အာဏာသိမ်းပြီးနောက် စစ်‌ဘေးဒုက္ခသည် ၁သန်းကျော်ရှိဟု UNHCR ထုတ်ပြန်

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၏ ထုတ်ပြန်ချက်အရ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာရသူအရေအတွက်သည် ၁သန်းကျော်သွားပြီ ဖြစ်သည်။ အဆိုပါအရေအတွက်တွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုပြီးသည့်နောက်ပိုင်း ပဋိပက္ခနှင့် လုံခြုံရေးစိုးရိမ်ရမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသည့် လူဦးရေ ၇သိန်းနီးပါးလည်း ပါဝင်ပါသည်။ OCHA ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့်ပတ်သက်သည့် နောက်ဆုံးထုတ်ပြန်ချက်အပြည့်အစုံကို https://reliefweb.int/node/3851998 တွင် ဖတ်ရှုပါ။

According to the UN Office for the Coordination of Humanitarian Affairs (OCHA), for the first time in Myanmar, the number of displaced is greater than 1 million. This includes almost 700,000 people displaced by the conflict and insecurity since the military coup in February 2021. Read OCHA’s latest Humanitarian Update: https://reliefweb.int/node/3851998

Leave a comment