောင်ရွက်မှုအက်ဥပဒေ ပုဒ်မ ၉ အရ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် နှင့် လမ်းညွှန်ချက်များ ပြဋ္ဌာန်းချင်နှင့်အညီ ထုတ်ပြန်လိုက်သည်။
အရေးပေါ်အခြေအနေများနှင့်စပ်လျဉ်း၍၂၅၄၈ (အမှတ် ၂၆)အရ သက်ဆိုင်သော အရေးကြီးကိစ္စများနှင့်နှစ်နိုင်ငံအစိုးရတို့၏ အပြန်အလှန် နားလည်မှု စာချွန်လွှာအရ (MOU) အလုပ်သမားတင်သွင်းခြင်း လုပ်ငန်းဖြင့် အလုပ်သမားခေါ်ယူလိုသော နိုင်ငံအတွင်းရှိ အလုပ်ရှင်များနှင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှု
အက်ဥပဒေ ပုဒ်မ ၆၄ နှင့်အညီ ကမ္ဘောဒီးယား မြန်မာ နိုင်ငံသားတို့အား ခေါ်ယူတင်သွင်းခြင်းလုပ်ငန်းစဉ်တို့သည် ကိုရိုနာဗိုင်းရပ်ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉) ကပ်ရောဂါအခြေအနေအရ အစီအမံများကို ချိန်ညှိရန်အတွက် လမ်းညွှန်ချက်များအား ၂၅၆၅ ခုနှစ် ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် ရ.၀ ၀၃၁၆.၄/၀ ၁၃၉၁၃ တွင် ဖော်ပြထားသည့် နှစ်နိုင်ငံအစိုးရတို့၏ အပြန်အလှန် နားလည်မှု စာချွန်လွှာအရ (MOU) အလုပ်သမားတင်သွင်းခြင်း လုပ်ငန်းဖြင့် အလုပ်သမားခေါ်ယူ တင်သွင်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်၍ နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ထိန်းချုပ်ရေးအစီအမံများသီးသန့်နေထိုင်မှုပုံစံများ ချမှတ်ထားရှိမှုအားလုံးကို ပြန်လည်ရုပ်သိမ်းခြင်းဖြင့် တာ့ခ်ခရိုင်မှ ၂၅၆၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အမှတ် ၁၈၅၆/၂၅၆၅ ခုနှစ် အပိုဒ် ၃၊ ပထမအပိုဒ်၊ တာ့ခ်ခရိုင်အပါ၀င် တိုင်းနှင့်ပြည်နယ်အနှံ့ အလုပ် လုပ်ကိုင်များ ပုံမှန်လုပ်ငန်းဆောင်တာများအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်သည့် ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းမျဉ်းများအောက်တွင် လည်ပတ်နိုင်ပြီးဖြစ်သည်။
သဘာ၀ဘေးနှင့်ကူးစက်ရောဂါကာကွယ်တားဆီးရေးအက်ဥပဒေ ၂၅၅၈ ခုနှစ် ပုဒ်မ ၂၂ (၃) အရ ထုတ်ပြန်ထားသော စည်းမျဉ်း
ဖြစ်ကြသည့် ၂၅၅၈ ခုနှစ် ထုတ်ပြန်ချက် အမှတ် ၁ ကျင့်သုံးရန်ထုတ်ပြန်သည့် ၂၅ ဇွန် ၂၅၆၅ ခုနှစ် ထုတ်ပြန်ချက်များ၂၅၆၃ ခုနှစ် ထုတ်ပြန်ချက် အမှတ် ၃၇ ကျင့်သုံးရန်ထုတ်ပြန်သည့် ၃၀ အောက်တိုဘာ ၂၅၆၄ ခုနှစ် ထုတ်ပြန်ချက်များနှင့် ၂၃ ဇွန် ၂၅၆၅ ခုနှစ် ထုတ်ပြန်ချက် အမှတ် ၄၆ ထုတ်ပြန်ချက်များအားလုံးကို ခရိုင်အုပ်ချုပ်ရေးမှုးမှ သဘာ၀ဘေးနှင့်ကူးစက်ရောဂါကာကွယ်တားဆီးရေးကော်မတီ၏ ၂၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်သည့် ၂၇ ဇူလိုင် ၂၅၆၅ ခုနှစ် ၏အတည်ပြုဆုံးဖြတ်ချက်ကို သဘောတူလက်ခံ၍ သဘာ၀ဘေးနှင့်ကူးစက်ရောဂါကာကွယ်တားဆီးရေးကော်မတီ၏ ၁ ဖေဖော်ဝါရီ၂၅၆၅ ခုနှစ် ထုတ်ပြန်ချက်အမှတ် ၁/၂၅၆၅ ခုနှစ် အား ရုပ်သိမ်းကြောင်းထုတ်ပြန်ကြေညာသည်။
ဤထုတ်ပြန်ချက်သည် ၂၇ ရက် ဇူလိုင်လ ၂၅၆၅ ခုနှစ်မှစတင်၍ သက်၀င်သည်။
(နိုင်စူမ်ချိုင် ကစ်ကျရေဲန်ရုင်ရို့တ်)
ခရိုင်အုပ်ချုပ်ရေးမှူး
သဘာ၀ဘေးနှင့်ကူးစက်ရောဂါကာကွယ်တားဆီးရေးကော်မတီဥက္ကဌ နှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဒါရိုက်တာ တာခ်ခရိုင်
