(ပန်းရောင်ကဒ်)အသစ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြည်ထဲ ရေး၀န်ကြီးဌာနမှထုတ်ပြန်။

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တရားမ၀င် နိုင်ငံခြားသား ကမ္ဘောဒီးယား လာအို မြန်မာနှင့်ဗီယက်နမ် ၄ နိုင်ငံသားတို့အား နေထိုင်ခွင့် အလုပ် လုပ်ခွင့်အတွက် အလုပ်သမားစာရင်းတင်သွင်းခြင်း(ပန်းရောင်ကဒ်)အသစ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြည်ထဲ ရေး၀န်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

1. အလုပ်ရှင်သည် အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန ကျဟာငန်သို့ အလုပ်သမားအမည်စာရင်း (Name list)နှင့် အလုပ်သမား၏ကြည်လင်ပြတ်သားသောဓါတ်ပုံတို့ကိုပူးတွဲ၍ ‌၌ကြေငြာချက်ထုတ်ပြန်သည့်ရက်မှစတင်၍ ၁၅ ရက်အတွင်း သက်၀င်သည်ဖြစ်၍ တင်သွင်းရမည်ဖြစ်သည်။

2. နိုင်ငံခြားသားတစ်ဦးကိုယ်စား အလုပ်လုပ်ခွင့်လျှောက်လွှာတင်ခြင်းကို အလုပ်သမား အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီး ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားစာရင်း မှတ်ပုံတင်ဌာနတွင် လျှောက်လွှာတင်သွင်းမှု၏၀န်‌ဆောင်ခအဖြစ် တစ်ဦးလျှင်တစ်စောင်နှုန်းဖြင့် တစ်စောင်လျှင် ၁၀၀ ဘတ် နှင့် အလုပ်လုပ်ခွင့်၀ါခ်ပါမစ် လက်မှတ်ခ ၉၀၀ ဘတ်ကို ဌာန၏ ကရုန်ထိုင်း ဘဏ် ( Krung Thai Bank) မှတဆင့် ၀န်ဆောင်ခ အခကြေးပေးသွင်းရမည်ဖြစ်သည် ထို့နောက်အလုပ် လုပ်ခွင့် ဝါခ်ပါမစ်လျှောက်လွှာနှင့် QR Code ကိုထုတ်ပေးမည်ဖြစ်သည်။

ထို့နောက် Krung Thai Bank မှ အလုပ်ရှင်အား ငွေ‌ချေ
ပြေစာထုတ်ပေးမည်ဖြစ်သည် နိုင်ငံခြားသားအလုပ်သမားသည် အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာနှင့် ပြေစာတို့ကို အလုပ်လုပ်ကိုင်ခွင့်အဖြစ် ကိုင်ဆောင်၍ အထောက်အထားအဖြစ် အသုံးပြုရမည်။ နိုင်ငံခြားအလုပ်လုပ်ကိုင်ခွင့် စီမံခန့်ခွဲမှုဥပဒေအရ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကဒ် မထုတ်ပေးမချင်းကိုင်ဆောင်ထားရမည်ဖြစ်သည်။

၃။ နိုင်ငံခြားသားကိုင်‌ဆောင်ထားသည့် အလုပ် လုပ်ခွင့်လက်မှတ်လျှောက်ထားခြင်းစာရွက်နှင့် ငွေချေစာရွက် တို့ကိုကိုင်ဆောင်၍ လူမှုဖူလုံရေးအာမခံ ပေးသွင်းသူအဖြစ် မှတ်ပုံတင်ထားရမည်ဖြစ်သည် လူမှုဖူလုံရေး ပကန်ဆာခူမ် အသုံးပြုရန် သတ်မှတ်ချိန်မပြည့်မီကာလတွင် ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အတိုင်း အစိုးရဆေးရုံ သို့မဟုတ် ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ကျန်းမာရေးအာမခံ ဝယ်ယူအသုံးပြုထားရမည်ဖြစ်သည်။
ထို့နောက် ကျန်းမာရေးအာမခံ၀ယ်ယူထားကြောင်း လူမှုဖူလုံရေးအာမခံလျှောက်ထားကြောင်းကိုလည်း အလုပ်သမားမှတ်ပုံတင်ဌာနသို့ ၁၃ ဖေဖော်ဝါရီလ ၂၅၆၆ ထက်နောက်မကျဘဲတင်ပြရမည်ဖြစ်သည်။

4. အလုပ်ရှင်သည် အလုပ်သမားကိုခေါ်ယူ၍ လူ၀င်မှုကြီးကြပ်ရေးဌာန (တောမော)တွင် အလုပ်သမား၏ ကိုယ်ရေးအချက်အလက် (Data) စုဆောင်းခြင်းလုပ်ငန်းနှင့် ဥပဒေအရတားမြစ်ထားသည့်ရောဂါ ၆မျိုး ရှိမရှိ (ကျန်းမာရေးစစ်ဆေးခြင်း) ကိုလည်းဘဲ ၁၃ ဖေဖေါ်ဝါရီလ ၂၅၆၆ ခုနှစ်လျှောက်ထားရမည်ဖြစ်သည်။ ထိုနောက် ထိုအလုပ်သမားမိားကို ထိုင်းနိုင်ငံသား မဟုတ်သော အလုပ်သမားမှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံခြားသားအလုပ်သမားသည် ‌ယာယီနေထိုင် အလုပ် လုပ်ကိုင်ကိုဘ၁၃ရက် ဖေဖော်ဝါရီလ ၂၅၆၆ ခုနှစ်ရရှိသွားမည်ဖြစ်သည့် ထို့နောက် ဆက်လက်၍ နေထိုင် အလုပ် လုပ်ကိုင်လိုသော နိုင်ငံခြားသားအလုပ်သမားသည် မူလနေထိုင် အလုပ် လုပ်ကိုင်ခွင့်သက်တမ်ူမကုန်ဆုံးမီ လျှောက်လွှာနှင့်အတူ ရက်ပေါင်း ၁၂၀ ထက် နောက်မကျစေဘဲ အလုပ်ပါမစ်သက်တမ်း တိုးပေးရန်လျှောက်ထား ရမည်ဖြစ်သည်။
ဗီဇာ သို့မဟုတ် နိုင်ငံတော်အတွင်း ကာလကြာရှည်နေထိုင်ခွင့်အတွက် (VISA) ကို တစ်ကြိမ်လျှင် ၁ နှစ် နှုန်းဖြင့်၂ကြိမ် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ၁၃ရက် ဖေဖော်ဝါရီလ ၂၅၆၈ခုနှစ် အထိ နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်သည်။

အလုပ်ရှင်များ သို့မဟုတ် နိုင်ငံခြားအလုပ်သမားများ‌ အနေဖြင့်အသေးစိတ်သိရှိလိုပါက ခရိုင်အသီးသီးရှိ အလုပ်အကိုင်ရှာဖွေရေးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Bangkok Employment Office Areas 1-10 သို့မဟုတ် Ministry of Labor Hotline တွင် 1506 သို့ ဖုန်းခေါ်ဆိုပြီး 2 ၊ အလုပ်ဌာန၊ သို့မဟုတ် အလုပ်အကိုင်ဌာန၏ hotline 1694 သို့ခေါ်ဆိုပါ။

ထိုင်းလိုအပြည့်အစုံ ဖတ်ရန်။

https://bit.ly/3NY2HxY

Leave a comment