၂၂ မေ ၂၅၆၅ ခုနှစ်
အကြောင်းအရာ – မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြု မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity Cl) စာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာ
ထံသို့ ခရိုင်ဦးစီးမှုးများအားလုံးထံ အသိပေးအကြောင်းကြားခြင်း
၁။ အလုပ်အကိုင်ဦးစီးဌာန၏ ၃၀ ဇူလိုင် ၂၅၆၄ ခုနှစ်တွင် အရေးတကြီးထုတ်ပြန်ချက်စာအမှတ် ၀၃၁၆.၅/ဝ၉၀၁၉ နှင့် ၁၀ ဇန္နဝါရီ၂၅၆၅ ခုနှစ်တွင် အရေးတကြီးထုတ်ပြန်ချက်စာအမှတ် ၀၃၁၆.၅/၁၄၄ အပြင် နိုင်ငံခြားရေးဝန်ကြီးဌနမှ ၂၀ ဧပြီ ၂၅၆၅ .၂ ခုနှစ်တွင်ထုတ်ပြန်သည့်စာအမှတ် ကဒ ၁၇၀၉/၅၄၀ ထိုင်းနိုင်ငံရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးမှ ၄ မေ ၂၅၆၅ခုနှစ် ပေးစာ အမှတ် 1/LAO/Thailand/ 2022(446) မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြုမည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ်(CertificateofIdentityCl)စာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ စခန်း ၅ ခု ဖွင့်လှစ်ခြင်းအကြောင်းကို အလုပ်အကိုင်ဦးစီးဌာနမှ ဝန်ကြီးဌာနရုံးသို့ မြန်မာဘက်ခြမ်းက သံတမန်လမ်းကြောင်းများမှတစ်ဆင့် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြု မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity Cl) စာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်သည် သတ်မှတ်ထားသည့် ရက်ကာလအတွင်း မပြီးပြတ်နိုင်သဖြင့် ပိုမိုထိရောက်မှုရှိစေရန်နှင့် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ရန်အတွက် မြန်မာ ထိုင်းအစိုးရ နှစ်ဖက်သက်ဆိုင်ရာ အေဂျင်စီများတို့ ဆွေးနွေး တိုင်ပင် ကာအဖြေရှာ နိုင်ဖို့ရန်အတွက် အောက်ပါအတိုင်း အကျဉ်းချုံးနိုင်ပါသည်။
၁။ မြန်မာနိုင်ငံအစိုးရဘက်ခြမ်းမှ လုပ်ငန်းစဉ်ပိုမိုလည်ပတ်ဆောင်ရွက်နိုင်ရန် မိုဘိုင်းယူနစ် ဖြင့် အုပ်စု ၃ စု ပံ့ပိုးပေးမည်ဖြစ်ပြီး အဖွဲ့၁ က တောင်ပိုင်းဒေသကိုတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့၂ အလယ်ပိုင်းဒေသ သို့တာဝန်ယူဆောင်ရွက်သွားမည် အဖွဲ့ ၃ က မြောက်ပိုင်းဒေသသို့ တာဝန်ယူဆောင် ရွက်သွားရမည်ဖြစ်သည်။
အဖွဲ့ ၁ နှင့် အဖွဲ့ ၂ သည် အကယ်၍ ဆောင်ရွက်မှုပြီးဆုံးသွားပါက အဖွဲ့ ၃ ထံ သွားရောက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်သည်။
၂။ မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြု မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity Cl) စာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာစင်တာများတင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ် လုပ်ကိုင်ခွင့်ကို ဝန်ကြီးဌာန၏ ၁၃ ဇူလိုင် ၂၅၆၄ ခုနှစ်ထုတ်ပြန်ချက်အရ စီအိုင်ထုတ်ပေးရေး စင်တာတွင်တစ်နေ့လျှင် ၄၅၀ ဦးပြီးစီးအောင်ဝန်ဆောင်မှုပေးရာမှ တစ်နေ့လျှင် ၅၆၀ ဦးပြီးစီးအောင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
၃။ မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြု မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity Cl) စာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာစင်တာများ မြန်မာနိုင်ငံအစိုးရမှ ထိုင်းအစိုးရသို့ တင်ပြအဆိုတင်သွင်းထားသည်မှာ စီအိုင်စင်တာ ဖွင့်လှစ်ထားရှိမှုကို ၂၇ ဇူလိုင် ၂၅၆၅ ခုနှစ်မှ ထပ်ဆင့်အချိန်တိုးမြှင့်ပေးရန်။
အထူးရှင်းလင်းချက်//
ယခင်သဘောတူညီချက်ဖြင့် စီအိုင်စခန်း ၅ ခုကို ၂၇ ဇူလိုင် ၂၅၆၅ ခုနှစ်အထိသာခွင့်ပြုထားပြီး အလုပ်သမားများအနေဖြင့် စာရွက်စာတမ်း ဆောင်ရွက်ခြင်းကို ၁ သြဂုတ်လ ၂၅၆၅ ခုနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ထားရမည်ဟုဆိုသည်။
