ပညာရေး သုတေသနလုပ်ငန်းကို စိတ်ဝင်စားသူတွေအတွက် Action Research (လုပ်ငန်းသုတေသန) ကို ပညာရေးဝန်ကြီးဌာနက ပို့ချမည်

ပညာရေး သုတေသနလုပ်ငန်းကို စိတ်ဝင်စားသူတွေအတွက် Action Research (လုပ်ငန်းသုတေသန) ကို ပညာရေးဝန်ကြီးဌာနက ပို့ချမယ်

မေ ၂၇ ၊ ၂၀၂၂

ပညာရေးသုတေသနကို စိတ်ဝင်စားတဲ့သူတွေအတွက် ၈ ပတ်ကြာမြင့်မယ့် Action Research (လုပ်ငန်းသုတေသန) ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပို့ချသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Action Research (လုပ်ငန်းသုတေသန) ကို ပညာရေးသုတေသနကို စိတ်ဝင်စားတဲ့ CDM ပညာရေးဝန်ထမ်း ဆရာတွေ၊ ပညာရေးတက္ကသိုလ်တွေနဲ့ ပညာရေး ဒီဂရီကောလိပ်တွေက CDM ကျောင်းသားတွေကို စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက် စေဖို့ ရည်ရွယ်ပြီး ဩစတြေးလျနိုင်ငံက ကမ္ဘာ့အဆင့် ၂၀ ဝင်ဖြစ်တဲ့ ပညာရေး မဟာဌာနမှ ပညာရေးပညာရှင်နဲ့ မြန်မာနိုင်ငံမှ ပညာရေးပညာရှင်များ ပူးပေါင်းပြီး Action Research (လုပ်ငန်းသုတေသန) ကို အသိပညာများ ဖြန့်ဝေ တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

သင်တန်းကာလမှာ (၈)ပတ်ကြာမြင့်မည်ဖြစ်ပြီး Moodle learning platform ကို သုံးပြီး လေ့လာ သင်ယူနိုင်မှာ ဖြစ်ပြီး တော့ သင်တန်းက ရက်သတ္တပတ်ချင်းစီအလိုက် သင်ယူလေ့လာရမယ် သင်ခန်းစာတွေကို လေ့လာခြင်းနဲ့ လုပ်ငန်းပေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်အမှတ်ပေးပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ် ထုတ်ပေးမှာဖြစ်တယ် လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူတွေအနေနဲ့ https://forms.gle/BNeYinNrRdVvMRS47 ဆီ မေ ၃၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီးတော့ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းသားရွေးချယ်ရေးအဖွဲ့က သေချာစိစစ်ပြီး သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရပါက သင်တန်းသားတတွေရဲ့ ဖြည့်သွင်းထားတဲ့ email တွေဆီကို ဇွန် ၇ ရက် နောက်ဆုံးထားပြီး တက်ရောက်ရမယ့် သ င်တန်းလင့်နဲ့ သင်တန်းနဲ့ ပတ် သက်တဲ့ အသေးစိတ်သတင်းအချက်အ လက်တွေကို ပေးပို့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတိပြုရမယ့် အချက်ကတော့ Registration form မှာ မှားယွင်းဖြည့်စွက်ထားခြင်း၊ သင်တန်းနဲ့ ကိုက်ညီခြင်းမရှိပါက ချန်လှပ်ထားခဲ့မှာဖြစ်တယ်ဆိုပြီးတော့လည်း အသိပေးထားတာ တွေ့ရပါတယ်။

#SpringReovlution

#PVTV

#PVTVNews

#PVTV Telegram Channel – https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Leave a comment