ထိုင်းတွင် အလုပ်အကိုင် ၁၆ မျိုးကိုသာ အခြေခံလုပ်ခလစာတိုးမြှင့်ပေး …..


¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ထိုင်းနိုင်ငံတဝန်းရှိကာယလုပ်သားအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီအခြေခံလုပ်ခ
လစာတိုးမြှင့်ပေးခြင်းမပြုဘဲ အလုပ်အကိုင်စွမ်းရည်ကိုအခြေခံပြီး ကျွမ်းကျင်လုပ်သား ၁၆ မျိုးကိုသာ
အခြေခံလုပ်ခလစာတိုးမြှင့်ပေးရန် ထိုင်းတော်ဝန်ပြန်တမ်းက ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် အတည်
ပြုထုတ်ပြန်ထားသည်။
.
ကျွမ်းကျင်လုပ်သား ၁၆ မျိုးကိုသာ အခြေခံလုပ်ခလစာတိုးမြှင့်ပေးမည့်အဆိုပြုချက်ကို ထိုင်းလုပ်ခလစာ
ကော်မတီက လက်ခံဆွေးနွေးပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် (၂၀၂၂) တွင် အတည်ပြုထုတ်
ပြန်ခဲ့သည်ဟု ထိုင်းရတ်သတင်းဌာနကဖော်ပြထားသည်။
.
အဆိုပါလုပ်ခလစာ ၁၆ မျိုးကို အခြေခံလုပ်ခလစာတိုးမြှင့်ပေးရာတွင် ထိုင်းအမျိုးသားလုပ်သားစွမ်းရည်
စံညွှန်းအပေါ်အခြေခံပြီး ထည့်စဉ်းစားထားသည်ဟု ဆိုသည်။
.
ဆောက်လုပ်ရေးအလုပ်အကိုင် ၅ မျိုး
၁။ မျက်နှာကျက်တပ်ဆင်ကျွမ်းကျင်လုပ်သား ၁ ရက် ၄၅၀ ဘတ်မှ ၅၉၅ ဘတ်
၂။ ကွန်ပြူတာဖြင့်အဆောက်အဦးဒီဇိုင်းရေးဆွဲကျွမ်းကျင်လုပ်သား ၁ ရက် ၆၄၅ ဘတ်
၃။ နံရံနှင့်ကြမ်းခင်းကြွေပြားကပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်
၄။ ဆေးသုတ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၆၅ ဘတ် မှ ၆၀၀ ဘတ်
၅။ အပေါ့စားကွန်ကရစ်အုတ်ဆီကျွမ်းကျင်လုပ်သား ၁ရက် ၄၇၅ ဘတ် မှ ၅၇၅ ဘတ်
.
လက်မှုပညာအလုပ်အကိုင် ၄ မျိုး
၁။ ပန်းတိမ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်
၂။ ပရိဘောပကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၅၅၀ ဘတ်
၃။ ရှေးဟောင်းလက်ဝတ်လက်စားပန်းတိမ်ကျွမ်းကျင်လုပ်သား (ရှေးဟောင်းနည်း) ၁ရက် ၅၂၅ ဘတ်
၄။ ငွေထည်ကြေးထည်ကျွမ်းကျင်လုပ်သား ၁ရက် ၆၂၅ ဘတ်
.
ဝန်ဆောင်မှုအလုပ်အကိုင် ၇ မျိုး
၁။ အလုံးစုံကျန်းမာရေးမြှင့်တင်ရေးပညာရှင် ထိုင်း Sapaya (အနှိပ်ကုထုံး) ၁ ရက် ၄၆၀ ဘတ် မှ ၅၇၅ ဘတ်
၂။ မုန့်လုပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၀၀ ဘတ် မှ ၅၀၅ ဘတ်
၃။ ဧည့်ကြိုဝန်ထမ်း ၁ရက် ၄၄၀ ဘတ် မှ ၅၆၅ ဘတ်
၄။ စားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှု
လုပ်သမားများ ၁ ရက် ၄၄၀ ဘတ်
၅။ အမျိုးသမီးဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ စက် ၄၄၀ ဘတ် မှ ၆၅၀ ဘတ်
၆။ အမျိုးသားဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၆၃၀ ဘတ်
၇။ သက်ကြီးရွယ်အိုပြုစုရေး ၁ ရက် ၅၀၀ ဘတ်
.
ထိုင်းဉပရေအရ အဆိုပါအလုပ်အကိုင် ၁၆ မျိုးအနက် ဆောက်လုပ်ရေးအလုပ်အကိုင်မှ မျက်နှာကျက်တ
ပ်ဆင်ခြင်းလုပ်ငန်း၊ ကြွေပြားခင်းလုပ်ငန်း၊ ဆေးသုတ်လုပ်ငန်း၊ အုတ်ဆီလုပ်ငန်း၊ ဝန်ဆောင်မှုအလုပ်အ
ကိုင်မှ အစားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်း
၊ သက်ကြီးရွယ်အိုပြုစုရေးလုပ်ငန်း စသည့်လုပ်ငန်း ၆ မျိုးကိုသာ မြန်မာလုပ်သားများကိုလုပ်ကိုင်ခွင့်ပေး
ထားသည်ဟု သိရသည်။
.
ပလာတူး
Mingalapar samutsakorn

Leave a comment