ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာကို စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ၊ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကို မီးရှို့ဟုဆို

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာကျေးရွာကို စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာအတွင်းသို့ ယနေ့ည၇နာရီခွဲအချိန်ခန့် စစ်ကောင်စီအင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်လာပြီး အိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများအားလုံး ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူများက ၎င်းတို့၏ ကျေးရွာ မီးတင်ရှို့ခံနေရသည်ကို မြင်နေရကြောင်း ပြောဆိုကြသည်။ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ၄၅ မိနစ် ဝမ်းတွင်းမြို့နယ် ကုလားရွာသို့ ရဲ ၂ ဦး ကင်းလှည့်လာစဉ် WTRF အဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး […]

ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာကို စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ၊ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကို မီးရှို့ဟုဆို

Leave a comment