ကက်ဘိနက်အဖွဲ့မှ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ နိုင်ငံခြားသားအလုပ်သမား များဖြစ် ကြသည့် ကမ္ဘောဒီးယား လာအို မြန်မာနှင့် ဗီယက်နမ် ၄ နိုင်ငံသားတို့အား ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နစ်နာဆုံးရှုံးမှု အတွက် ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန်လက်ခံ။

၅ ဇူလိုင် ၂၀၂၂

ယနေ့ ဇူလိုင်လ ၅ ရက် ၂၀၂၂ ခုနှစ်နေ့တွင် ဝန်ကြီးချုပ်ရုံးက  ပြောရေးဆိုခွင့်ရှိသူမှ ကက်ဘိနက်အဖွဲ့မှ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ကိုဗစ် ၁၉ကာကွယ်ထိန်းချုပ် ရေး အစီအမံများ ဖြေလျှော့ပေးပြီးနောက် ပြန်လည်ထူထောင်ရေးတွင် နိုင်ငံခြားသားအလုပ်သမား များဖြစ် ကြသည့် ကမ္ဘောဒီးယား လာအို မြန်မာနှင့် ဗီယက်နမ် ၄ နိုင်ငံသားတို့အား ပံ့ပိုးကူညီမှုအဖြစ် အသုံးပြုရန် အစိုးရအဖွဲ့မှ အောက်ပါအတိုင်းအတည်ပြုလိုက်ပါသည်။

၁. နိုင်ငံခြားသားတို့ထဲမှ ကက်ဘိနက်အဖွဲ့၏အတည်ပြုပြဌာန်းထားသော တရားဝင်စာရင်း တင်သွင်းထားပြီးဖြစ်သည့်  ၂၉ ဒီဇင်ဘာ ၂၀၂၀ ခုနှစ် ၁၃ ဇူလိုင် ၂၀၂၁ ခုနှစ် ၂၈ စက်တင်ဘာ ၂၀၂၁ ခုနှစ် အရ  လူဦးရေ ၁,၆၉၀,၀၀၀ ဦးတို့အား ဆက်လက်နေထိုင် အလုပ် လုပ်ကိုင်ရန်အတွက် ၁၃ ဖေဖော်ဝါရီ ၂၀၂၅ အထိ ခွင့်ပြုလိုက်သည်၊၊  

၂၊၊  နိုင်ငံခြားသားတို့ထဲမှ တရားဝင်မဖြစ်သေးသော အုပ်စု လူဦးရေအားဖြင့် ၁၂၀,၀၀၀ ဦးရှိပြီး အလုပ်ရှင်နှင့်အတူ အလုပ် လုပ်ကိုင်လိုပါက ၁၃ ဖေဖော်ဝါရီလ ၂၀၂၃ ထက်မကျော်သောကာလအတွင်း ယာယီနေထိုင် လုပ်ကိုင်ခွင့်ပြုပြီး  ဆက်လက် နေထိုင် လုပ်ကိုင်လိုပါက ၁၃ ဖေဖော်ဝါရီ ၂၀၂၅ အထိ ထပ်မံ ခွင့်ပြုပေးသွားမည်ဖြစ်သည် သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့်ဌာန တို့၏ ပြဌာန်းထား သည့် စည်းမျည်းအတိုင်းဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်သည်။ 

တရားဝင်ဖြစ်သော နိုင်ငံခြားသားအလုပ်သမားအုပ်စု သို့မဟုတ် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် ၁၃ ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ်တွင်သက်တမ်းကုန်ဆုံးမည့် အုပ်စုသည် ၂ စုရှိပြီး ၁အုပ်စုတွင်  အလုပ် လုပ်ခွင့်လက်မှတ်စာရင်းတင်သွင်းထားပြီး နိုင်ငံအတွင်းနေထိုင်ခွင့်အဖြစ် ၁ ဩဂုတ် ၂၀၂၂ ခုနှစ်အထိ ရရှိထားသည့်အုပ်စုသည် ဆက်လက်နေထိုင် အလုပ် လုပ်ကိုင်လိုပါက မူလ သက်တမ်းမကုန်ဆုံးမီ သက်တမ်းဆက်ရမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်သက်တမ်း(၁၃ဖေဖော်ဝါရီ ၂၈) အထိရရှိသွားမည်ဖြစ်သည်  အုပ်စု ၂ သည်  တရားဝင်မဖြစ်သေးသော နိုင်ငံခြားသား အလုပ်သမား ကမ္ဘောဒီးယားလာအို မြန်မာနှင့်ဗီယက်နမ်  ၄ နိုင်ငံသားတို့သည်  အလုပ်ရှင်မှ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန သို့ အမည်စာရင်း (Name list) တင်သွင်းထားရမည်ဖြစ်ပြီး ထို့နောက် အလုပ် လုပ် ခွင့်လက်မှတ်လျှောက်ထားမှုကို ကို ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက်ထားရှိရမည်ဖြစ်သည်။   

ဤအလုပ်သမားအုပ်စုသည်လည်း နေထိုင် အလုပ် လုပ်ကိုင်ခွင့်ကို ၁၃ ဖေဖော်ဝါရီလ ၂၀၂၃ အထိရရှိမည်ဖြစ်ပြီး ဆက်လက် နေထိုင် အလုပ် လုပ်ကိုင်လိုပါက မူလ သက်တမ်းမကုန်ဆုံးမီ သက်တမ်းဆက်ရမည်ဖြစ်ပြီး ၁ နှစ် တစ်ကြိမ်နှုန်းဖြင့် ၂ ကြိမ် (၁၃ဖေဖော်ဝါရီ ၂၅)အထိ သက်တမ်းရရှိသွားမည်ဖြစ်သည်။

မှတ်ချက် ကုန်ကျစာရိတ်မှာ
ဝန်ဆောင်ခ ၁၀၀ ဘတ်နှင့် အလုပ် လုပ်ခွင့်လက်မှတ်ခ အတွက် ၉၀၀ ဘတ် သာဖြစ်သည်။
ထို့နောက် အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရရှိသည်အထိ ငွေချေပြေစာကိုအစားထိုး ကိုင်ဆောင်ထားရမည်ဟု သတ်မှတ်ထားသည်။

မည်သို့ဆိုစေ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနတို့၏ အမိန့်စာထွက်ရှိပြီး ၎င်း အမိန့်စာစတင်အသက်ဝင်သည့်နေမှသာလျင် ပန်းရောင်ဘတ်ကတ်ကို စတင်ပြုလုပ်နိုင်မည်ဟု ဆိုသည်။



Leave a comment