မဲဆောက်တွင်နေထိုင်သည့် ရွေ့ပြောင်းလုပ်သားများထံမှ ဘတ်ပန်းရောင်ကဒ် ပြု့လုပ်ပေးမည်ဟုဆိုကာ ဘတ် (၃) သန်းနီးပါး လိမ်လည်တောင်းယူနေသည့် ချာလီအမည်ရှိ ပါတ်စပို့စ်ရုံကို ထိုင်းအာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီး

မဲဆောက်၊ ဇွန် ၂၄

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ နေထိုင်ခွင့်အထောက်အထား ဘတ်ပန်းရောင်ကဒ်ပြုလုပ်ပေးမည်ဟုဆိုကာ ဘတ်ငွေ (၃)သန်းနီးပါး လိမ်လည်တောင်းယူထားသည့် ချာလီအမည်ရှိ ပါတ်စပို့စ်ရုံးကို ထိုင်းအာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မဲဆောက်မြို့၊ မဲဆောက်ဈေးအနီး၊ အစ္စလာမ်စာသင်ကျောင်းနှင့် မျက်နှာ ချင်းဆိုင်ရှိ ချာလီပတ်စပို့စ်ရုံးတွင် နေထိုင်ခွင့် အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၄၀၀) ကျော်ထံမှ ဘတ်ပန်းရောင်ကဒ် ပြုလုပ်ပေးမည်ဟုဆိုကာ ဘတ်ငွေ (၃)သန်းနီးပါး လိမ်လည်တောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ ဇွန်လ ၂၄ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်ခန်က အဆိုပါ ပါတ်စပို့စ်ရုံးသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရုံးတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများကိုသာ ဖမ်းမိထားပြီး အဓိကတရားခံ ချာလီဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးထံမှ သိရသည်။

” ကျနော်တို့ကတော့ ဒီလိုအလိမ်လည်မခံရအောင် တတ်နိုင်တဲ့ဘက်နေပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်ပန်းရောင်ကဒ် ပြုလုပ်ပေးမယ်လို့ တရားဝင် ကြေညာထားတာမရှိသေးဘူး။ အွန်လိုင်ပေါ်မှာပဲဖြစ်ဖြစ် ပွဲစားတွေပြောလို့ပဲဖြစ်ဖြစ် သူတို့ပြောတာကို ယုံပြီးမလုပ်ကြဖို့ ပြောနေတဲ့ကြားကကို ဒီလိုဖြစ်သွားတယ်လို့ကြားတော့ သူတို့အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။နောက်ပြီး ထိုင်းအစိုးရက တရားဝင် ဘတ်လုပ်ခွင့်ပြုရင်လည်း နောက်ထပ်အလိမ်မခံရဖို့ တရားဝင် အေဂျင်စီရုံးတွေနဲ့သာ လုပ်ကိုင်ကြဖို့ကိုလည်း ပြောချင်ပါတယ် ” ဟု ‌ရွှေ့ပြောင်းလုပ်များအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

အဆိုပါ ချာလီဆိုသူသည် ယခင်ကလည်း မြန်မာရွှေ့ပြောင်းလုပ်သား များကို ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ပေးမည်ဟုဆိုကာ ထိုင်းလေဘာဦးစီးအရာရှိတစ်ဦးနှင့် ပူးပေါင်းလိမ်လည်မှုများပြုလုပ်ခဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းနှင့်အတူ စာရွက်စာတမ်းလိမ်လည်မှုများ များပြုလုပ်သူ ထိုင်းလေဘာရုံးမှ ဦးစီးအရာရှိမှာ ဖမ်းဆီးခံခဲ့ရပြီး မဲဆောက်တရားရုံးမှ ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

#မြဝတီမဲဆောက်မီဒီယာ

Leave a comment