၃၁ မေ ၂၀၂၂ နံနက် ၂:၄၀
ဤဥပဒေကို ဇွန်လ ၁ရက်နေ့မှ ၂၅၆၅ (၂၀၂၂) စတင်ကျင့်သုံး
သွားမည်ဖြစ်ပြီး ဘာတွေပါ၀င်သလဲ ဘာတွေသိထားသင့်လဲ
နောက်ဘယ်လိုလုပ်ရမလဲ?
ထိုင်းတွေကသိထားတော့ ထိုင်းရောက်ရွှေ့ပြောင်းတွေလည်း သိထားဖို့လိုပါတယ် အခန့်မသင့်လို တရားစွဲခံရရင် ပြဌာန်းသည့်ဒဏ်ငွေက နည်းနည်းမဟုတ် ဘတ်၅သန်း တောင်မှ ဆိုတော့ ရွှေ့ပြောင်းတွေထံငွေညစ်ချင်သူက အမှုဖွင့်တရားစွဲရင် ငွေကုန်အကျဉ်းကျနိုင်တယ်လေ။
ဒါကြောင့်မသိလို့မဖြစ်ပါ။
TikTok You tube Facebook မှာတင်ထားကြပါတယ် သို့သော်လည်း သိကြတဲ့ လေးချက်သာတင်ကြတယ် ဒါကြောင့် ဒီထက်ပိုသိရအောင်ဘာသာပြန်တင်ပေးလိုက်ပါတယ်။
PDPA ဆိုတာဘာလဲ?
Personal Data Protection Act..
พรบ. คุ้มครองข้อมูลส่วนบุคคล
ကိုယ်ရေးကိုယ်တာဒေတာအချက်အလက်ကာကွယ်ရေးဥပဒေ
ဟုခေါ်ပါသည်။
ဥပဒေအရ လူတစ်ဦးတစ်ယောက်ကို သက်ရှိဖြစ် သက်မဲ့ဖြစ်စေ
သို့မဟုတ် တိုက်ရိုက်ဖြစ်စေ အွန်လိုင်းကတဆင့်ဖြစ်စေ စီးပွားရေး အသေးစားအကြီး လုပ်ကိုင်သူဖြစ်စေ မည်သည့် လူတန်းစားဖြစ်စေ
ကင်မရာဖြင့် သို့ ဖုန်းဖြင့် ပုံရိုက်ခြင်း selfie ရိုက်ခြင်းကြောင့် တစ်ပါးသောပုဂ္ဂိုလ် ပါ၀င်ပါက ဥပဒေ မိမိသည် ပြစ်မှုကျူးလွန်သူဟု ဆိုသည်။
အကယ်၍ မိမိသည် အစည်းအဝေး သင်တန်းတက်ရောက်ခြင်း
အလုပ်လျှောက်ခြင်းပြုလုပ်ခဲ့ဖူးပြီးမိမိ၏ မှတ်ပုံတင်၊ ဓါတ်ပုံပါသည့် စာရွက်စာတမ်းပေးခဲ့မိပြီးနောက် ထိုစာရွက်စာတမ်းသည် နောက်တစ်ခြားတစ်နေရာကနေ ငှက်ပျောသီး သို့ အခြားတစ်ခုခု ထုတ်ပိုးရာတွင်အသုံးပြုသည်ကိုတွေ့ရှိပါက တရားစွဲ၍ ရနိုင်ပါသလား ဟုမေးစရာဖြစ်လာသည်။
PDPA အပြင် နောက်ထပ်တစ်ခုက PN နှင့် DPO တို့ကရော
ဘာတွေလဲ?
PDPA က Personal Data Protection Act..
PN သူက Privacy Notice ဟုခေါ်ပြီးကိုယ်ရေးကိုယ်တာ အချက်အလက်ဟုဆိုသည်။
DPO ကတော့ (Data Protection Officer) ဟုခေါ်ဆိုသည်သူကရော စက်ရုံ အလုပ်ရုံတိုင်းမှာရော DPO ဆိုသည့် ကိုယ်ရေး ကိုယ်တာအချက်အလက် ထိန်းသိမ်းစောင့်ရှောက်သည့်၀န်ထမ်း ရှိကြပါသလားဟုမေးခွန်းထုတ်စရာဖြစ်နေပါသည်။
ထို့ကြောင့် အလုပ် လုပ်ဆောင်သည့်နေရာမှာ သဘောတူညီကြောင်း လက်ခံကြောင်း ခွင့်ပြုပါကြောင်း ( consent )လက်မှတ်ထိုးဖို့
တောင်းရမည်ဆိုသည့်သဘောဆောင်နေပါသည်။
အထူးသတိထားရမည့်အချက်။
၁။ ဓါတ်ပုံဗွီဒီယို live လွှင့်ခြင်း ကိုမည်သည့်နည်းဖြင့်ရိုက်ကူးနေစေကာမူ တစ်ပါးသူ၏မျက်နှာမပါ၀င်စေရ မရိုက်မိစေရ။
ပုဒ်မ ၈၃ အရ ဒဏ်ငွေ ၃,၀၀၀,၀၀၀ သုံးသန်း
၂။ မည်သည့် social media ဖြစ်စေ တစ်ပါးသောသူ၏ပုံရိပ် သို့မျက်နှာပါ၀င်သည့် ပုံ ဗွီဒီယို တို့ကို ပိုစ့်တင်ခြင်း တစ်ပါးသူတင်ထားသည်ကို ပြန်လည် မျှဝေခြင်း Share ပြုလုပ်ခြင်းသည်လည်း ခွင့်ပြုမရဘဲ မပြုလုပ်ရ။
ပုဒ်မ ၇၉ (၂) အရ ၁ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ၁၀၀၀,၀၀၀ တစ်သန်းထက်မပိုသောဒဏ်ငွေ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။
၃။ အိမ်အပြင်ဘက်သို့ CCTV ကင်မရာတပ်ဆင်ထားပါက
အသိပေးစာကပ်ထားရမည် ဖြတ်သန်းသွားလာသူ၏ ပုံဗွီဒီယို ရိုက်ထားမှုအတွက် ခွင့်ပြုချက်တောင်းခံစာ ကပ်ထားရမည်။
၄။ တစ်ပါးသောသူ၏ အချက်အလက်များကို သိမ်းဆည်းထားခြင်း
မျှဝေခြင်း အများမြင်အောင်social media မှတဆင့်တင်ခြင်း
အချင်းချင်းမျှဝေခြင်းများမပြုလုပ်ရ။
တစ်ပါးသူ၏ပုံများပါလာ၍ ထိုသူသည် မည်သူမည်ဝါဖြစ်ကြောင်းသိသာထင်ရှားပါက ဥပဒေအရ မှားယွင်းသည် ဥပဒေချိုးဖောက်သည်ဟုဆိုသည်။
// ခြွင်းချက် ထိုသို့သောသူ၏ခွင့်ပြုချက်ရထားသူမှအပ သို့မဟုတ် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။
လိုက်နာဆောင်ရွက်မှုမရှိပါက အမြင့်ဆုံးဒဏ်ငွေ ၅ သန်းဘတ် အထိချမှတ်ခံရနိုင်သည်။
အခြားသိထားသင့်သည်ဘအချက်မှာ….
၁။ အွန်လိုင်းမှတဆင့်ပစ္စည်း ဈေးရောင်းချရာတွင် အီးမေးလ်များ
ပေးပို့ခြင်းကို စပမ်း Spam အဖြစ် သတ်မှတ်ခံရ၍ တရားစွဲခံရပါကဒဏ်ငွေ ၂၀၀,၀၀၀ ဘတ် ချမှတ်ခံရမည်။
၂။ အွန်လိုင်ဈေးဆိုင်အဖြစ် Facebook, IG တွင် တင်ပြထားမှုသည်စပမ်း Spam အဖြစ် သတ်မှတ်ခံရ၍ တရားစွဲခံရပါကဒဏ်ငွေ ၂၀၀,၀၀၀ ဘတ် ချမှတ်ခံရမည်။
၃။ အွန်လိုင်းပေါ် တစ်ပါးသူအား ဆဲရေးတိုင်းထွာ သည့်ပို့စ်တင်ပါက သို့မဟုတ် အချက်အလက်အမှန်အကန်မရှိဘဲ ပြန်တည်းဖြတ် တင်ဆက်ခြင်း ပြုလုပ်ပါက ရာဇ၀တ်မှု ပြစ်မှုဆိုင်ရာဥပဒေ ၃ နှစ် ထက်မကျော်သောထောင်ဒဏ်၊ ၂၀၀,၀၀၀ ထက်မပိုသောငွေဒဏ်ချမှတ်
ခံရမည်။
၄။ Face Page တို့မှတဆင့် ထင်မြင်ချက် comment ပေးရာတွင် မည်သည့်ဥပဒေ ချိုးဖောက်သည့်စာသားကိုမဆို မတင်ရ။
(အက်မင်မှလည်း ထိုစာသားများကို ပယ်ဖျက်ရမည်။
မှားယွင်းသည်ဟုသိရှိပြီး ပြန်လည် ဖျက်ပါက ထိုသူအား ပြစ်မှုမှတရားသေ လွှတ်ကြောင်း သတ်မှတ်မည်ဖြစ်သည်)
၅။ social media မှတဆင့် ကလေးများ၏ပုံ မျက်နှာတို့ကို
ဂုဏ်ပြုခြင်း ချီးမြှောက်ခြင်းအစရှိသည့်ပုံရိပ်မှလွဲ၍ ကလေးနှင့်
လူငယ်များ၏မျက်နှာကို ဖုံးထားခြင်းမရှိဘဲမတင်ရ။
၆။ မူပိုင်ခွင့်ပြုချက်မရဘဲ တေးသီချင်းစာသား၊ ဂီတ၊ ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများတစ်စုံတစ်ရာ တည်းဖြတ်ခြင်းမပြုလုပ်ရ။
၇။ ညစ်ညမ်းသောပို့စ်များတင်၍ လူထုကို ဖြန့်ဝေပေးခြင်းမပြုလုပ်ရ။
၈။ အက်ဥပဒေ နဲ့ငြိစွန်းခြင်းမရှိသည့် Like နှိပ်ခြင်းမှလွဲ၍ မှားယွင်းသည့်သတင်းအချက်အလက် အကြောင်းအရာများကို Like မပြုလုပ်ရ။
Like ပြုလုပ်ခြင်းသည် လူ့အဖွဲ့အစည်း၊နှင့် အများပြည်သူ့ရေးရာများအပေါ် ရည်ရွယ်ချက်ရှိရှိ ထိန့်လန့်စေလိုသည့်ဆန္ဒရှိ၏ဟုမှတ်ယူမည်။
၉။ အက်ဥပဒေ နဲ့ငြိစွန်းခြင်းမရှိသည့် Share နှိပ်ခြင်းမှလွဲ၍ မှားယွင်းသည့်သတင်းအချက်အလက် အကြောင်းအရာများကို Share မပြုလုပ်ရ။
Share ကိုနှိပ်ခြင်းသည် အများသူမြင်စေရန် မျှဝေခြင်းဖြစ်၏ ထိုမျှဝေသည့်သတင်းအချက်အလက်သည် လူ့အဖွဲ့အစည်း၊နှင့် အများပြည်သူ့ရေးရာများအပေါ် ထိခိုက်မှုရှိခြင်း။ စီးပွားရေး နိုင်ငံရေးတည်ငြိမ်မှုကိုပျက်ပြားစေခြင်း သို့မဟုတ် အခွင့်အရေးချိုးဖောက်ခြင်းကိုယ်ရေးအချက်အလက်မှားယွင်းခြင်းသည်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်ဟုမှတ်ယူမည်။
၁၀။ ခွင့်ပြုချက်မရှိဘဲ ကွယ်လွန်သူနှင့်ပတ်သက်သော အချက်အလက်များကို အသုံးမပြု။
အသရေဖျက်မှု သို့မဟုတ် အသရေဖျက်သည်ဟု ကျန်ရစ်သူဆွေမျိုးများက တရားစွဲနိုင်သည်။
၁၁။ ခွင့်ပြုချက်မရှိဘဲ SMS ကြော်ငြာများပေးပို့ခြင်း မပြုလုပ်ရ။
လက်ခံသူမှ ထိုအချက်အလက်များကို ငြင်းပယ်ခွင့်ရှိသည်။
၁၂။ တစ်ပါးသောသူ၏ ပုံကိုအသုံးပြု၍ အကြိုးအမြတ်ရှာခြင်းမပြုလုပ်ရ။
နှုတ်ဆက်ခြင်း၊ နှုတ်ခွန်းဆက်ခြင်းကဲ့သို့သော မျှဝေထားသော ဓာတ်ပုံများကိုအသုံးပြုနိုင်သည်။
၁၃။ အက်ဥပဒေ နဲ့ငြိစွန်းခြင်းရှိသည့် အချက်အလက်များကို မိမိတို့၏ ကွန်ပျူတာထဲ သိုလှောင်ထားခြင်းမပြုလုပ်ရ။
တိုင်ကြားခံရသည်ကိုသိရှိ၍ ထိုအချက်အလက်များကို ဖျက်ဆီးပြီး တာ၀န်ရှိသူတို့စစ်ဆေးချိန် မတွေ့ရှိပါ အပြစ်မရှိမှတ်ယူနိုင်သည်။
