Visa ကြေး 2000 မှ 500 ဘတ်သို့ ပြန်လည်သတ်မှတ်

အလုပ်သမားဝန်ကြီးဌာနမှ ညွန်ကြားရေးမှုး သည်
နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ၏ တင်ပြချက်ကို သဘောတူလက်ခံခဲသည်မှာ
1. အလုပ် လုပ်ခွင့်လက်မှတ်သက်တမ်း 13 ဖေဖော်ဝါရီ 2566 (2023)ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံခြားသားအလုပ်သမားတို့သည် အုပ်စုအားဖြင့် 2 စုရှိပြီး  အုပ်စု ၁ တွင် နေထိုင်ခွင့် အလုပ် လုပ်ခွင့် စီစစ်လျှောက်ထားသည့် အလုပ်သမားများအနေဖြင့် လာမည့် ၁ သြဂုတ်လ 2565(2022) နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်၊၊
ဆက်လက်၍ နေထိုင် အလုပ် လုပ်ကိုင်မည်ဆိုပါက မူလရရှိထားသည့် နေထိုင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းမကုန်ဆုံးမီ သက်တမ်းဆက်ထားရမည်ဖြစ်ပြီး ၁ နှစ်လျှင် တစ်ကြိမ်နှုံန်းဖြင့် 2 ကြိမ် အထိ သက်တမ်း ရရှိကာ 13 ဖေဖော်ဝါရီ 2568(2025) အထိရရှိသွားမည်ဖြစ်သည်။

2.  တရားမဝင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား အလုပ်သမားများဖြစ်ကြသည့်   ကမ္ဘောဒီးယား လာအို မြန်မာ နှင့် ဗီယက်နမ်  ၄ နိုင်ငံသားတို့အား အလုပ်သမား အလုပ်သမားစီစစ်ရေး အလုပ်အကိုင် ဦးစီးဌာနသို့ အွန်လိုင်းမှတဆင့်စာရင်း တင်သွင်းပြီးနောက် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ် လုပ်ကိုင်ခွင့်ကို ၁၃ ဖေဖော်ဝါရီလ 2566 (2023) အထိ ရရှိထားပြီးဖြစ်သည် ထိုအလုပ်သမားအုပ်စုတို့သည် ဆက်လက်၍ နေထိုင် အလုပ် လုပ်ကိုင်မည်ဆိုပါက မူလရရှိထားသည့် နေထိုင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းမကုန်ဆုံးမီ သက်တမ်းဆက်ထားရမည်ဖြစ်ပြီး ၁ နှစ်လျှင် တစ်ကြိမ်နှုံန်းဖြင့် 2 ကြိမ် အထိ သက်တမ်း ရရှိကာ 13 ဖေဖော်ဝါရီ 2568(2025) အထိရရှိသွားမည်ဖြစ်သည်။

3. နေထိုင်ခွင့် ဗီဇာ စစ်ဆေးမှုအတွက် ပြည်ထဲရေးဝန်ကြီးဌာန  လူဝင်မှုကြီးကြပ်ရေးဌာန နှင်သက်ဆိုင်သည့်ဌာန ဆိုင်ရာစုပေါင်းကာ နေထိုင်ခွင့်ဗီဇာအခကြေးကို 2000 ဘတ် မှ 500 ဘတ်အဖြစ် ပြောင်းလဲကျင့်သုံးသွားရမည်။

4. နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် MOU စနစ်ကျင့်သုံးကာ နိုင်ငံခြားသား(မြန်မာ)များကို ဒွန်မောင်းလေဆိပ် သုဝဏ္ဏဘူမိ လေဆိပ်တွင် စာရွက်စာတမ်းစစ်ဆေးခြင်းနှင့် အလုပ်သမားပြည်ဝင်ခွင့် လက်ခံရေးစင်တာ ဖွင့်လှစ်သွားရန်။

လုပ်ငန်းစဉ်တိုင်းတွင် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုသည့် အလုပ်ရှင် လုပ်ငန်းရှင်များအနေဖြင့် အထူးသတိဖို့ရန်လိုအပ်သည် တရားမဝင်နိုင်ငံခြားသားကိုလက်ခံခြင်း အလုပ် လုပ်ခွင်လက်မှတ် သို့ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံခြားသားများကို အလုပ်သမားအဖြစ် ငှားရမ်းအသုံးပြုသည့် အလုပ်ရှင်သည် ပြစ်မှု ပြစ်ဒဏ်ရှိပြီး လက်ခံထားသည့် အလုပ်သမားတစ်ဦးခြင်းစီတွက်ချက်၍ ဒဏ်ငွေအားဖြင့် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်ခြင်းခံရမည်ဖြစ်သည်။
နောက်ထပ်တစ်ကြိမ် ထပ်မံ စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် နိုင်ငံခြားသား အလုပ်သမား ငှားရမ်းအသုံးပြုခြင်းကို  ၃ နှစ်အထိ ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။

နိုင်ငံခြားသားအလုပ်သမားသည်လည်း တရားမဝင် အလုပ် လုပ်ကိုင်မှုကိုစစ်ဆေးတွေ့ရှိပါက ဒဏ်ငွေအားဖြင့် ၅,၀၀၀ မှ ၅၀,၀၀၀အထိချက်မှတ်ခံရမည်ဖြစ်သလို  နိုင်ငံအတွင်းမှ နှင်ထုတ်ခံရပြီး နောက်ထပ်တစ်ကြိမ် ထိုင်းနိုင်ငံသို့ အလုပ်သမားအဖြစ် ပြန်လည်ဝင်ရောက်ခွင့်ကို  ၂ နှစ် တိတိ ပတ်ပင်သွားမည်ဖြစ်သည်။

ကိုကား

https://www.doe.go.th/prd/main/news/param/site/1/cat/7/sub/0/pull/detail/view/detail/object_id/58545

Leave a comment