ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် – နိုင်ငံမဲ့အလုပ်သမားများတို့မှ အစိုးရအဖွဲ့အစည်း ၅ ခုကို ဗဟိုအုပ်ချုပ်ရေးတရားရုံးတွင် “ပုဒ်မ ၃၃ နှင့် အချင်းချင်းချစ်ကြသည် စီမံကိန်း  နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုအတွက် တရားစွဲဆို

ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် – နိုင်ငံမဲ့အလုပ်သမားများတို့မှ အစိုးရအဖွဲ့အစည်း ၅ ခုကို ဗဟိုအုပ်ချုပ်ရေးတရားရုံးတွင် “ပုဒ်မ ၃၃ နှင့် အချင်းချင်းချစ်ကြသည် စီမံကိန်”  နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုအတွက် တရားစွဲဆိုခဲ့ကြသည်။  

ကိုဗစ် -19 ဖြစ်ပွားမှုကြောင့် အခက်အခဲ အကြပ်အတည်းဖြစ်နေချိန်တွင် ထိုင်းအစိုးရမှ ပုဒ်မ ၃၃ နှင့်အညီ ငါတို့အချင်းချင်းချစ်ကြသည် ဆိုသည့် စီမံကိန်းဖြင့် ပြည်သူကိုထောက်ပံ့မှုပေးရာတွင် နိုင်ငံခြားသားများကို ထည့်သွင်းပေးခြင်းမရှိခဲပါ နိုင်ငံခြားသားများသည်လည်း လူမှုဖူလုံရေး ပုဒ်မ ၃၃ တွင် အာမခံပေးသွင်းထားသူ တစ်သန်းကျော်ရှိနေသည်

၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးဆောင်သော လူမှုူလုံရေးအာမခံထည့်ဝင်ထားသော ရွှေ့ပြောင်းအလုပ်သမားများနှင့် နိုင်ငံမဲ့ အလုပ်သမားများကွန်ရက်၊ တို့နှင့်အတူ ဗဟိုအုပ်ချုပ်ရေးတရားရုံးသို့ လူမှုဖူလုံရေးရုံး အပါအဝင် အစိုးရ အေဂျင်စီ ၅ ခု ဖြစ်သော အလုပ်သမားဝန်ကြီးဌာန ဘဏ္ဍာရေးဝန်ကြီးဌာန ချေးငွေစိစစ်ရေးကော်မတီ  နိုင်ငံတော်ဝန်ကြီးများရုံးတို့အား တရားစွဲဆိုခဲ့ကြဖြစ်သည်။

ပုဒ်မ၃၃နှင့်အညီငါတို့အချင်းချင်းချစ်ကြသည် ဆိုသည့်  စီမံကိန်းသည်ပြည်သူများအားသဘာဝဘေးကျ ရောက်သည့်အချိန်အခါတွင် ကဏ္ဍအလိုက်ခွဲတမ်းချကာ ကူညီခြင်း၊ ကုစားခြင်း၊ လျော်ကြေးပေးခြင်းများတွင် အသုံးပြုရန်အတွက် စီမံကိန်း တစ်ခုဖြစ်သည်။ တော်ဝင်အမိန့်စာအရ ငွေကြေးချေးငှားခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အလုပ်သမား ဝန်ကြီးဌာန၏ အဆိုပြုချက်ဖြင့် ကိုရိုနာဗိုင်းရပ် (Covid-19) ကပ်ရောဂါ ၂၀၁၉ (ကိုဗစ် ၁၉)  ကပ်ရောဂါကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုနှင့် စီးပွားရေးလုပ်ကိုင်သူများ လူ့အဖွဲ့အစည်းများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချမှတ်ပေးထားခြင်းဖြစ်သည် သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကက်ဘိနက် ဆုံးဖြတ်ချက်အရ ခွင့်ပြုထားသော စီမံကိန်းထဲတွင် ခွဲခြားသောအားဖြင့် ပုဒ်မ၃၃နှင့်အညီ လူမှုဖူလုံရေးထည့်ဝင်ပေးသွင်းထားသည့် “ထိုင်းနိုင်ငံသား” ဖြစ်ရမည် ဟုထည့်သွင်းထားခြင်းကြောင့် နိုင်ငံခြားသားများ ထိုစီမံကိန်း၏ ကုစားမှု ထောက်ပံ့မှုတွင်မပါဝင်ခဲ့ပေ။

 ထိုင်းနိုင်ငံသား နှင့် ထိုင်းလူမျိုးမဟုတ်သည့် နိုင်ငံခြားသားများသည်လည်း ပုဒ်မ ၃၃ နှင့်အညီ လူမှုဖူလုံရေး အာမခံပေးသွင်းထည့်ဝင်ထားသူ ၁ သန်းလောက်ရှိသည် ကိုရိုနာဗိုင်းရပ်ကာလ(ကိုဗစ်၁၉)အတွင်း နိုင်ငံခြားသား များလျော်ကြေးမရရှိခဲ့ကြပါ” ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ရှေ့နေ Pasuta Humkajon က သတင်းမီဒီယာများအားပြောကြားခဲ့သည်။

ယခင်ကလည်း ဤကဲ့သို့ ခွဲခြားဆက်ဆံသည့် စီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနသို့  လူမှုဖူလုံရေး အာမခံထည့်ဝင်ပေးသွင်းထားသော ရွှေ့ပြောင်းအလုပ်သမားတို့က တရားမျှတမှု မရှိသော ဆောင်ရွက်မှု ဖြစ်ခြင်း ကြောင့် ပြန်လည်သုံးသပ်‌ပေးရန် တိုင်ကြားစာတစ်ခု တင်သွင်းခဲ့ပြီးဖြစ်သည် ပုဒ်မ ၃၃ နှင့် အညီငါတို့အချင်းချင်း ချစ်ကြသည်  စီမံကိန်းမှ အစိုးရအဖွဲ့က ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း တုံ့ပြန်လာခဲ့သည်   သို့သော်လည်း  ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘီးအီး ၂၅၆၀ အရ ပုဒ်မ ၂၇၊ (၂) အရ “လူမျိုး” ဘာသာ “နိုင်ငံသား”အသားအရေ မတူခြင်းကြောင့်  မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရဟု ထည့်သွင်းရေးသားထားပြီးဖြစ်သည်။

ဤစီမံကိန်းတွင် ထိုင်းလူမျိုးသာဖြစ်ရမည် ဟုထည့်သွင်း ပြဋ္ဌာန်းထားခြင်းသည် လူမျိုးရေးကွဲပြားမှုအပေါ် တရားမျှတမှုမရှိဘဲ ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားများ နှင့်နိုင်ငံမဲ့ အလုပ်သမားများ ကွန်ရက်တို့မှ ရှု့မြင်မိသလို ဤအမှုကိုကိုင်တွယ်သည့် အဖွဲ့နှင့်ကိုယ်စားလှယ်များ သည်လည်း လက်မခံကြပေ။

ဤကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက် ၂၀၂၁ ခုနှစ်တွင် ရွှေ့ပြောင်းအလုပ်သမားများကွန်ရက်အဖွဲ့မှ  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ပုဒ်မ ၃၃ နှင့် ငါတို့အချင်းချင်းချစ်ကြသည် ဆိုသည့် စီမံကိန်းသည်  နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အသနားခံစာတင်ခဲ့ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီ ၁၀ ရက် ၂၀၂၂ ခုနှစ် မှာ ထိုအသနားခံစာတွေကို ထည့်သွင်းစဉ်းစားရန်လက်ခံခြင်းမရှိခဲ့ဘဲ ပုဒ်မ ၃၃ နှင့် ငါတို့အချင်းချင်းချစ်ကြသည် ဆိုသည့် စီမံကိန်းသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ စီမံကိန်းတစ်ခုသာ လျှင်ဖြစ်ကြောင်းအမိန့်ချလိုက်သည်။  ထို့ကြောင့် တရားစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသောကိစ္စရပ်များကို ဖြေရှင်းပေးရန်အတွက် ဗဟိုအုပ်ချုပ်ရေးတရားရုံးသို့ တရားစွဲဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ လူမှုဖူလုံရေးအာမခံထားသူ နိုင်ငံခြားသား ၁ သန်းလောက် ကုစားမှု ထောက်ပံ့မှုကို တန်းတူရရှိဖို့သာဖြစ်သည် သို့သော်လည်း ဗဟိုအုပ်ချုပ်ရေးတရားရုံးက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်သေးပါဘူး” ကိုဗစ် ၁၉ ဆိုသည့် ကူးစက်သော ကပ်ရောဂါ ကြောင့် ထိခိုက်ဆုံးရှုံးမှုသည် ထိုင်းပြည်သူတွေပဲ ထိခိုက်တာမဟုတ်ဘဲ လူသားအားလုံးကို ထိခိုက်စေတယ် ဆိုတာကို ထိုင်းလူထုကိုလည်းသိစေချင်ပါတယ် နောက်ပြီး တရားစွဲဆိုသည့်ကာလအတွင်းမှာ ထိုင်းလူမျိုး မဟုတ်သည့် အခြားသောနိုင်ငံခြားသားများကိုလည်း ထောက်ပံ့မှု ကုစားမှု ပေးသင့်တယ် ဆိုတဲ့ ထောက်ခံသဘောတူညီမှုရဖို့ ရန်အတွက်စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့ပြီး  ထောက်ခံသူများကလက်မှတ်ရေးထိုးထားသည့် နာမည်စာရင်းပေါင်း ၂,၁၉၈ ဦး စာရင်းပြုစုထားပြီး ထိုင်းလူ့အဖွဲ့အစည်းက ထိုင်းမဟုတ်သူတွေကို အသိအမှတ်ပြုပြီး ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေတာကို လက်ခံထားသည် ဟု Pasuta Humkajon ကပြောသည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ကျန်းမာရေး အာမခံကို ဝယ်ယူ၍ အလုပ် လုပ်ကိုင်နေကြရသလို နိုင်ငံအတွင်း နေထိုင်ရာတွင်လည်း အခွန်ပေးဆောင်ရကြောင်း အခြားအသုံးစရိတ်များအပြင် “အလကားနေထိုင်ဖို့ လာခဲ့တာ မဟုတ်ဘဲကြောင်း နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နေကြသူများဖြစ်သည့်အတွက်ကြောင့် ဘယ်သူ့ကိုမှ ပစ်ပယ်မထားခဲ့ချင်ဘူး” ဟု ပြောဆိုပါသည်။

နိုင်ငံမဲ့အလုပ်သမား တစ်ဦးဖြစ်သော နိုင် တေး ကလည်း “လူတွေဟာ တန်းတူညီမျှဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် လူမျိုးချင်း မတူပေမယ့် ထောက်ပံ့မှုပြုလုပ်ရာတွင် အတူတူဖြစ်သင့်ပါတယ်။ ပုဒ်မ ၃၃ အရ လူမှုဖူလုံရေးအာမခံငွေသည် လစဉ် ပေးသွင်းရသည်ဆိုပေမယ့် ပုဒ်မ ၃၃ နှင့် ငါတို့အချင်းချင်းချစ်ကြသည်ဆိုသည့် စီမံကိန်းက ဘာကြောင့် ထိုင်းလူမျိုးတွေကိုဘဲ ခွဲခြား၍ပေးတာလဲ ကျွန်တော်တို့ကိုယ်တိုင် လစဉ် ပေးသွင်းထားသည်မို ကျွန်တော်တို့ကိုလည်း ထောက်ပံ့မှု ကုစားမှုပေးသည့် စီမံကိန်းအရ ရသင့်သည်ဟု ခံစားမိသည်ဟု ဆိုပါသည်။

ထိုင်းလိုဖတ်လိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်နိုင်ပါသည်။
https://workpointtoday.com/hrdf-220528/?fbclid=IwAR2SpZYygUpW3ptu6bTDIQ-BcRJcBa97sH7WB2L8p7v7ckrb_91B5mfMuqE

Leave a comment