ဒါဟာ ဇာတ်လမ်း မဟုတ်ခဲ့ဘူး……
လွန်ခဲ့တဲ့ ၂၀၁၈ ဇူလိုင် ၁၁ရက်နေ့ မနက်၁၀နါရီကျော်ဝန်းကျင် မိုးတွေသည်းနေချိန် နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာအနီးမှာ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာခဲ့တယ်။
သေနတ်သံတွေနဲ့အတူ မိန်းကလေးတွေရဲ့ အော်သံ ငိုသံတွေတွေလည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။ ထိုချိန်က တိုက်ပွဲအကြောင်းရာကို ရွာသားများက မသိခဲ့ကြသေး။
မိနစ်အနည်းငယ်ကြာပြီးနောက် သေနတ်သံတွေငြိမ်သွားချိန်မှာ TNLAရဲ့ စစ်မေ၆ယောက်ကို စစ်ကောင်စီ တပ်မ၈၈ လက်အောက်ခံ ခမရ ၃၀၁က ဖမ်းစီးထားမိကြောင်း ရွာသားတွေထံ သတင်းရောက်လာခဲ့ပါတယ်။
စစ်မေတွေကို ကာကွယ်ပေးတဲ့ တပ်သား၁ယောက်လည်း ကျဆုံးသွားကြောင်း ရွာသားများက ကြားသိခဲ့ရပါတယ်။
စစ်မေ ၆ယောက် အဖမ်းခံရပြီး ၃ရက်အကြာ ဇူလိုင်၁၄ရက်မှာတော့ အွယ်လောကျေးရွာတောင်ထိပ်မှာ ဖြစ်သလိုဝတ်ဆင်ထားတဲ့ အဝတ်စားတွေနဲ့အတူ အဲစစ်မေ၆ယောက်ရဲ့ မိန်းမအင်္ဂါတွေလည်း နှိပ်စပ်ခံထားရတဲ့ အရာတွေနဲ့ အလောင်းတွေကို ရွာသားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲစစ်မေ၆ယောက်ရဲ့အလောင်းကို စစ်ဆေးကြည့်ရာမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး နှိပ်စက်သတ်ဖြတ်ခဲ့ရတဲ့ လက္ခဏာတွေနဲ့အတူ ဗိုက်တွေမှာလည်း ဓားရာတွေ တွေ့ရှိခဲ့ရပါတယ်။
အဲစစ်မေ၆ယောက်ဟာ ကျန်မာရေးဌာနကစစ်မေတွေဖြစ်ကြပြီး စစ်သားတွေအပါအဝင် ကျေးရွာသားတွေရဲ့ ကျန်းမာရေးကိုလည်း လိုက်လံပြုစုစောက်ရှောက်ပေးကြသူတွေ ဖြစ်ကြပါတယ်။
ထိုစဉ်က NLDက အစိုးရနေရာယူထားချိန်ဖြစ်ပြီး NLDက စစ်တပ်နဲ့ဆက်ဆံရေးပြေလည်အောင် ကြိုးစားဆောင်ရွက်နေချိန်ဖြစ်ပါတယ်။
တပ်မတော်ဟာ TNLAရဲ့ စစ်မေ၆ယောက် သတ်ဖြတ်လိုက်တဲ့ သတင်းတွေတက်လာချိန်မှာတော့ တိုင်းရင်းသားများကလွဲလို့ စစ်တပ်ရဲ့ကောက်ကျစ်ယုတ်မာမှုကို မခံစားဖူးတဲ့ အများစုဟာ တပ်မတော်ကို အပြစ်မမြင်ကြဘဲ စစ်မေ၆ယောက်နဲ့ TNLAကိုသာ ဝေဖန်ကဲ့ရဲ့ကြတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
အခုတော့ အဲစစ်မေ ၆ယောက်နဲ့ စစ်မေ၆ယောက်အတွက် အသက်ပေးကာကွယ်ပေးတဲ့ တပ်သားတို့အတွက် အရိုးတွေကို မြုပ်နှံပြီး နေရာတစ်ခုမှာ အမှတ်တရအုပ်ဂူပြုလုပ်ခဲ့ပါတယ်။
ဒါတွေဟာ ရုပ်ရှင် ဇာတ်လမ်းမဟုတ်ခဲ့ပါဘူး…
(ခရီးသွားရင်း လေ့လာခွင့်ရခဲ့တဲ့ စစ်မေ၆ယောက်နဲ့တပ်သားတို့ ၁ယောက်ရဲ့ အုပ်ဂူ တစ်နေရာ)
#MAN
#taanggenz
👇👇👇Video ကြည့်ပါ
😤🥺
https://youtu.be/ViMXqhWkcDs
#6
အပြစ်ကျူးလွန်သောရဲဘော်နှင့် တပ်ရင်းမှူး
https://youtu.be/DNL0V6D39fA
#5
TNLA အင်အား ကြီးထွားလာရခြင်းရဲ့ နောက်ကွယ်
https://youtu.be/ZpygdHu0MYI
#4
စခန်းသိမ်းတိုက်ပွဲများ
https://youtu.be/exa8OERAGuw
#3
ညီနောင် ၃ဖွဲ့က စကစငြိမ်းချမ်းရေးပွဲဘာကြောင့် မတက်တာလဲ
https://youtu.be/Mb5bzK_ns_8
#2
ကျွဲကျောင်းတဲ့ကလေးက အဆိုတော်ဖြစ်လာ
https://youtu.be/jzyaYHuBX2c
#1
Gen-Z လူငယ်တွေ ဘယ်လိုတော်သလဲ
https://youtu.be/R0Tn1wyQ5Fk
#0
ချစ်သူ့သစ္စာနှင့် စစ်သားဘ၀
https://youtu.be/hQs9fVDghRU
Thank You for watching🤝🤝
Page မှ နွေးထွေးစွာ ကြိုဆိုပါ၏
